Wednesday, November 25, 2020

ယုတ်မာရက်စက် အသက်ထွက်လဲ အမည်က ထာဝစဉ် ရှင်သန်နေ

၂၀၂၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်ကျောက်မဲခရိုင်၊အမှတ်(၁)ကနေ အနိုင်ရရှိခဲ့တဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ဦးထိုက်ဇော်ဟာ နိုဝင်ဘာ(၂၁)ရက် ညနေ(၆)နာရီကျော်အချိန်ခန့်က ကျောက်မဲမြို့နယ်၊နောင်ပိန်ကျေးရွာအုပ်စု၊ပင်တိုင်ကျေးရွာရှိ၊မန္တလေးမူဆယ်လမ်းမကြီးအနီးရှိ လည်းကောင်း၏နေအိမ်မှာ၊သေနတ်နဲ့အပစ်ခံရတယ်လို့သိရပါတယ်။ပစ်ခံရတဲ့ဒဏ်ကြောင့် ဦးထိုက်ဇော်ကို ဆေးဝါးကုသမှုခံယူနိုင်ရန်ကျောက်မဲပြည်သူ့ဆေးရုံးသို့ ထိုနေ့ည၆နာရီ ၄၀မီနစ်အရောက်ပို့ဆောင်ခဲ့ပေမဲ့ ရရှိဒဏ်ရာနဲ့ ည၆နာရီ ၅၀ မီနစ်အချိန်ကွယ်လွန်သွားကြောင်းသတင်းဖော်ပြချက်များအရသိရပါတယ်။ ထိုကဲ့သို့ ယုတ်မာရက်စက်အကြမ်းဖက်မှုကြောင့်အသက်ကိုစွန့်လွှတ်ခဲ့ရသော်လည်း လူသေသွားပေမဲ့ အမည်ကတော့ဆက်လက်ရှင်သန်နေဦးမှာပါ၊အလားတူဖြစ်စဉ်များနိုင်ငံအဝှမ်းဒေသအချို့မှာယ္ခင်ကလည်းဖြစ်ခဲ့ပါတယ်။ထိုကဲ့သို့သော၊ဖြစ်ရပ်မျိုးမှာ မလုပ်သင့်၊မလုပ်ထိုက်သောလုပ်ရပ်မျိုးသာဖြစ်ပါတယ်၊လူတစ်ယောက်ရဲ့အသက်ကိုယုတ်မာရက်စက်စွာ သတ်ဖြတ်လိုက်ခြင်းဟာ၊သတ်သူတွေရဲ့အကျင့်ယုတ်ကိုဖော်ပြနေသလိုဖြစ်နေပါတယ်၊နိုင်ငံတော်ကို ပုန်ကန်မှုနဲ့အတူတူပါပဲ၊နိုင်ငံအကျိုးကိုသယ်ပိုးထမ်းဆောင်ဘို့ပြည်သူလူထုက၊ကြည်ဖြူစွာရွေးကောက်ပေးထားသူတစ်ဦးကို၊ရက်စက်စွာသတ်ဖြတ်ပြစ်လိုက်ခြင်းဟာ၊အလွန်မတန်ရက်စက်ရာကျပါတယ်၊ထိုကဲ့သို့သောလုပ်ရပ်မှာ၊ယုတ်မာလွန်းတဲ့အလုပ်တခုကိုကျူးလွန်လိုက်တာပဲဖြစ်ပါတယ်၊နိုင်ငံအကျိုးကိုကောင်းမွန်အောင်ဆောင်ရွက်တော့မဲ့ ကိုယ်စားလှယ်လောင်းကိုသတ်ဖြတ်လိုက်ခြင်းဟာ၊နိုင်ငံတော်အပေါ် သစ္စာ ဖောက်ခြင်းသာဖြစ်ပါတယ်။ မေတ္တာ ပျက်ပြီး၊ဒေါသအလျှောက်ပြုကျင့်လိုက်ခြင်းဟာယုတ်မာသူတွေရဲ့လုပ်ရပ်သာဖြစ်ပါတယ်၊ဒေါသတရားဆိုတာ၊လူမှာထားမိရင်၊အဲဒီထားသူမှာလဲပထမဆုံးအကျိုး ယုတ်နေစေပါတယ်၊သူကိုသတ်ဖို့ကြံစီလိုက်စဉ်ကထဲက၊မိမိရဲ့ကောင်းမွန်မြင့်မြတ်တဲ့၊စိတ်နေစိတ်ထားကိုဖျက်ဆီးပြီးသားဖြစ်သွားပါပြီ၊လူတယောက်ကိုသေသည်အထိသတ်ရပြီဆိုကထဲက၊အလွန်ဝင်လေးတဲ့လုပ်ရပ်ကိုလုပ်လိုက်ရတာဖြစ်တဲ့အတွက်၊စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရမှာပါ၊သတ်ပြီးတော့လဲ၊ကျန်ရှိနေတဲ့အချိန်တွေမှာ၊စိတ်ချမ်းသာမှုမရှိတော့ပဲ၊အချိန်ရှိသရွေ့၊ပူပန်မှုနဲ့ရင်ဆိုင်နေရတော့တာပါပဲ၊ဘယ်တော့၊ဒီလူသတ်မှုပေါ်သွားမလဲဆိုသလို၊လူမြင်တိုင်းကြောက်လန့်စိုးရိမ်နေရမှာဖြစ်ပါတယ်။ မကောင်းမှုဟူသည်၊ဆိတ်ကွယ်ရာမရှိဆိုသလို၊ဘယ်သူမှမသိသော်လဲ၊ကိုယ်ကိုယ်တိုင်ကတော့၊ကိုယ်လုပ်ထားတဲ့လုပ်ရပ်ကို၊သိရှိနေရမှာပဲဖြစ်ပါတယ်၊အဲဒီလိုမကောင်းမှုကိုပြုလုပ်လိုက်တဲ့၊လုပ်ရပ်အမှားအတွက်၊နောင်တရနေရပါတယ်ဆိုရင်တောင်မှပဲ၊မကောင်းတဲ့စိတ်ဓါတ်ကိုရင်ဝယ်ပိုက်ထားရတဲ့အတွက်ပျော်မွေ့နိုင်ဖွယ်ရာအကြောင်းမရှိနိုင်တော့ပါ၊အချိန်နဲ့အမျှပူလောင်နေရတဲ့စိတ်ဓာတ်ကြောင့်၊အေငြိမ်းမှုစိတ်အခြေအနေကိုမခံစားနိုင်တော့ပဲစိတ်ထောင်းတော့ကိုယ်ကျေဆိုသလိုမျိုးဖြစ်ပေါ်နေရမှာပါ၊အဲဒီလိုစိုရိမ်နေရတဲ့ စိတ်ဓာတ်အခြေအနေရဲ့နှိပ်စက်မှုကြောင့်၊ကိုယ်တွင်းအင်္ဂါတွေမှာလဲမကောင်းတဲ့အင်ဇိုင်းတွေ၊အထွက်များပြီး၊ရောဂါဘယတွေဖြစ်ပေါ်နေရမှာဖြစ်ပါတယ်၊အစာအိမ်ရောဂါ၊သွေးတိုးရောဂါ၊နှစ်လုံးရောဂါ၊စတာတွေဖြစ်ပြီး၊သက်ဆိုးမရှည်နိုင်ဘဲ၊သက်တမ်းမပြည့်မှီသေဆုံးရတဲ့အဖြစ်မျိုးနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ထိုသို့လူသတ်မိတဲ့သူဟာ၊ဒေါသဦးစီးနေတဲ့အတွက်၊ကိုယ်ကသူကိုပျက်စီးအောင်အားထုတ်ရတဲ့အတွက်၊စိတ်ပင်ပန်း၊ကိုယ်ပင်ပန်မှုကို၊တပါးသူမထိခိုက်မီထဲက