Sunday, December 20, 2020

လူတိုင်း လုံခြုံ ရေး သတိ အမြဲရှိစေခြင်

လုံခြုံရေးနှင့်ပတ်သက်၍ သတင်း၊ ဂျာနယ်အများအပြားတွင် မကြာခဏသတိပေးရေးသားဖော်ပြပေးနေတာကို ဖတ်ရှုရပါတယ်။ လုံခြုံရေးကိုကိုယ်တိုင်ထိန်းသိမ်းရမှန်း သတိမမှုမိ၍ အသက်သေဆုံးရှုံးရမှု၊ အဓမ္မပြုကျင့်ခံရမှု၊ရွှေ၊ငွေ၊ပစ္စည်းအလုခံရမှုနှင့် ခိုးယူခံရမှုများ မကြာခဏပေါ်ပေါက်နေသည်ကို သတင်းစာ၊ ဂျာနယ်များတွင်ဖော်ပြပေးနေတာတွေ့ရပါတယ်။ မကြာသေးမှီက ရှမ်းပြည်နယ်(မြောက်ပိုင်း၊သီပေါမြို.နယ်၊မန်နောင်ကျေးရွာတွင်အသက်(၆)နှစ်အရွယ်မိန်းကလေးတစ်ဦးဒီဇင်ဘာ၉ရက်ညနေ၅နာရီခန်.ကရွာအတွင်းသွားလာရာမှ ပျောက်ဆုံးသွား၍အတူနေရွာသားများကအလုပ်ရှိရာသို့မသွားဘဲစုပေါင်းအင်အားဖြင့်မိသားစုနှင့်အတူဝိုင်ဝန်းရှာဖွေးခဲ့ရာဒီဇင်ဘာ၁၁ရက်နေ.တွင်ရွာအနီးရှိရေမရှိသောမြောင်းတစ်ခု အတွင်းသေဆုံးလျှက်ရှိနေသည်ကိုတွေ.ခဲ့ရသည်၊အခင်းဖြစ်နေရာသည်သီပေါမြို့မရဲစခန်းနှင့်အလှမ်းအလှမ်းဝေးပြီး၊လုံခြုံရေးအခြေနေအရရဲတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးရန်အခင်း ဖြစ်နေရာဖြစ်သောကြောင့်ကျေးရါာလူကြီးများနှင့်ရွာသူရွာသားများကအလောင်းကိုစစ်ဆေးသောအခါမိန်းမအင်္ဂါမှာဒဏ်ရာရရှိလျက်လည်ပင်းညှစ်သတ်ခံရမှုကြောင့်လည်းပင်းတွင်ညိုမည်း ဒဏ်ရာရရှိထားသည်ကိုတွေ.ရသဖြင့်ကျေးရွာလုံခြုံရေးအဖွဲ့ဝင်များနှင့်ကျေးရွာသူကျေးရွာသားများကရွာအ၀င်/အထွက်မှအစထူးခြားလှုပ်ရှားမှုများကိုအခြေခံ၍စုံစမ်းခဲ့ကြရာအခင်းဖြစ်ပွားသည့် ကျေးရွာအနီးရှိဝမ်ရှိုကျေးရွာတွင်နေထိုင်သောအိုက်စော်(၃၀)နှစ်ကိုမသင်္ကာ၍ဖမ်းဆီးစစ်ဆေးခဲ့ရာမုဒိမ်းကျင့်ပြီးလူသတ်မှုကျူးလွန်လွန်မိကြောင်းဝန်ခံခဲ့သည်။ယ္ခုဖြစ်စဉ်တွင်ရွာသူရွာသားများ၏ စည်းလုံးညီညွတ်သောအားထုတ်မှုကြောင့်မုဒိမ်လူသတ်မှုကျူးလွန်သူကငြင်းဆန်မရ၍၀န်ခံသည်အထိရွာသားများဘက်ကကြိုးစားခဲ့ရကြောင်းသိရသည်။ကလေးမိဘများလုံခြုံးရေးသတိပြုသင့် သည်ဟုယူစမိပါသည်။ ဒုတိယဖြစ်စဉ်၊ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးတက္ကသိုလ်အတွင်းရှိQuarantine