Sunday, October 18, 2020

ငွေကျပ်(၂၀၀၀)နှင့် ကျွန်တော်

ပြန်ကြားရေးဝန်ကြီးဌာနမှ စာပေ၊သတင်းမီဒီယာ၊ရုပ်ရှင်သဘင်၊ဂီတနယ်ပယ်တို့မှ အနုပညာရှင်များအတွက်နယ်ပယ်တစ်ခုလျှင် ငွေကျပ်သန်း(၃၀)ဖြင့် နယ်ပယ်(၅)ခုအတွက် စုစုပေါင်းငွေကျပ်သန်း(၁၅၀)ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရပါတယ်။ ယင်းထောက်ပံ့ငွေထဲမှ မြန်မာနိုင်ငံစာရေးဆရာအသင်းအတွက်ခွဲဝေရရှိငွေကျပ် ၉.၉သန်းကျပ်(၉၉)သိန်းတိတိကို ၂/၇/၂၀၂၀ရက်နေ့ နေ့လည် ၁၂နာရီ ၄၅ မီနစ်အချိန်တွင်မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုမှလက္ခံရရှိခဲ့သည်မြန်မာနိုင်ငံစာရေးဆရာအသင်းသည် နောက်ဆုံးပြုစုပြီးစရင်းအရ မြို့နယ်အသင်းပေါင်း(၂၀၁)သင်း၊အသင်းဝင်အင်အား(၅၁၅၂)ဦးပါဝင်ဖွဲ့စည်းထားသောအသင်းကြီးဖြစ်သောကြောင့် မြို့နယ်အသင်းများမှ အသင်းဝင်များထံသို့ သင့်တင့်မျှတစွာခွဲဝေပေးရာ စာရေးဆရာ တစ်ဦးလျှင်ငွေကျပ်(၂၀၀၀)ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အလျှင်းသင့်လို့စာရေးသူအကြောင်းအနည်းငယ်တင်ပြလိုပါတယ်၊စာရေးသူဟာ မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် မြို့နယ်ဥက္ကဌအဖြစ်(၁၀)နှစ်၊အတွင်ရေးမှူးအဖြစ်(၅)နှစ်၊အသင်းဝင်အဖြစ်(၉)နှစ်၊စုစုပေါင်း(၂၄)၊ယနေ့အချိန်ထိမြို့နယ် ဥက္ကဌ တာဝန်ထမ်းဆောင်နေပြီး၊မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊မကွေးတိုင်းဒေသကြီးတွင်ပထမသက်တန်း၌ ဘဏ္ဍရေးမှူးတာဝန်(၃)နှစ်၊စသည့်စာပေသမားဘဝတလျှောက်ဖြတ်သန်းလာခဲ့ရာ ပထမအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ စာရေးဆရာများအားအသိမှတ်ပြုထောက်ပံ့ပေးသော ငွေကျပ်(၂၀၀၀)လက္ခံရရှိခဲ့ပါတယ်၊စာရေးသူအနေဖြင့် တန်ဖိုးမဖြတ်နိုင်သောငွေဖြစ်ပါသည်၊ပြည်သူ့အစိုးရလက်ထက်တွင်ပြည်သူ့ဘဏ္ဍာငွေမှနိုင်ငံတော်အစိုးရကထောက်ပံ့ပေးအပ်သောဖြူစင်သန်ရှင်းသည့်ငွေကြေးဖြစ်သောကြောင့်ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါသည်။ နိုင်ငံတော်အစိုးရက