ပထမကိုယ့်မှာခံစားနေရတာပါ၊မေတ္တာစိတ်နဲ့ဆက်ဆံတတ်မှသာအပြစ်မရှိတဲ့စိတ်ဖြစ်တယ်၊အကျိုးကြီးတဲ့စိတ်ဖြစ်တယ်၊ကောင်းမြတ်တဲ့စိတ်ဖြစ်တယ်၊ဒါတောင်မှ မှန်ကန်တဲ့မေတ္တာစိတ်မဟုတ်ရင်၊စစ်မှန်တဲ့ဧငြိမ်းမှုကိုမရရှိနိုင်ပါဘူး၊မှန်ကန်တဲ့ချစ်ခင်မှုမဟုတ်နိုင်ဘူး၊ကောင်းမြတ်တဲ့ချစ်ခင်မှုလဲမဟုတ်တော့ဘူး၊အပြစ်ကင်းတဲ့ချစ်ခင်မှုမျိုးလဲမဟုတ်တော့ဘူး၊ဘေးအန္တရာယ်ကင်းတဲ့ချစ်ခင်မှုမျိုးလဲမဟုတ်ဖူး၊ဆင်းရဲဒုက္ခရောက်စေတတ်တဲ့ချစ်ခင်မှုမျိုးသာဖြစ်တယ်။ အဲဒီလိုတပါးသူအပေါ်မှာ၊မနှစ်သက်တဲစိတ်၊မကျေနပ်တဲ့စိတ်၊မုန်းတီးတဲ့စိတ်၊စိတ်ဆိုးတဲ့စိတ်၊တွေဟာ၊အေးချမ်းတဲ့စိတ်တွေမဟုတ်ကြဘူး၊တည်ငြိမ်တဲ့စိတ်တွေမဟုတ်ကြဘူး၊ညစ်နွမ်းတဲ့စိတ်တွေဖြစ်တယ်၊ပူလောင်တဲ့စိတ်တွေဖြစ်တယ်၊ခက်ထန်တဲ့စိတ်တွေဖြစ်တယ်၊လှုပ်ရှားတဲ့စိတ်တွေဖြစ်တယ်၊ပင်ပန်းတဲ့စိတ်တွေဖြစ်တယ်၊အဲဒီလိုစိတ်ကိုပဲဒေါသစိတ်လို့ခေါ်တာဖြစ်တယ်၊အဲဒီလိုဒေါသစိတ်ဖြစ်လာရင်၊လူတယောက်ကိုသတ်ရမှာ၊ညှင်းပန်းနှိပ်စက်ရမှာကိုလုပ်ဖြစ်သွားတတ်ကြတယ်၊အဲဒါကြောင့်လူတယောက်ဖြစ်လာရင်၊တပါးသူအကျိုးကိုထိခိုက်နစ်နာအောင်၊မလုပ်သင့်ပါဘူး၊မေတ္တာစိတ်ထားပြီးသာဧငြိမ်းမှုကိုရယူသင့်ပါတယ်၊ကိုယ်မှာဒေါသတရားမဖြစ်ပေါ်လာအောင်၊မှန်ကန်တဲ့အသိဉာဏ်ကိုဆုပ်ကိုင်ထားတဲ့ သတိနဲ့ကိုယ်ရဲ့ဒေါသစိတ်ကိုချုပ်ထားတတ်ရပါမယ်၊ဘာလို့လဲဆိုရင်၊ဒေါသစိတ်ရဲ့အပြစ်တွေဟာ၊မရေမတွက်နိုင်အောင်နောက်ဆက်တွဲအကျိုးတွေကိုဖြစ်ပေါ်လာနိုင်လို့ပါပဲ၊ဒေါသစိတ်ကြောင့် နောက်ဆက်တွဲ ခံစားရမဲ့အပြစ်တွေဟာ၊အဆက်မပြတ်တော့ဘူး။ အဲဒါကြောင့်ကိုယ်ဟာအကျိုးစီးပွားဖြစ်ပွားမှုကိုလိုလားတယ်ဆိုရင်၊အကျိုးစီးပွားကိုထုတ်ဖော်ခြင်တယ်ဆိုရင်၊အမှားကိုမပြုလုပ်ချင်ဘူးဆိုရင်၊အပြစ်ဒါဏ်တွေမရရှိချင်းဘူးဆိုရင်၊ဘေး