Thursday, June 2, 2016
အယ်ဒီတာထံပေးစာ
သို./
         အယ်ဒီတာ
       ပဲခူးတိုင်းဒေသကြီး
       ပဲခူးမြို.
အကြောင်းအရာ။            ။သိမ်းဆည်းခံလယ်ယာမြေအား လုပ်ပိုင်ခွင့်ပြန်လည်ရရှိရေးကိစ္စ။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို.နယ်၊နတ်သံကွင်းကျေးရွာ အထက်တန်းကျောင်းမြေအဖြစ်သိမ်းဆည်း
ထားသော လယ်မြေများအနက် အဆောက်အဦးလွတ် ပိုလျှံမြေအား တောင်သူများလုပ်ပိုင်ခွင့်ပြုပေးပါရန်
အသနားခံတင်ပြလျှောက်ထားအပ်ပါသည်။
၁၉၉၁ခုနှစ် ၊နတ်သံကွင်းအထက်တန်းကျောင်း ဆောက်လုပ်ရန်အတွက် သိမ်းဆည်းထားသည့် ဧရိယာ
ဧက (၁၆.၈၀)ရှိသည့်အနက် အဆောက်အဦး ဆောက်လုပ်ထားပြီး ကာရံထားသည့် ဧရီယာမှာဧက(၈.၅၀)
ခန်.ရှိပြီး အဆောက်အဦးပိုလျှံသောမြေမှာ(၈.၁၀)ဧကခန်.ရှိပါသည်။
သိမ်းဆည်းစဉ်အခါက အဆောက်အဦးဆောက်ပြီး ပိုလျှံမြေကို တောင်သူများအား ပြန်လည်လုပ်ပိုင်ခွင့်
ပေးမည်ဆိုသော်လည်း တောင်သူများကို လုပ်ပိုင်ခွင့်ချထားပေးခြင်းမပြုဘဲ ဈေးပြိုင်စနစ်ဖြင့် လေလံတင်
သီးစားချထားပေးခဲ့ပါသည်။
တောင်သူများလုပ်ပိုင်ခွင့်ပြန်လည်ရရှိရေးအတွက် ၂၀၁၃/၂၀၁၄/၂၀၁၅ ခုနှစ်များတွင် သုံးနှစ်သုံးကြိမ်
တိုင်တိုင် တင်ပြတောင်ခံပါသောလည်း ရပ်ကျေးနှင့်မြို.နယ်အဖွဲ.စည်းများ၏ ခေါက်ရိုးကျိုးဆုံးဖြတ်ချက်
ကြောင့် တောင်သူများ အနေဖြင့် ကျေနပ်မှုမရှိကြောင်း တင်ပြအပ်ပါသည်။
တောင်သူများ၏လယ်မြေများကို သိမ်းဆည်းစဉ်အချိန်က ထိုက်သင့်သောတန်ဘိုးငွေ နစ်နာကြေးများ
မရရှိပါသဖြင့် ယ္ခုပိုလျှံသော မြေးအားတောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကြည့်ရှုသောအားဖြင့်
မေတ္တာတရားရှေ့ထား စဉ်းစားဆုံးဖြတ်ပေးနိုင်ပါရန် ဦးညွန်.ဝေ၊၇/ကကန(နိုင်)၀၃၀၃၀၉၊တံခွန်တိုင်၃/က
ပါ(၄)ဦး တို.မှပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ထံတင်ပြလျှောက်ထားအပ်ပါသည်။
ဦးညွန်.ဝေ၊
၇/ကကန(နိုင်)၀၃၀၃၀၉၊
တံခွန်တိုင်၃/က
No comments:
Post a Comment
စိတ်ထားပြောင်းကြဘို့လိုပြီ
၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...