Tuesday, December 22, 2020

Hinthar News Agency နာယကဆရာတော်ကြီးနှင့် မီဒီယာဝိုင်းတော်သားများက စတုတ္တအကြိမ်မြောက် အလှူငွေးများပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ရှမ်းစုတောင်ရပ်ကွက်ရှိထေရဝါဒ ဗုဒ္ဓဘာသာ တရုတ်နဂါးကျောင်း၊ကျောင်းထိုင်ဆရာတော် အရှင်ဘဒ္ဒန္တ(မဟာသဒ္ဓမ္မဇောတိကဓဇ)HNA၏နာယကဆရာတော်ဘုရား၏လမ်းညွန်လှူဒါန်းနှိုးဆော်တိုက်တွန်းချက်အရ၊HNA (CEO)၏လမ်းညွန်မှုဖြင့်ကချင်ပြည်နယ်သတင်းတာဝန်ခံ ဦးလှနိုင်ဦးနှင့်မီဒီယာဝိုင်းတော်သားများက ၂၀၂၀ခုနှစ်ဒီဇင်ဘာ၂၂ရက်နံနက်၁၀နာရီခွဲအချိန်က မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံးကြီးသို့ Covid 19 ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေ(၇)သိန်းနှင့် PPE(၅)စုံ၊Apron(၅)စုံအားပေးအပ်လှူဒါန်းရာ မြစ်ကြီးနားမြို့အထွေထွေရောဂါကု ဆေးရုံးအုပ်ကြီး ဒေါက်တာ ဦးတင်လှနှင့်ကျန်းမာရေးဝန်ထမ်းများကလက္ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။အလားတူHNA(CEO)ထံအလှူငွေ(၇)သိန်း(၅)သောင်းလွှဲပြောင်းပေး အပ်ရာ(CEO)မှလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်းပေအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ Hinthar News Agency မှပထမအကြိမ်ရခိုင်ပြည်နယ်တိုင်းရင်းသားရေးဘေးဒုက္ခသည်များအားဖေးမကူညီနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား လွှဲပြောင်းလှူဒါန်းပေးနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား အစိုးရအဖွဲ့ဝန်ကြီးများထံ ၂၀၁၇ စက်တင်ဘာ ၉ရက်နံနက်၁၁နာရီအချိန် အစိုးရအဖွဲ့ဝန်ကြီးရုံးတွင် ငွေကျပ်သိန်း(၂၀)အားပေးအပ်လှူဒါန်းခဲ့သည်။ အလားတူ ဒုတိယအကြိမ် ကချင်ပြည်နယ် ၊မြစ်ကြီးနားခရိုင်ဝိုင်းမော်မြို့နယ်၊စမ်းကားကျေးရွာအုပ်စု၊တာစန်းကျေးရွာတွင် ကိုဗစ်ကာလ စားဝတ်ခက်ခဲသောအိမ်ထောင်စု(၅၄)စုအား၊တာစန်းကျေးရွာ ဓမ္မသုခဓမ္မာရုံကြီးတွင် ၂၀၂၀ ဧပြီလ ၂၇ ရက်နေ့က ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်ဥ၊ခရမ်းချဉ်သီး၊ကြက်သွန်နီ၊စသည့်ရိက္ခာ(၇)မျိုးအားထောက်ပံ့လှူဒါန်းပြီး၊ဓမ္မသုခဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်နှင့်ကျောင်းရှိသံဃာများအားတစ်ပါးလျှင်ဝတ္ထူငွေကျပ်(၁၀၀၀၀)နှုန်းဖြင့်ငွေကျပ်(၆၀၀၀၀၀)အားလှူဒါန်းခဲ့သည်။ အလားတူတတိယအကြိမ်အဖြစ်၂၀၂၀ ဧပြီလ ၃၀ရက်နေ့တွင် ဝိုင်းမော်မြို့နယ် ဂျက်ကော်ကျေးရွာရှိ စားဝတ်ခက်ခဲနေသောအိမ်ထောင်စု(၃၅)စုအား ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်သွန်နီ၊ကြက်ဥ၊ခရမ်းချဉ်သီးစသည့်ရိက္ခာ(၇)မျိုးအားထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။ ကျွန်တော်တို့ ယ္ခုလှူဒါန်းမှုဟာ စတုတ္တအကြိမ်လှူဒါန်းခြင်းပါ။(၄)ကြိမ်လုံးလှူဒါန်းတာတာဆိုရင်အားလုံးစုစုပေါင်း သိန်း(၅၀)နီးပါးလောက်ရှိပါတယ်။အမှန်တကယ်လိုအပ်နေတဲ့ဒေသတွေကို အဓိကထားပြီးကျန်တော်တို့HNAမီဒီယာဝိုင်းတော်သားများက တတ်နိုင်သလောက်ထောက်ပံ့ကူညီတာပါ၊ဆက်လက်ပြီး တတ်နိုင်တဲ့ဘက်ကကူညီနိုင်အောင် ကျွန်တော်တို့ဝိုင်းတော်သားများကကြိုးစားဆောင်ရွက်သွားမှာပါဟု Hinthar News Agencyတာဝန်ရှိသူတစ်ဦးကပြောသည်။ ရေမြင်း(မြစ်ကြီးနား)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...