အန္တရာယ်နဲ့ရင်မဆိုင်မိချင်ဘူးဆိုရင်၊အပြစ်ဒါန်မရရှိချင်ဘူးဆိုရင်၊မခံစားရချင်ဘူးဆိုရင်၊ကိုယ်သက်သာမှု၊ကိုယ့်သာယာမှုကိုသာရရှိခံစားရချင်တယ်ဆိုရင်၊ကိုယ်မှာ၊ဒေါသစိတ်မဖြစ်ပေါ် ရအောင်၊ကိုယ်ဟာကိုမှန်ကန်တဲ့အသိဉာဏ်ကိုဆုပ်ကိုင်ပြီး၊ကိုယ်ရဲ့မကောင်းတဲ့ဆန္ဒကိုသတိနဲ့စောင့်ထိမ်းနေရမယ်၊မှန်ကန်တဲ့အသိဉာဏ်ဆိုတာ၊ဒေါသစိတ်ဟာ၊ကောင်းမြတ်တဲ့စိတ်မဟုတ်ဘူးဆိုတာသိရမယ်၊ဒေါသစိတ်ကြောင့်ခံစားရမယ့်အပြစ်တွေကို၊မခံစားခြင်တဲ့အတွက်၊ဒေါသစိတ်ကို၊ဖြေဖျောက်လိုက်ခြင်တယ်ဆိုရင်၊ကိုယ်ဒေါသဖြစ်တဲ့အာရုံကိုဒီအာရုံဟာ၊ငါ့ကိုဒုက္ခပေးမဲ့အာရုံပါလား၊သူကငါ့ကိုဒေါသဖြစ်စေချင်တိုင်း၊ငါကဖြစ်ရမှာလား၊ဒေါသစိတ်ဖြစ်ရင်၊အပြစ်ခံစားရလိမ့်မယ်ဆိုပြီး၊ကိုယ့်ဒေါသဖြစ်တဲ့အာရုံကိုလျစ်လျူရှုလိုက်ရမယ်၊အဲဒီနောက်၊အဲဒီလူပေါ်မှာ၊မေတ္တာစိတ်ကိုမွေးယူထားရှိပြီး၊မေတ္တာစိတ် သတ္တိ မှ၊မေတ္တာစိတ်အင်အားအဆင့်၊မေတ္တာတန်ခိုးအဆင့်အထိတိုးပွားအောင်ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။ မေတ္တာစိတ်ထားတတ်လာရင်၊ကိုယ့်ကိုသူကနစ်နာမှုကိုဖြစ်စေ၊အထင်လွှဲမှုကိုဖြစ်စေ၊အမြင်မှားမှု၊တန်ဖိုးမထားမှု၊မထေမဲ့မြင်မှု၊လစ်လျူရှုမှု၊ရန်လိုမှုတွေပြုလုပ်၊ပြောဆိုလုပ်ကိုင်လာတဲ့အခါမှာတောင်၊ကိုယ်ကသူရဲ့ပြုမှု၊ပြောဆိုလုပ်ကိုင်မှုကြောင့်၊ပူလောင်တဲ့စိတ်မဖြစ်ပေါ်နိုင်ပါဘူး၊ဘာဖြစ်လိုလဲဆိုတော့၊သူ့အပေါ်မှာထားတဲ့၊ကိုယ့်ရဲ့မေတ္တာစိတ်ဟာထားရှိစမှာသာ၊သူနဲ့ပါတ်သက်ပြီး၊ကိုယ့်မှာအနည်းငယ်၊အခံရခက်မှုရရှိလာနိုင်ပါတယ်၊ဒါပေမဲ့ကိုယ်ရဲ့မေတ္တာစိတ်ဟာ ခိုင်မာလာတဲ့အခါမှာ၊ကိုယ်ဟာသူ့အပေါ်မှာ၊သီးခံချင်တဲ့စိတ်တွေ တည်ငြိမ်လာတယ်၊ခွင့်မလွှတ်တဲ့စိတ်တွေမရှိတော့ပဲ၊ကြည်လင်လာတယ်၊သူရဲ့အပြစ်တွေကိုလစ်လျူရှုခြင်တဲ့စိတ်တွေ၊အားကောင်းလာတယ်၊ခက်ထန်တဲ့စိတ်တွေမရှိတော့ဘဲ၊နူးညံ့လာတယ်၊ပြင်းထန်တဲ့စိတ်တွေမရှိတော့ပဲပျော့ပြောင်းလာတယ်၊အဲဒါကြောင့်မေတ္တာစိတ်ဆိုတာ၊သီလလိုစောင့်ထိမ်းနေရတဲ့အလုပ်မျိုးမဟုတ်ဘဲ၊ပွားများနေရတဲ့စိတ်ဖြစ်ပါတယ်။ အဲဒီလို