Center တွင်Quarantine၀င်နေသည့်အသက်(၃၃)နှစ်အရွယ်အမျိုးသ္မီးတစ်ဦးအခန်းအတွင်းဘုရားဝတ်ပြုနေ စဉ်နိုဝင်ဘာ၂၉ရက်ညတွင်အမည်မသိအမျိုးသား(၁)ဦးကအခန်းတွင်းဝင်ရောက်လာပြီးလည်ပင်းဓားထောက်၍အသက်အန္တရာယ်ခြိမ်းခြောက်ကာအလိုမတူဘဲသားမယားအဖြစ်အဓမ္မပြုကျင့်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။ယင်းအဓမ္မပြုကျင့်မှုတွင်သံသယရှိသည့်အမျိုးသားတရားခံအားတောင်ကြီးမြို.မရဲစခန်းတွင်၊ရာဇသတ်ကြီးပုဒ်မ၃၇၆ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြန်မာနိုင်ငံဒေသအသီးသီးမှအရပ်ဘက်အဇွဲ့စည်းများကလည်းကန့်ကွက်ရှုပ်ချကြောင်း၊နိုဝင်ဘာ ၃၀ရက်တွင်းသဘောထားထုတ်ပြန်ခဲ့သည်။အဆိုပါဖြစ်စဉ်မှာ လုံခြုံရေးကို ဂရုမပြုမိသည့် အမှားကိုလူတိုင်း သတိမူမိစေရန် အကြံပြုတင်ပြခြင်းဖြစ်ပါသည်။ တတိယဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို.နယ်တွင်၊ဒီဇင်ဘာ ၅ရက်ညနေပိုင်းက ရေချိုးအ၀တ်လှန်းနေသည့်၊အသက်၂၀အရွယ် အမျိုးသ္မီးကို အဓမ္မကြံစည်သည်ဆိုသော စွတ်စွဲချက် ချက်ဖြင့်၊ရဲအရာရှိကို၊ကာယိအိနြေ္ဒပျက်ပြားစေမှု အပါအ၀င်ပုဒ်မ(၄)ခုဖြင့်၊ဒီဇင်ဘာ(၈)ရက်နေ့တွင်အမှုဖွင့်တိုင်ကြားခံထားရခြင်းဖြစ်သည်။အဆိုပါ အဓမ္မကြံစည်သည်ဟုဆိုသော ရဲအရာရှိမှာ ၊ညောင်ဦးမြို.၊တောင်စဉ်ကျေးရွာအုပ်စု၊ရဲစခန်းမှနယ်ထိန်း၊ရဲအရာရှိဖြစ်ပြီး၎င်းအား ရာဇသတ်ကြီးပုဒ်မ ၄၄၈/၃၅၄/၂၉၄/၃၂၃တို.ဖြင့်အမှုဖွင့်ခံထားရသည်။အမျိုးသ္မီးများ လုံခြုံရေးကို သတိမူမိစေရန် အကြံပြုတင်ပြခြင်းဖြစ်ပါသည်။ ရှိပါသေးသည် လွန်ခဲ့သည့်နှစ်များကပဲခူး၊ တိုက်ကြီးနယ်မြေတွင် မိခင်ဖြစ်သူက(၁၄)နှစ်အရွယ် ပဉ္စမတန်းကျောင်းသူအား ညအချိန်မတော် ရွာဦးဘုန်းတော်ကြီးကျောင်းသို့ VCDခွေသွားရောက်ပို့ခိုင်းခဲ့ရာ ညအချိန် အမျိုးသားတစ်ဦးမှ ခြိမ်းခြောက်ခေါ်ဆောင်သွားပြီးသားမယားအဖြစ်အဓမ္မပြုကျင့်ခံလိုက်ရ၏။ အသက် အန္တရာယ်မပြု၍တော်သေးသည်ဟုဆိုရပေမည်။ အဓမ္မပြုကျင့်ခံရသူမိန်းကလေးမှာလုံလောက်သောအကာအကွယ်ပေးနိုင်သူမပါရှိဘဲမကောင်းမှုကိုပြုနိုင်စွမ်းရှိသည့် ညအချိန်တွင် အဖော်မဲ့သွားမိခဲ့၍ မဖြစ်သင့်ဘဲအဓမ္မပြုကျင့်ခံလိုက်ရမှုမှာ လုံခြုံရေးသတိပျက်ကွက်မှုဟု သုံးသပ်အဖြေထုတ်နိုင်ခဲ့ပါသည်။အဓမ္မပြုကျင့်ခံရသူကို အပြစ်ပြောခြင်းမဟုတ်ပါ။ လုံခြုံရေးကို ဂရုမပြုမိသည့် အမှားကိုလူတိုင်း သတိမူမိစေရန် အကြံပြုတင်ပြခြင်းဖြစ်ပါသည်။ ရှိပါသေးသည်- လွန်ခဲ့သည့်နှစ်များက တနင်္ဂနွေနေ့၊ နံနက်(၈)နာရီ အချိန်၌ကျောက်တံတားမြို့နယ်၊ လမ်း(၄၀)အလယ်လမ်း၊စုပေါင်းလူနေတိုက်၏အထပ်မြင့်(၇)လွှာတွင်နေထိုင်သော အမျိုးသမီးကြီးတစ်ဦးသည်ဈေးသို့သွားရန်လှေခါးမှအဆင်း လူငယ်တစ်ဦးက သံတုတ်ဖြင့်ရိုက်ပြီးရွှေဆွဲကြိုးလုယူမှုခံလိုက်ရကြောင်း အရိုက်ခံရသူမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ လုယက်မှု ကျူးလွန်သူ လူငယ်သည်အချင်းဖြစ် တိုက်ရှေ့တွင် မကြာခဏထိုင်နေသည်ကိုတွ့ခဲ့ဘူးကြောင်း၊ ပတ်ဝန်းကျင်၏ပြောပြချက်အရ သိရှိရ၏။ အရိုက်ခံရသူ အမျိုးသမီးမှာသဆုံးခြင်းမရှိ၍တော်သေးသည်ဟုဆိုရပေမည်။ ထိုဖြစ်စဉ်ကိုလ့လာသောအခါ လုံခြုံရေးအမြင် အားနည်းမှုရှိကြောင်းသတိထားမိခဲ့သည်။ လုံခြုံရေးဆိုင်ရာတွင်လူတစ်ဦး၏အမြဲအလုပ်အရ ပုံကျနေသော လှုပ်ရှားမှုကိုပြောင်းလဲကျင့်သုံးရန် သတိမပြုမိခြင်းသည် လုံခြုံရေးကို အားနည်းစေနိုင်ကြောင်းသတိပြုသင့်ပါသည်။ထိုနေ့ကပြစ်မှုကျူးလွန်သူသည်နံဘေးရှိနေအိမ်ခန်းများမှအကူအညီ မပေးနိုင်ရန်နေအိမ်ခန်းများ တွင် ပိတ်ထားသော တံခါးရွက်များ၏ အပြင်ပတ္တာကန့်လန့်ကိုကြိုတင်ထိုးထားပြီးမှ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထပ်မံသိရှိရသည်။သို့ဖြစ်ပါ၍ဒုစရိုက်မှုကျူးလွန်သူ များသည် ၄င်းတို့ကျူးလွန်မည့်ဒုစရိုက်လုပ်ငန်းများအားအောင်မြင်စွာကျူးလွန်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်းလ့လာသိရှိရ၏။လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခဲ့၍ ဒုစရိုက်သမား၏ကျူးလွန်မှုကိုခံလိုက်ရသည်ဟုပြောဆိုလျှင်နစ်နာသူဘက်က စိတ်မဆိုးသင့်ပါ။ ထိုအဖြစ်မျိုး မကြုံတွေ့နိုင်စေရန်နောင်အခါတွင်လုံခြုံရေးအမြင်ဖြင့် ကြိုတင်ကာကွယ်မှုပြုလုပ်မိစေရန် အကြံပြုခြင်းသာဖြစ်ပါသည်။ အခြားဖြစ်ရပ်တစ်ခုမှာအမှုဖွင့်တိုင်ကြားခြင်းမရှိသောပြစ်မှုကျူးလွန်ခံရမှုဖြစ်ပါသည်။ရွှေဘုံသာလမ်းတွင်ရွှေထည်ပစ္စည်းရောင်းဝယ်မှုပြုသော အမျိုးသမီးတစ်ဦးသည်ပုံမှန်အချိန်ဖြင့်နေ အိမ်သို့ပြန်နေကျအတိုင်း အဖော်မပါဘဲနေအိမ်ရှိရာသို့ပြန်ခဲ့သည် ဆို၏။ထိုအမျိုးသမီးသည် မြို့လယ်မြို့နယ်တစ်ခုတွင်နေထိုင်သူဖြစ်ပြီး ၄င်းနေထိုင်သည့်အိမ်မှာစုပေါင်းလူနေတိုက်ခန်း၏ ပထမထပ်ဟု ဆိုသည်။ ပုံမှန်အချိန်အတိုင်းနေအိမ်သို့ပြန်လာစဉ်လူလတ်ပိုင်းအရွယ်နှစ်ဦးကရွှေဆိုင်ပိုင်ရှင် အမျိုးသမီး၏နောက်မှကပ်၍လှေကားအတိုင်းတက်လိုက်ခဲ့သည်ဆို၏ ။ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကအိမ်ခန်းထဲသို့ဝင်ရန်အိမ်တံခါးသော့ဖွင့်နေစဉ်နောက်မှကပ်လိုက်လာသူက အမျိုးသမီး၏မျက်နှာကို ရိုက်နှက်၍ ပိုက်ဆံအိတ်ကိုလုယူခဲ့၏။ အမျိုးသမီးက အရိုက်ခံနေရသည့်ကြားမှ ရှိသမျှအင်အားဖြင့် ခုခံပြီး ပတ်ဝန်းကျင်သို့အော်ဟစ် အကူအညီတောင်းခံခဲ့၍ လုယူသော ပိုက်ဆံအိတ်ကိုပင် မယူနိုင်တော့ဘဲထွက်ပြေးသွားခဲ့ကြ၏။ အရိုက်ခံရသူ အမျိုးသမီး၏ မျက်နှာပြင်တစ်ခုလုံး ဖူးရောင်ဒဏ်ရာရရှိခဲ့သည်ဆို၏။ တစ်ခုကံကောင်းသည်မှာရွှေထည်ပစ္စည်းရာင်းဝယ်သူ အမျိုးသမီးက အိတ်ထဲတွင်ရွှေထည် ပစ္စည်းများကိုမထည့်ဘဲငါးဆင့်ချိုင့်ထဲတွင်ရွှေထည်များကို ထည့်သွင်းသိုဝှက်၍ပုံဖျက်ယူဆောင်ခဲ့သဖြင့်ဒုစရိုက်သမားနှစ်ဦးမှာသာမန်ထမင်းချိုင့်ဟုထင်ပြီး အမိအရ လုမပြေးခဲ့ဟု ဆိုပါသည်။ ထိုဖြစ်ရပ်ကို နစ်နာသူက အမှုဖွင့်တိုင်ကြားခြင်း မပြုခဲ့ဟု သိရ၏။ လုယက်ခံရသူ အမျိုးသမီးမှာပစ္စည်းလုံခြုံရေးကို ကြိုတင်ပြင်ဆင်သတိပြုဆောင်ရွက်ခဲ့၍ ပစ္စည်းများ ဆုံးရှုံးမှုမကြုံရခြင်းဖြစ်ပါသည်။ သို့သော် လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ဂရုတစိုက် မပြုမိဘဲ ပုံကျနေသော လှုပ်ရှားမှုအချိန်မှန်ဖြင့် အိမ်သို့ပြန်လာမိ၍ လုယက်မည့် ဒုစရိုက်သမား၏ ကြံစည်လုပ်ဆောင်မှုကို