Friday, December 25, 2020

ညီမလေး အေးသောင်းနဲ့ သဘာဝတရား

အချစ်စစ်ရောင်းတဲ့ဆိုင်ရှိရင်၊ကျွန်မအသဲနှစ်လုံးနဲ့လဲပြီးဝယ်ချင်ပါတယ်ရှင့်၊ချစ်တတ်တဲ့ အသဲနှစ်လုံးစစ်လေးပါ၊တသက်တာ၊အာမခံချက်လဲပါပါတယ်ရှင့်၊Aye Wutyi Taung. မအေးသောင်း၊ညီမလေး မအေးသောင်းက ၎င်း၏ Facebook စာမျက်နှာတွင်ဖော်ပြထားတာဖတ်ရပါတယ်။ ဒါကြောင့်စာချစ်သူအားလုံး သဘာဝတရားအမှန်ကိုနားလည်အောင်၊စာရေးသူအနေဖြင့် ဤဆောင်းပါးကိုရေးလိုက်ရခြင်းဖြစ်ပါတယ်၊ညီမလေး မအေးသောင်းအနေ နဲ့သဘာဝတရား၊လူ့စိတ်ထားတွေကို သိထားဘို့တော့လိုပါတယ်၊လက်လွှတ်လိုက်ရတာအားလုံးကို၊ဆုံးရှုံးခြင်းလို့လဲတွက်မထားသင့်လို့ပါ၊ကိုယ်ဟာသူနဲ့မထိုက်တန်လို့ ဖြစ်နိုင်သလို သူဟာလဲကိုယ်နဲ့ မထိုက်တာလို့လဲဖြစ်နိုင်တာတွေ ရှိတတ်ပါတယ်၊ပြီးပါပြီလို့ စာတန်းထိုးထားတဲ့အခါ၊လာရာလမ်းအတိုင်းလည်း ပြန်ရဲတဲ့သတ္တိကိုမွေး ထားဘို့လိုပါတယ်၊မရှိတော့တာတွေကို သတိရနေသေးသမျှ၊ဖြစ်ပေါ်ခဲ့တဲ့ဒါဏ်ရာတွေကကျက်သွားမှာမဟုတ်ဘူး။အချိန်ဟာအားလုံးကို ကုစားပေးနိုင်တယ်ဆိုတာဟာ၊ လူတွေကိုသက်သက်ညာပြောနေသလိုပါပဲ၊ကိုယ့်ကိုယ်ကိုမကုစားနိုင်သေးသ၍ ကိုယ်စိတ်ကို မဆုံးမနိုင်သေးသ၍၊ကိုယ့်ကိုယ်ကိုယ်မပြောင်းလဲနိုင်သေးသ၍ ဘဝဟာ၊ဘာမှ ထူးပြီးဖြစ်မလာနိုင်ပါဘူး၊အမှတ်တရတိုင်းဟာလဲ အမြဲတန်းအမှတ်ရနေဖို့၊မကောင်းပါဘူး၊ဘာကြောင့်လဲဆိုတော့တချို့အမှတ်တရတွေက၊အမှတ်ရနေသူကိုသေစေနိုင်လို့ပါ။ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးပါ၊"အတ္တသမားပေမဲ့နတ္ထိ"ဆိုတဲ့စကားလဲအရှိသားပါ၊ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တယ်ဆိုရင်၊ကိုယ့်ကိုယ်နာကျင်စေတဲ့အမှတ်တရတွေကို၊ ပြန်ပြန်မတွေးမိပါစေနဲ့၊လူတွေဟာ ကိုယ့်ကိုယ်ကိုပဲနားအလည်းဆုံးပါ၊ကိုယ့်ခံစားချက်ကို၊ကိုယ်လောက်ဘယ်သူမှနားမလည်နိုင်ပါဘူး၊ကိုယ့်ဘဝရဲ့ အကောင်းအဆိုးကို အတွင်းကျကျ၊ပိုင်ပိုင်နိုင်နိုင် သိထားတာကကိုယ်ပဲရှိပါတယ်၊အခြားသူတွေက မသိနိုင်ပါဘူး ပြန်ပြောလို့မကောင်းတဲ့အတိတ်တွေ၊လူတိုင်းမှာရှိကြပါတယ်၊တယောက်ယောက် ရဲ့ရှေ့မှာ ငိုချပြီး၊ ပြောပြလိုက်ရုံနဲ့လဲ၊တချို့အရာတွေက သက်သာမလာပါဘူး၊ဒါတွေကိုသိထားရင်၊တယောက်ယောက်အနားမှာ အမြဲရှိနေမှာဘဲဆိုတဲ့၊မျှော်လင့် ချက်တွေကိုမထားသင့်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့၊လူတချို့ဟာ၊ပြောင်းလဲမသွားဘူး၊ပြေးထွက်မသွားဘူးလို့လဲ၊ဘယ်တော့မှပုံသေတွက်မထားသင့်ပါဘူး၊မသေခင်ကထဲက၊စွန့်လွှတ်လိုက်ရတာတွေရှိသလို