မေတ္တာတရားပွားများလာနိုင်ရင်၊ဒေါသတရားတွေမဖြစ်ပေါ်တော့ပဲ(အဒေါသ)စေတသိပ်တွေဖြစ်ပြီး၊ဒေါသတရားကြောင့်ဖြစ်ပေါ်လာမဲ့၊အကျိုးဆက်တွေဖြစ်ပေါ်မလာတော့ဘဲ၊အေးငြိမ်းမှုဖြစ်ပေါ်လာနိုင်ပါတယ်၊လောကမှာလူဖြစ်တုံးလေးခနတာအချိန်မှာ၊ဒေါသတရားတွေထားပြီး၊လူသတ်မှု၊ခိုးမှု၊လိမ်မှုတွေကိုဖြစ်ပေါ်နေရရင်၊လူဖြစ်ရကျိုးမနပ်ပါဘူး၊လူဖြစ်ရကျိုးနပ်အောင်နေထိုင်တတ်ဖို့အတွက်၊လူဖြစ်တုံးခနအချိန်တိုအတွင်းမှာ၊လောဘ၊ဒေါသမောဟတရားတွေမထားဘဲ၊မေတ္တာတရားတွေပွားများပြီးနေထိုင်တတ်ဖို့အရေးကြီးပါတယ်၊အဲဒီလိုလူလူချင်းမေတ္တာတရားတွေပွားများလာနိုင်ရင်၊လောကအကျိုးကိုမဖျက်ဆီးမိဘဲ၊အေးငြိမ်းချမ်းသာတဲ့လောကကြီးကိုတည်ဆောက်လာနိုင်မှာပါ၊လူဖြစ်လာရင်၊လူထုအကျိုး၊နိုင်ငံအကျိုး၊တိုင်းပြည်အကျိုးတွေကို၊ထိခိုက်နစ်နာဆုံးရှုံးမှုတွေကိုမပြုလုပ်မိအောင်၊ထိမ်းသိမ်းနိုင်ကြရမှာဟာ၊လူတာဝန်ပဲဖြစ်ပါတယ်၊အဲဒီတာဝန်ကိုထမ်းဆောင်နိုင်လာပြီဆိုရင်၊လူလောကမှာ၊လူပီသအောင်နေထိုင်နိုင်တဲ့သူဖြစ်ပါပြီ။ လူဖြစ်လာရင် ကောင်းတဲ့သူ၊မှန်တဲ့သူ၊မြင့်မြတ်တဲ့သူ၊ဆိုပြီးလူသုံးမျိုးရှိရာမှာ၊မြင့်မြတ်တဲ့သူဖြစ်အောင်ကျိုးစားကြပါ၊မဟာတ္တမဂန္ဓီအဆိုအရလူသုံးမျိုးကတော့၊၁။သူရဲဘောကြောင်သူ၊၂။သတ္တိရှိသူ၊၃။မြင့်မြတ်သူဆိုပြီးရှိရာမှာသူရဲဘောကြောင်သူဟာ၊အသားနာမှာစိုးသဖြင့်မတရားမှုအမှားများကိုဝင်၍ခံ၏။သတ္တိရှိသူဟာ မတရားမှုအမှားများကိုအပြင်အထန်တိုက်ခိုက်၍၊တရားမှုအမှန်တို့ကို၊ပြန်လည်ထွန်းကားလာရန်ဆောင်ရွက်သည်။မြင့်မြတ်သူမှာ၊အင်အားသတ္တိရှိပါလျှက်နှင့်၊မတရားသူအားခွင့်လွှတ်၍၊မတရားမှုမှကယ်တင်ပြီး၊တရားသဖြင့်ပြုမူသည့်နည်းများ၌၊သဘောသက်ရောက်အောင်ဆွဲဆောင်ပေးသည်၊အဲဒီတော့နံပါတ်(၃)ဖြစ်သည့်မြင့်မြတ်သူဖြစ်အောင်ကျိုးစားသင့်ပါတယ်။ လူ့ဘဝဆိုတာ မွေးဖွားခြင်းကစတယ်လို့မယူဆသင့်ပါဘူး၊ဘဝဆိုတာ၊မိမိဘဝကို