စာပေပညာရှင်တွေနှင့်သတင်းမီဒီယာ၊ရုပ်ရှင်၊သဘင်၊ဂီတနယ်ပယ်အသီးသီးအပေါ်ထားရှိတဲ့စေတနာဟာမွန်မြတ်လှပါတယ်၊ကိုဗစ် 19 ဖြစ်နေတဲ့အချိန်မှာကူညီပေးတာဟာအလွန်မွန်မြတ်တဲ့စေတနာပါ၊ဘယ်အစိုးရမှမပြုလုပ်ဖူးသေးတဲ့ အလုပ်မျိုးကိုလုပ်တာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ပြည်သူပြည်သားအပေါ်မှာထားရှိတဲ့စေတနာမေတ္တာလို့နားလည်းရပါတယ်။မေတ္တာဆိုတဲ့သဘောဟာ၊သီလလိုစောင့်ထိမ်းရတဲ့စိတ်မျိုးမဟုတ်ပါဘူး၊ဘာဝနာလိုပွားများနေရတဲ့စိတ်မျိုးဖြစ်ပါတယ်၊အဲဒါကြောင့် မေတ္တာအကျိုးကိုခံစားချင်တဲ့သူတွေ၊ထားရှိချင်တဲ့သူတွေ၊ကျင့်ကြံနိုင်အောင်လေ့လာပွားများကြရမှာပါ။ မေတ္တာစိတ်ဆိုတာ၊တပ်မက်တဲ့စိတ်မျိုးလည်းမဟုတ်ဘူး၊ပူလောင်တဲ့စိတ်မျိုးလဲမဟုတ်ဘူး၊လှုပ်ရှားတဲ့စိတ်မျိုးလဲမဟုတ်ဘူး၊မျှော်လင့်ချက်မပါဘဲ၊ပြုလုပ်ပေးထားတဲ့အတွက် ဆင်းရဲတဲ့အစွဲစိတ်တွေမဖြစ်ကြဘူး၊ပုဂ္ဂိုလ်မခွဲခြားတဲ့စိတ်၊အဆင့်မခွဲခြားတဲ့စိတ်၊ရန်လိုမှုကင်းတဲ့စိတ်၊စောင့်ရှောက်တဲ့စိတ်၊တုန့်ပြန်ရယူလိုမှုကင်းတဲ့စိတ်၊ကျေနပ်တဲ့စိတ်၊မှန်ကန်ကောင်းမြတ်တဲ့စိတ်ဖြစ်တယ်၊မေတ္တာစိတ်ဟာ၊မအေးချမ်း၊မတည်ငြိမ်တဲ့စိတ်မဟုတ်ဘူး၊အာရုံပေါ်မှာ အစွဲလွတ်နေတဲ့စိတ်၊ပုဂ္ဂိုလ်တိုင်း၊အဆင့်အတန်းမခွဲခြားတဲ့စိတ်၊စောင့်ရှောက်တဲ့စိတ်၊တုန့်ပြန်မှုကိုမလိုလားတဲ့စိတ်တွေနဲ့ပြည့်ဝနေရတယ်။နိုင်ငံတော်အစိုးရအနေနဲ့ဒီလိုစိတ်ထားတွေနဲ့ထားရှိပြီး၊မြန်မာနိုင်ငံစာရေးဆရာတွေကိုထောက်ပံ့ကူညီမှုပြုတဲ့အတွက်၊ငွေ(၂၀၀၀)ဆိုတဲ့အရေအတွက်ထက်၊ဖြူစင်မေတ္တာနဲ့ပေးကမ်းချီးမြင့်ခဲ့တာကိုဝမ်းသာပီတိဂွမ်းဆီထိသလိုခံစားရပါတယ်။ ပြည်သူပြည်သား စာရေးဆရာများကို၊ချစ်ခင်စိတ်တွေထားပြီး သူတပါးရဲ့လိုအပ်မှုတွေကို၊ရှေ့ရှုပြီးပေးခဲ့ခြင်းဖြစ်ပါတယ်၊စိတ်ချမ်းသာမှုအတွက်သက်သက်သာထောက်ပံ့ကူညီခဲ့ခြင်းဖြစ်နေတဲ့အတွက်ကြောင့်ကြည်နူးရပါတယ်၊မေတ္တာစိတ်ဟာ၊ချစ်ခင်မှုကိုခံရနိုင်တဲ့သတ္တိတွေ၊တပါးသူရိုသေမှု၊ကြည်ညိုမှုတွေခံယူနိုင်တဲ့သတ္တိရှိတဲ့အတွက်၊အခုလို မေတ္တာ သက်ဝင်ပြီးအကူညီပေးခဲ့တဲ့နိုင်ငံတော်အစိုးရအပေါ်လေးစားသမှုအစဉ်ပြုနေရပါတယ်၊မေတ္တာစိတ်မှာ ရန်သူနှစ်ဦးရှိတယ်၊ဒါတွေက၊လောဘစိတ်နဲ့၊ဒေါသစိတ်ပဲဖြစ်တယ်၊လောဘစိတ်က၊အနီးကပ်ရန်သူ၊ဒေါသစိတ်ကအဝေးကရန်သူဖြစ်တယ်၊ယူချင်တဲ့စိတ်၊ရခြင်တဲ့စိတ်တွေဟာ လောဘစိတ်တွေဖြစ်တယ်၊ပျက်အောင်ပြုလုပ်ချင်တဲ့စိတ်၊ပျက်ဆီးပစ်ခြင်တဲ့စိတ်တွေဟာ၊ဒေါသစိတ်တွေပဲ။ လူတွေမှာ ရချင်၊ယူချင်စိတ်တွေကများနေပြီး၊ပျက်အောင်ပြုလုပ်ချင်တဲ့စိတ်၊ဖျက်ပစ်ချင်တဲ့စိတ်တွေဟာ၊ရခြင်၊ယူချင်တဲ့စိတ်လောက်မများကြဘူး၊ဖြစ်ချင်တဲ့စိတ်လောက်ဖြစ်ပေါ်မှုမများကြဘူး၊မဖြစ်ချင်တဲ့စိတ်သိပ်မရှိကြဘူး၊လူမပျက်အောင်ပြုလုပ်ချင်တဲ့စိတ်နဲ့၊ဖျက်ဆီးပစ်ချင်တဲ့စိတ်တွေဟာ၊ရချင်၊ယချင်တဲ့စိတ်လောက်မများကြပါဘူး။အဲ့ဒါကြောင့်ရချင်၊ယူချင်တဲ့လောဘစိတ်ကို၊အနီးကပ်ရန်သူလို့ပြောပြီး၊ပျက်အောင်ပြုချင်တဲ့ဒေါသစိတ်ကိုအဝေးကရန်သူလို့ပြောရခြင်းဖြစ်ပါတယ်၊အဲဒီလောဘဒေါသစိတ်တွေရဲ့ဆန့်ကျင်ဘက်ဟာ၊မေတ္တာစိတ်ဖြစ်တယ်၊မေတ္တာစိတ်ထားရှိတဲ့အစိုးရဟာ၊စာပေပညာရှင်၊သတင်းမီဒီယာ၊ရုပ်ရှင်၊ဂီတ၊သဘင်၊စသည့်နယ်ပယ်အသီးသီးမှပညာရှင်တွေအပေါ်မှာ၊တိုးတက်ကြီးပွားချမ်းသာအောင် ဖန်တီးပေးချင်တဲ့စိတ်ရှိပါတယ်၊ဂုဏ်ကြီးရအောင်၊အဆင့်မြင့်ရအောင်အကျင့်မြတ်ရအောင်၊ဆိုတဲ့စိတ်ထားမျိုးနဲ့ပြည့်ဝနေပါတယ်။ မေတ္တာထားတဲ့ နိုင်ငံတော်အစိုးရရဲ့ စိတ်ဓာတ်တွေဟာနယ်ပယ်အသီးသီးကအနုပညာရှင်တွေနဲ့စာပေပညာရှင်တွေအပေါ်မှာ၊အကျိုးစီးပွားမဆုတ်ယုတ်စေလိုဘူး၊စိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့နေထိုင်စေချင်တဲ့စိတ်ဓာတ်ရှိပါတယ်၊မေတ္တာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့၊လောဘ၊ဒေါသစိတ်တွေဟာ၊အမှားကိုကြံစီပြောဆိုပြုလုပ်မိစေနိုင်တဲ့စိတ်ဓာတ်ဖြစ်တယ်။ကိုယ့်ရဲ့အဆင့်နိမ့်ကျအောင်ဖန်တီးပြစ်ချင်တဲ့စိတ်ဓာတ်မျိုးဖြစ်တယ်။လောဘ၊ဒေါသစိတ်တွေဟာ၊အဖျက်စိတ်ဖြစ်တယ်။အဖျက်စိတ်တိုင်ဟာအမှားကိုပြုလုပ်မိအောင်၊အပြစ်ဒါန်ကိုရရှိခံစားရအောင်စီးပွားပျက်စီးအောင်၊အန္တရာယ်နဲ့ရင်ဆိုင်ရအောင်ဖန်တီးနိုင်တဲ့စိတ်ဓာတ်မျိုးပဲဖြစ်ပါတယ်။ ကိုယ့်မှာအဖျက်စိတ်တွေဖြစ်နေရင်၊စိတ်ပူလောင်ရတယ်၊စိတ်ပင်ပန်းရတယ်၊ကိုယ်ပင်ပန်းခံရတတ်တယ်၊အပြုစိတ်နဲ့အဖျက်စိတ်တွေဟာ၊ဆန့်ကျင်ဘက်ဖြစ်တယ်၊မေတ္တာစိတ်ဟာ၊သန့်ရှင်းဖြူစင်ပြီးကြည်လင်နေတယ်၊အဲ့ဒါကြောင့် ကြည်နူးရွှင်မြူးပြီး အေးချမ်းလန်းဆန်းနေပါတယ်၊ဒီစိတ်နှစ်ခုကိုကြည့်လိုက်ရင်၊အဖျက်စိတ်ဟာ၊မေတ္တာ ဆိုတဲ့အပြုစိတ်ထက်၊အင်အားကြီးမားနေသရောင်ထင်ရတယ်၊အပြုစိတ်ဖြစ်တဲ့ မေတ္တာ စိတ်ဟာ၊အင်အားနည်းလိမ့်မယ်လို့ထင်ရတယ်။ ဒီနေရာမှာ သတိနဲ့ စောင့်ကြည့်ရရင်၊၁။ လောကကြီးဟာ၊တဖက်ကချုပ်ငြိမ်နေတယ်၊ကျန်တဖက်ကဖြစ်ပေါ်နေတယ်၊ချုပ်ငြိမ်းမှု၊ဖြစ်ပေါ်မှုအကြိမ်တွေများလာတာနဲ့အမျှ လောကကြီးဟာတိုးတက်တဲ့လက္ခဏာနဲ့ ပြောင်းလဲနေတာတွေရတယ်။၂။အဲဒီလိုပြောင်းလဲတိုးတက်မှုရဲ့အခြေခံတရားဟာအမှားတရားတွေမဟုတ်ဘူး၊အမှန်တရားတွေပဲဖြစ်တယ်၊အပြုတရားတွေပဲဖြစ်တယ်၊ ၃။လောကကြီးကိုထိန်းကျောင်းနေတဲ့တရားတွေဟာ၊အမှားတရားတွေမဟုတ်ကြဘူး၊အဖျက်တရားတွေမဟုတ်ကြဘူး၊အမှန်တရားတွေ၊အပြုတရားတွေဖြစ်ကြတယ်။ ၄။မေတ္တာ စိတ်ဟာမှားတဲ့စိတ်တွေမဟုတ်ကြဘူး၊အဖျက်စိတ်တွေမဟုတ်ဘူးမှန်ကန်တဲ့စိတ်တွေဖြစ်တယ်၊အပြုစိတ်ဖြစ်တယ်၊မေတ္တာတရားဟာလောကရဲ့အခြေခံစိတ်ဖြစ်တယ်၊ထိန်းကျောင်းတဲ့စိတ်၊တည်ဆောက်တဲ့စိတ်တွေဖြစ်ကြတယ်၊လောဘ၊ဒေါသစိတ်ဟာ၊လောကကို၊အဖျက်စိတ်တွေဖြစ်တယ်၊အဲဒီမှာ မေတ္တာစိတ်ဟာ အင်အားကြီးမာတယ်ဆိုတာတွေရပါတယ်။ မေတ္တာစိတ်ဟာ သတိနဲ့ယှဉ်တဲ့စိတ်၊စိတ်အင်အားနဲ့ယှဉ်တဲ့စိတ်၊အသိဉာဏ်ပညာနဲ့ယှဉ်တဲ့စိတ်တွေဖြစ်တယ်၊မေတ္တာရဲ့အကျိုးကိုယုံကြည်ပြီး၊မေတ္တာစိတ်ကိုမွေးမြူထားရှိဘို့၊မေတ္တာစိတ်ကိုဆုပ်ကိုင်ဘို့၊မေတ္တာစိတ်ကိုပွားများဘို့လိုပါတယ်၊အဲဒီလိုမေတ္တာတရားတွေပွားများထားတဲ့နိုင်ငံတော်အစိုးရရဲ့ မေတ္တာ စေတနာကိုခံယူရရှိတဲ့စာပေပညာရှင်တွေအနေနဲ့က ငွေကျပ်(၂၀၀၀)ပင်ရရှိသော်လည်း ဖြူစင်စွာပေးအပ်တဲ့ငွေဖြစ်သောကြောင့်ငွေကျပ်(၂၀၀၀)နှင့် ကျွန်တော် ဆိုတဲ့ဆောင်းပါးဖြင့်ဂုဏ်ပြု လိုက်ရပါတယ်။ စာပေသစ္စာဖြင့်ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...