Wednesday, November 25, 2020

မိုင်းနှင့် စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကိုးလအတွင်း ကလေး ၁၃ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၄ မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၃ ဦးသေဆုံးပြီး ၅၆ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း UNICEFက နိုဝင်ဘာလ ၂၃ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နိုဝင်ဘာလ ၁၇ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ကလေး ငယ်တစ်ဦးနှင့် ၎င်း၏ မိဘနှစ်ပါး သေဆုံးကာ အခြားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ရပ်နှင့် ပတ်သက် သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ပဋိပက္ခအတွင်း ပိတ်မိနေခဲ့ကြသူ ကလေးငယ်များအားလုံးအတွက် စိတ်မကောင်းဖြစ်ရကြောင်း UNICEF က ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးငယ်သေဆုံး၊ ဒဏ်ရာရမှုများ ကြောက်ခမန်းလိလိ တိုးပွားလာသည့်အပေါ် အလွန်စိုးရိမ်ပူပန် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် UXO များပေါက်ကွဲမှုကြောင့် ကလေး ၅၆ ဦး အပြင်းအထန်ဒဏ်ရာရပြီး ကလေးငယ် ၁၃ ဦး သေဆုံးကြောင်း၊ တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ၏ ၃၅ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြကြောင်း UNICEF က ထုတ်ပြန်သည်။ တစ်နိုင်ငံလုံးတွင်ဆိုလျှင် ကလေးငယ်ငယ်များ အပါအဝင် လူ ၅၂ ဦးသေဆုံးပြီး ၁၄၈ ဦး ဒဏ်ရာရကြောင်း၊ ရခိုင်ပြည်နယ်သည် ကလေးသူငယ် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး စုစုပေါင်း ၄၇ ရာခိုင်နှုန်းရှိကြောင်း UNICEF ၏ စာရင်းများအရသိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက် ကြောင့် ကလေးငယ် ၄၃ ဦး သေဆုံးပြီး ၁၀၃ ဦး ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ကြောင်း၊ ယင်းအရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် တစ်နှစ်လုံးတွင် စုစုပေါင်း ထိခိုက်သေဆုံးမှုထက် များစွာပိုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်နှင့် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှု အခွင့် အရေးကို ထိန်းသိမ်းရန်အတွက် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ရပ်တန့်ကြရန်၊ လက်ရှိ ရှိနေသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းကြပါရန် ပဋိပက္ခဖြစ်ပွားမှု များတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးကို UNICEF က တိုက်တွန်းထားသည်။ #Zawgyi မိုင်းနှင့် စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကိုးလအတွင်း ကလေး ၁၃ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၂၄ မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၃ ဦးသေဆုံးပြီး ၅၆ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း UNICEFက နိုဝင်ဘာလ ၂၃ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နိုဝင်ဘာလ ၁၇ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ကလေး ငယ်တစ်ဦးနှင့် ၎င်း၏ မိဘနှစ်ပါး သေဆုံးကာ အခြားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ရပ်နှင့် ပတ်သက် သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ပဋိပက္ခအတွင်း ပိတ်မိနေခဲ့ကြသူ ကလေးငယ်များအားလုံးအတွက် စိတ်မကောင်းဖြစ်ရကြောင်း UNICEF က ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးငယ်သေဆုံး၊ ဒဏ်ရာရမှုများ ကြောက်ခမန်းလိလိ တိုးပွားလာသည့်အပေါ် အလွန်စိုးရိမ်ပူပန် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် UXO များပေါက်ကွဲမှုကြောင့် ကလေး ၅၆ ဦး အပြင်းအထန်ဒဏ်ရာရပြီး ကလေးငယ် ၁၃ ဦး သေဆုံးကြောင်း၊ တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ၏ ၃၅ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြကြောင်း UNICEF က ထုတ်ပြန်သည်။ တစ်နိုင်ငံလုံးတွင်ဆိုလျှင် ကလေးငယ်ငယ်များ အပါအဝင် လူ ၅၂ ဦးသေဆုံးပြီး ၁၄၈ ဦး ဒဏ်ရာရကြောင်း၊ ရခိုင်ပြည်နယ်သည် ကလေးသူငယ် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး စုစုပေါင်း ၄၇ ရာခိုင်နှုန်းရှိကြောင်း UNICEF ၏ စာရင်းများအရသိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက် ကြောင့် ကလေးငယ် ၄၃ ဦး သေဆုံးပြီး ၁၀၃ ဦး ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ကြောင်း၊ ယင်းအရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် တစ်နှစ်လုံးတွင် စုစုပေါင်း ထိခိုက်သေဆုံးမှုထက် များစွာပိုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်နှင့် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှု အခွင့် အရေးကို ထိန်းသိမ်းရန်အတွက် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ရပ်တန့်ကြရန်၊ လက်ရှိ ရှိနေသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းကြပါရန် ပဋိပက္ခဖြစ်ပွားမှု များတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးကို UNICEF က တိုက်တွန်းထားသည်။

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...