မိမိကိုယ်တိုင်ဖန်တီးသည့်နေ့မှစတင်တာပါ၊အဲဒီတော့လူ့ဘဝရောက်လာရင်၊မကောင်းတဲ့ဘဝကိုစွန့်လွှတ်ပြီးကောင်းတဲ့ဘဝကိုတည်ဆောက်ယူကြရမှာပါ၊လိမ္မာသူရဲ့ပါးစပ်ဟာ၊သူရဲ့နှလုံးသားထဲမှာရှိပါတယ်၊လူမိုက်ရဲ့နှလုံးသားကတော့သူ့ရဲ့ပါးစပ်ထဲမှာရှိပါတယ်၊အဲဒီတော့၊အတွေးအကြံက၊အပြောအဆိုကိုဖြစ်စေတယ်၊အပြောအဆိုက၊အလုက်အကိုင်ကိုဖြစ်စေတယ်၊ဒီတော့အတွေးအကြံအပြောအဆိုအလုပ်အကိုင်တွေကိုမွန်မြတ်သူဖြစ်အောင်ဆောင်ရွက်ကြရပါမယ်။ လောကမှာသေခြင်းဆိုတာထက်၊သေခြင်းထက်မြန်တဲ့မကောင်းမှုကိုသာရှောင်သင့်ပါတယ်၊အသတ်ခံရတဲ့သူဟာ၊မကောင်းမှုလုပ်သူလောက်ဆိုးဝါးတဲ့အပြစ်ဒါဏ်ကိုခံရတာမဟုတ်ပါဘူး၊မကောင်းမှုလုပ်သူဟာ၊အသက်မသေမခြင်းစိတ်မချမ်းသာမှု၊ညစ်နွမ်းမှုတွေကိုခံစားနေကြရမှာသေခြာပါတယ်။ Seld is  first every cause.(ကိုယ်ကျိုးသည် အရာရာတိုင်း၏ ရှေ့ဆုံး၌အမြဲရှိသည်)အဲဒီတော့ ကိုယ်ကျိုးအတွက် အများအကျိုးက ထိခိုက်နစ်နာအောင် မလုပ်သင့်ပါဘူး၊လူဟာအမှန်တရားကိုမြတ်နိုးတတ်ကြရမှာပါ၊အမှန်တရားသည်သာ သေခြင်းကို၎င်း၊ရှင်ခြင်းကို၎င်းအားရှိစေနိုင်ပါတယ်၊သေတဲ့သူဟာမမှားနိုင်သလို၊ရှင်တဲ့သူကလဲမမှန်နိုင်ပါဘူး၊လောဘ၊ဒေါသ၊မောဟဆိုတဲ့တရားဆိုးတွေကိုလက်ကိုင်ထားပြီး လူသတ်မှုတခုကိုကျူးလွန်လိုက်တဲ့သူဟာ၊အမှားကိုကျူးလွန်သူဖြစ်လို့ မမှန်ကန်နိုင်ပါဘူး၊အသတ်ခံရတဲ့သူဟာ၊နိုင်ငံအကျိုး၊တိုင်ပြည်အကျိုး၊ပြည်သူလူထုရဲ့အကျိုးကိုထမ်းဆောင်ရမဲ့တာဝန်ရှိသူမို့နစ်နာလှပါတယ်၊ထိုလူမျိုးကိုသတ်လိုက်သူဟာ၊နိုင်ငံကိုစော်ကားရာ၊ရမ်းကာရာအလုပ်ကိုလုပ်လိုက်တဲ့အတွက်၊ယုတ်မာလှတဲ့အပြစ်ကိုကျူးလွန်လိုက်တာပါပဲ၊ဒါပေမဲ့အဲဒီလို လုပ်လိုက်လို့ယုတ်မာရက်စက် အသက်ထွက်သွားရလဲ၊ သေဆုံးသူကတော့ဆက်လက်ပြီး လူသာသေသော်လည်း အမည်မသေဘဲ ရှင်သန်နေအုံးမှာဖြစ်ပါတယ်။ စာပေသစ္စာဖြင့်ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...