ကြုံလိုက်ရခြင်းဖြစ်သည်ဟုယူဆမိပါသည်။သို့ဖြစ်၍တန်ဖိုးရှိပစ္စည်းများနှင့်အတူခရီးသွားလာလျှင်ပစ္စည်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုပြုသင့်ပါသည်။အဖော်ခေါ်ယူခြင်း၊အစောင့်လိုက် ပါစေခြင်း၊အကြို/အပို့ပြုလုပ်စေခြင်းပြုသင့်ပါသည်။ ပစ္စည်းနှင့်အတူလှုပ်ရှားသွားလာရသည့်အခါ လူပုဂ္ဂိုလ်လုံခြုံရေးကိုပါ တစ်ပြိုင်နက်တည်း သတိပြုသင့်ပါသည်။ လုံခြုံရေးဟူသည် လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါသည်။ လူတစ်ဦးချင်းမှနိုင်ငံတော်အဆင့်အထိ ဦးစားပေးဆောင်ရွက်ရသော ကြိုတင်ကာကွယ်ရမှုဖြစ်ပါသည်။ လူသည်စားဝတ်နေရေးနှင့်လူမှုဆက်ဆံရေး အပူသောကများကြောင့်လုံခြုံရေးအမြင်လျော့နည်းပျက်ကွက်တတ်ပါသည်။ လုံခြုံရေးကို အထူးတလည် ဦးစားပေးနေရသော ဌာနများတွင်ပင် လုံခြုံရေးကျိုးပေါက်မှု မဖြစ်စေရန် လုံခြုံမှုကာကွယ်စစ်ဆေးခြင်းကိုမကြာခဏပြုလုပ်၍ သတိတရားကြွမှုရှိစေရန်ပြင်ဆင်ဆောင်ရွက်ကြရပါသည်။ လုံခြုံရေးဟူသည်နေ့စဉ်လှုပ်ရှားနေရသော လူမှု့သောကများကြောင့်ဖြစ်စေ၊နေ့စဉ်ပြုမြဲလုပ်ငန်းတွင် အန္တရာယ်မကြုံရ၍ဖြစ်စေ၊ပေါ့ပေါ့ဆဆ သဘောထား တတ်သည်မှာသဘာဝပင်ဖြစ်ပါသည်။ လုံခြုံရေးသည် လူတိုင်း၊ မိသားစုတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း၊နိုင်ငံဝန်ထမ်း တိုင်းအတွက် အထူးလိုအပ်ချက်ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ပြည်သူ့ဘ၀လုံခြုံရေးတာဝန်ကိုထမ်းဆောင်နေရသော ရဲတပ်ဖွဲ့သည်လူတိုင်း၊ကျေးရွာ၊ရပ်ကွက်တိုင်း၊မြို့နယ်တိုင်း၌နေရာအနှံ့ဖြန့်ကျက်၍ကွက် လပ်မရှိစောင့်ရှောက်ရန်မှာ အခက်အခဲရှိတတ်ပါသည်။ အချင်းဖြစ်ပွားရာသို့အလျင်အမြန်ရောက်ရှိစေရန်နှင့် လိုအပ်သည့်နေရာတွင် ကြိုတင်ကာကွယ်မှုကိုသာပြုလုပ်ပေးနိုင်ပါသည်။ သို့ဖြစ်၍ ညအချိန်ကာလမရွေး၊ မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် လှုပ်ရှားနေရသည့်ပြည်သူပြည်သားအားလုံး အနေဖြင့် မိမိ၏လုံခြုံရေးကို ပထမဦးစားပေး လုပ်ငန်းအဖြစ်လေ့လာ၍ပြင် ဆင်မှုပြုလုပ်ပေးသင့်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။ စာပေသစ္စာဖြင့် ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...