အသက်ရှင်နေပါလျှက်လဲ၊ပိုင်ဆိုင်ခွင့်မရတော့တာတွေရှိပါတယ်၊အချစ်စစ်နဲ့ ချစ်နေကြလဲဘဲ၊ရေစက်ရှိသလောက်သာချစ်နေရပြီး၊ဝဋ်ကြွေးရှိသလောက်တော့ပေးဆပ်ကြရ မှာပါ၊တခါတလေ ဆွဲထားရင်းနဲ့ပင်ပန်းရတာတွေရှိပါတယ်၊မျှော်လင့်ထားလို့၊နာကျင်ရတာတွေလဲရှိတယ်၊နားလည်ဘို့ကျိုးစားရင်းနဲ့ဝေးသွားရတာတွေလဲရှိတယ်၊ အရမ်း၊ကိုယ်ကသဲသဲလှုပ်ချစ်ပြလိုက်လို့၊အနားကပြေးထွက်သွားတာတွေလဲရှိပါတယ်၊ဘဝဆိုတာ ပုံသေတွက်ထားလို့မ မရတာမို့၊အချစ်စစ်ကို အသဲနှစ်လုံးနဲ့ဝယ်ယူ ထားပေမယ့်၊ပုံသေတွက်ထားလို့တော့ မရပါဘူး။ အဲဒါကြောင့်လောကဓံရဲ့ သဘောသဘာဝတွေကိုနားလည်းစွာနဲ့ ချစ်တတ်ကြရမှာပါ၊ထာဝရသဘောဆိုတာပုံသေတွက်ချက်လို့မရတာတွေကို သိရှိကြရမှာပါ၊ ဒါပေမယ့် ချစ်တဲ့စိတ်ဟာ၊ဘယ်လောက်ပဲ စစ်မှန်ပါတယ်လို့ဆိုဆို မေတ္တာစိတ်လောက်တော့ မမွန်မြတ်ပါဘူး၊မေတ္တာစိတ်ကအေးမြတယ်၊ချစ်တဲ့စိတ်ကပူလောင်စေ ပါတယ်၊ချစ်တာကပူလောင်တယ်၊မေတ္တာကအေးမြတယ်၊ချစ်တဲ့စိတ်မှာ၊မုန်းသွားမှာကြောက်တဲ့၊ပူပန်မှုသဘောတွေရှိနေတတ်ပါတယ်၊မေတ္တာမှာတော့ အေးမြတဲ့စိတ်ပဲရှိပါ တယ်၊ချစ်တဲ့စိတ်ဟာ၊မတည်မြဲမခိုင်ခန့်တတ်တဲ့သဘောမို့၊ဘယ်လောက်ပဲအချစ်စစ်နဲ့ချစ်ပါတယ်ဆိုပေမယ့်၊တနေ့နေ့တချိန်ချိန်၊အကြောင်းတခုခုကြောင့်၊အမုန်းဆိုတဲ့စိတ် ဓါတ်တွေဖြစ်ပေါ်လာနိုင်ပါတယ်၊မေတ္တာသဘောလောက်မခိုင်မာပါဘူး။ ချစ်တယ်ဆိုတဲ့စိတ်ဟာ၊ဘယ်လောက်စစ်မှန်တယ်ပြောပြော၊လူကိုချစ်တာလား၊ကိုယ်ခန္ဓာကိုချစ်တာလား၊ပညာအရေချင်းကိုချစ်တာလား၊ရုပ်လှတာကိုချစ်တာလား။ စိတ်လှတာကိုချစ်တာလားဆိုတာ၊သေချာအောင်မသိနိုင်ပါဘူး၊အရွယ်ငယ်တာကို ချစ်တာဆိုရင်၊ကြီးသွားရင်ပြောင်းလဲသွားနိုင်ပါတယ်၊နူပျိုတာကိုချစ်တယ်ဆိုရင်၊ ရင့်ရော်သွားတဲ့အချိန်ပြောင်းလဲသွားနိုင်ပါတယ်၊မေတ္တာဆိုတဲ့သဘောကျတော့၊သူရဲ့အလိုကို အတတ်နိုင်ဆုံးလိုက်လျှောတဲ့စိတ်ဖြစ်တယ်၊သူရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေ တဲ့စိတ်ဖြစ်တယ်၊သူ့ရဲ့အပြောမှား၊အဆိုမှားကိုခွင့်လွှတ်တဲ့စိတ်ဖြစ်တယ်၊သူဆီကဘာကိုမှရယူခံစားလိုတဲ့ဆန္ဒမရှိတဲ့စိတ်ဖြစ်တယ်၊သူရဲ့ဘယ်လိုတုံ့ပြန်မှုကြောင့်မှမတုန် လှုပ်တဲ့စိတ်ဖြစ်တယ်၊ပုဂ္ဂိုလ်ခွဲခြားမှုမရှိတဲ့စိတ်ဖြစ်တယ်၊မှန်ကန်ရိုးသားသန့်ရှင်းအေးချမ်းတည်ငြိမ်တဲ့စိတ်ဖြစ်တယ်။ အဲဒါကြောင့် မေတ္တာစိတ်ဟာ၊မှန်ကန်တဲ့စိတ်ဖြစ်တယ်၊ကောင်းမြတ်တဲ့စိတ်ဖြစ်တယ်၊အန္တရာယ်မရှိတဲ့စိတ်ဖြစ်တယ်၊အပြစ်ကင်းတဲ့စိတ်ဖြစ်တယ်၊အကျိုးပြုတဲ့စိတ် ဖြစ်တယ်၊ကိုယ်သက်သာမှုရစေတဲ့စိတ်ဖြစ်တယ်၊ကိုယ်သူနဲ့ပတ်သက်ပြီး၊သူ့အပေါ်ကိုယ့်ဖက်က မေတ္တာစိတ်တွေနဲ့ဆက်ဆံပြီး၊သူဆီက၊ဘာကိုမှ၊တုံ့ပြန်မျှော်လင့်တဲ့စိတ်၊ မျှော်မှန်းတဲ့စိတ်၊တောင်းတတဲ့ဆန္ဒလုံးဝမရှိတဲ့စိတ်နဲ့၊ဆက်ဆံတာတွေထားရှိတယ်ဆိုရင်၊အဲဒီဆက်ဆံမှုကြောင့်ကိုယ့်ရဲ့စေတနာကိုဖြစ်စေ၊ကိုယ့်ရဲ့သူ့အပေါ်၊အနစ်နာခံမှု ကိုဖြစ်စေ၊အထင်လွဲမှုကိုဖြစ်စေ၊အမြင်မှားမှု၊တန်ဖိုးမထားမှု၊လစ်လျူရှုမှု၊ရန်လိုမှုတွေ၊ပြုလုပ်ပြောဆို လုပ်ကိုင်လာတဲ့အခါ၊ပူလောင်တဲ့စိတ်၊ခက်ထန်တဲ့စိတ်၊လှုပ်ရှားတဲ့ စိတ်၊ပင်ပန်းတဲ့စိတ်၊ဆင်းရဲတဲ့စိတ်မျိုးတွေဖြစ်ပေါ်မလာနိုင်ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့၊သူ့အပေါ်ထားတဲ့ကိုယ့်ရဲ့ မေတ္တာစိတ်ဟာ ၊ထားရှိစမှာသာသူနဲ့ပတ်သက်ပြီး၊ ကိုယ့်မှာအနည်းငယ် အခံရခက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် မေတ္တာစိတ်ခိုင်မာလာတာနဲ့အမျှ သူ့အပေါ်သီးခံခွင့်လွှတ်တဲ့စိတ်တွေ၊တည်ငြိမ်လာတယ်၊ပူလောင်တဲ့အရှိန်တွေ အေးလာတယ်၊လျစ်လျူရှုတဲ့စိတ်တွေအား ကောင်းလာတယ်၊ခက်ထန်တဲ့စိတ်တွေ နူးညံ့လာတယ်၊ပြင်းထန်နေတဲ့စိတ်တွေပျော့ပြောင်းလာတယ်၊အဲဒါကြောင့် ညီမလေး မအေးသောင်း အနေနဲ့အချစ်စစ်ရောင်း တဲ့ဆိုင်ရှိရင် အသဲနှစ်လုံးနဲ့လဲပြီးဝယ်မဲ့အစား၊တသက်တာအာမခံချက်ပေးနိုင်မဲ့၊အချစ်စစ်တဲ့ပိုပြီးသာလွန်တဲ့၊မေတ္တာစစ်နဲ့ကိုယ့်အပေါ်မှာ နားလည်ခွင့်လွှတ်ပေးနိုင်မဲ့သူကို၊ စိတ်ကူးယဉ်ခံစားချက်တွေကိုဘေးဖယ်ပြီး၊ဦးနှောက်နဲ့သာဘဝကျကျဆုံးဖြတ်ပါ၊အဲဒါမှသာ ဘဝတသက်တာမှာတစ်ဦးနဲ့တဦးနားလည်ခွင့်လွှတ်မှုတွေအပြည့်အဝနဲ့၊တ သက်တာလက်တွဲဖော်အဖြစ်နဲ့၊နေထိုင်နိုင်သွားမှာဖြစ်ပါတယ်၊အချစ်စစ်ကို အသဲနှစ်လုံးနဲ့မဆုံးဖြတ်ဘဲ၊မေတ္တာစစ်ကိုဦးနှောက်နဲ့ရွေးချယ်နိုင်ပါစေလို့ ညီမလေး မအေး သောင်းအတွက် ဘဝတသက်တာ သာယာရေးအတွက်ရည်ရွယ်ပြီး၊ရွေးချယ်တတ်ပါစေလို့ ဆန္ဒပြုလိုက်ပါ တယ်။ ဓာတ်ပုံ ညီမလေး မအေးသောင်း၏ Facebook မှယူ၍ဖော်ပြခြင်းဖြစ်ပါသည်။ညီမလေး မအေးသောင်း ခွင့်ပြုမည်ဟုယူစမိပါသည်။ စာပေသစ္စာဖြင့် ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...