Thursday, November 5, 2020

မဲလိမ်မဲခိုးမဲမသာသူတို.ရဲအကုသိုလ်နောက်ဆုံးခရီး

ခုတလော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြိုတင် မဲပေးရာတွင် တိုင်းနဲ့ပြည်နယ်အချို့ရှိ မြို့နယ်များတွင်၊မဲမသမာမှုများ၊အများအပြားဖြစ်ပေါ်နေကြသည်ကို ကြားသိနေရပါသည်။ထိုသို့မဲလိမ်၊မဲခိုး၊မဲမသာမာမှုဟာ၊လောကီပြစ်အဖြစ် ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး၊လောကုတ္တရာပြစ်အဖြစ်လဲ၊မသမာသူ၊ခိုးဆိုးသူအဖြစ်ကို လက်တွေ့ရောက်ရှိကြရမည်ဖြစ်ပါသည်။ထိုသို့ပြုလုပ်သူများသည်၊ကိုယ်သမိုင်းကို ရိုင်းပြသွားအောင်မှတ်တမ်းတင်ကြသူများသာဖြစ်ပါသည်။ အလုပ်တခုကိုပြုမှုဆောင်ရွက်ကြတဲ့အခါ၊အလုပ်ကိုများများလုပ်ဖို့ထက်၊အလုပ်ကိုစေတနာမှန်မှန်နဲ့ အလုပ်လုပ်ဖို့က ပိုအရေးကြီးပါတယ်၊စေတနာမမှန်ရင်၊ကိုယ်ထံကိုပြန်လာတတ်ကြစမြဲပါ၊မမှန်ကန်တဲ့ ခိုးမှု၊သတ်မှုကိုကျူးလွန်ထားရင်၊အဲဒီအပြစ်မှုဟာ၊အရိပ်သဖွယ်ကိုယ်နောက်ကိုကပ်ပြီးလိုက်နေကြတာဓမ္မတာပါ၊တနေ့နေ့တချိန်ချိန်တနေရာရာမှာ၊အဲဒီမကောင်းမှုလုပ်ထားတာကြီးကပေါ်ပေါက်လာရမှာဟာ၊ဓမ္မတာပါပဲ။မပေါ်သေးရင်တောင်၊အဲဒီမကောင်းတဲ့စိတ်ထားနဲ့လုပ်ထားတာကြီးက၊စိတ်ထဲမှာ မေ့ပျောက်လို့မရနိုင်လောက်အောင် နှိပ်စက်မှု ဒါန်ချက်ကိုခံစားနေရမှာဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်ထားတဲ့ မကောင်းမှုကြီးဟာ၊တငွေ့ငွေ့နဲ့လောင်ကျွမ်းခံနေရမှာဖြစ်ပါတယ်၊စိတ်ထောင်းလို့ကိုယ်ကျေဆိုတဲ့ အဖြစ်မျိုးနဲ့ဒါဏ်ခတ်ခံနေရမှာဖြစ်ပါတယ်၊မေ့မေ့ပျောက်ပျောက်သဘောထားပြီးလုပ်ကိုင်နေပေမဲ့မသိစိတ်ထဲမှာ စွဲလန်းနေတာမို့၊အပြီးတိုင်အောင်မေ့ဖျောက်ပြစ်လို့မရနိုင်အောင်ဖြစ်နေကြပြီး၊အနှိပ်စက်ခံနေရမှာကတော့ သေချာဖြစ်နေမှာပါ၊အဲဒီလို ခိုးမှုတခုကိုပြုလုပ်လိုက်တယ်ဆိုတာ၊တဖက်လူအကျိုးကိုထိခိုက်အောင်ဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်။ အခုလိုတပါးသူအပေါ် မနှစ်သက်တဲ့စိတ်၊မကျေနပ်တဲ့စိတ်၊မုန်းတီးတဲ့စိတ်၊စိတ်ဆိုးတဲ့စိတ်၊ရန်လိုတဲ့စိတ်တွေကအေးချမ်းတဲ့စိတ်တွေ မဟုတ်တဲ့အတွက် မထားသင့်တဲ့စိတ်တွေပဲဖြစ်ကြပါတယ်၊တည်ငြိမ်တဲ့စိတ်တွေ မဟုတ်တဲ့အတွက် ညစ်နွမ်းတဲ့စိတ်တွေပဲဖြစ်ကြပါတယ်၊ပူလောင်တဲ့စိတ်တွေ၊ခက်ထန်တဲ့စိတ်တွေ၊လှုပ်ရှားတဲ့စိတ် တွေ၊ပင်ပန်းတဲ့စိတ်တွေ ဖြစ်တဲ့အတွက်မထားသင့်ပါဘူး၊အဲဒီလိုစိတ်မျိုးဟာ၊တပါးသူအကျိုးကိုထိခိုက်နစ်နာစေလိုတဲ့စိတ်ဖြစ်တဲ့အတွက်၊ဒေါသစိတ်လို့ခေါ်ပါတယ်။ ဗုဒ္ဓကတော့၊အဲဒီလိုတဖက်လူအပေါ်မှာထားတဲ့ဒေါသစိတ်ဟာ၊ချစ်ခင်တဲ့စိတ်မဟုတ်ဘူး၊မုန်းတီးတဲ့စိတ်ဖြစ်တယ်၊အကျိုးပြုတဲ့စိတ်မဟုတ်ဘူး၊အကျိုးပျက်စီးစေတဲ့စိတ်ဖြစ်တယ်၊တည်ဆောက်တဲ့စိတ်မဟုတ်ဘူး၊ဖျက်ဆီးတဲ့စိတ်ဖြစ်တယ်၊မှန်ကန်တဲ့စိတ်မဟုတ်ဘူး၊မှားယွင်းတဲ့စိတ်ဖြစ်တယ်၊ကောင်းမြတ်တဲ့စိတ်မဟုတ်ဘူး၊ယုတ်ညံ့တဲ့စိတ်ဖြစ်တယ်၊ဘေးကင်းတဲ့စိတ်မဟုတ်ဘူး၊ဘေးတွေ့နိုင်တဲ့စိတ်ဖြစ်တယ်၊ခိုက်ရန်မရှိတဲ့စိတ်မဟုတ်ဘူး၊ခိုက်ရန်ဖြစ်တဲ့စိတ်ဖြစ်တယ်၊အပြစ်ကင်းတဲ့စိတ်မဟုတ်ဘူး၊အပြစ်ရှိတဲ့စိတ်ဖြစ်တယ်၊ငြိမ်းချမ်းတဲ့စိတ်မဟုတ်ဘူး၊ပူလောင်တဲ့စိတ်ဖြစ်တယ်၊မုန်းတီးရန်လိုတဲ့စိတ်တွေနဲ့ပြုလုပ်ကြရတဲ့၊ခိုးတာတွေ၊လိမ်တာတွေ၊သတ်တာတွေဟာ မလုပ်သင့်တဲ့အလုပ်တွေဖြစ်ကြောင်း၊ဗုဒ္ဓက ဟောဖော်ညွှန်ပြဆိုဆုံးမခဲ့ပါတယ်။ ကျွန်တော်တို့ဟာ၊ဗုဒ္ဓသာသနာတွင်းမှာနေထိုင်သူတွေဖြစ်တဲ့အတွက်၊ဗုဒ္ဓစကားကိုတော့နားထောင်သင့်ပါတယ်၊အဲဒီစိတ်တွေများလာရင်၊လူတယောက်ဟာ စိတ်ထောင်းတော့ကိုကျေဆိုသလိုမျိုးဖြစ်ပြီး၊ကျန်းမာရေးကိုတောင်ထိခိုက်ပျက်စီးစေနိုင်ပါတယ်၊အပြစ်ဒါန်ကျခံရစေနိုင်တဲ့အလုပ်မို့ ရှောင်ရှားသင့်ကြပါတယ်၊မကောင်းတဲ့စိတ်မှန်းသိပါလျက်နဲ့၊အခုလို ခိုးမှုတွေ၊လိမ်မှုတွေ၊သတ်မှုတွေကိုကျူးလွန်မိတဲ့သူဟာ၊ကိုယ်ရဲ့ဆန္ဒကို သတိနဲ့မစောင့်ထိမ်းနိုင်တဲ့၊လူမိုက်ဖြစ်ကြောင်းဖော်ထုတ်ပြနေတာနဲ့အတူတူပါပဲ။ အဲဒီလိုပြုလုပ်တဲ့သူတွေအပေါ်မှာ၊ပြန်လည်တုံ့ပြန်လက်စားချေမှုမလုပ်ဘဲ၊တရားဥပဒေအတိုင်းသာဆောင်ရွက်သွားကြဘို့လဲအရေးကြီးပါတယ်၊ကိုယ်က သူအလုပ်မျိုးသူအကျင့်မျိုးနဲ့သာပြန်လည်တုံ့ပြန်မယ်ဆိုရင်၊ကိုလဲသူလိုလူဖြစ်သွားမှာပါပဲ၊သူထက်ဆိုးတဲ့(သူယုတ်မာ)တောင်ဖြစ်သွားနိုင်ပါတယ်၊အဲဒီလို ဆိုးပြစ်တွေမဖြစ်ချင်ဘူးဆိုရင်တော့ မှန်ကန်တဲ့အသိဉာဏ်ကိုဆုတ်ကိုင်ပြီး၊ကိုယ်ရဲ့ဆန္ဒကို၊သမ္မာဆန္ဒဖြစ်အောင်၊မိစ္ဆာ ဆန္ဒ မဖြစ်ပေါ်အောင်သတိနဲ့စောင့်ထိမ်းပြီး အလုပ်လုပ်ကြရမှာဖြစ်တယ်၊အဲဒီလိုသူတပါးကို အပြစ်ဖြစ်စေနိုင်တဲ့စိတ်ဓါတ်ဟာအပြစ်တွေကို ပြန်လည်ခံစားရမှာဖြစ်ပါလားလို့ဆိုတဲ့အသိစိတ်နဲ့ကိုယ့်ကိုအပြစ်ကျစေနိုင်တဲ့အာရုံတွေကိုထိမ်းသိမ်းပြီး၊မလုပ်မိအောင်ရှောင်ရှားကြရမှာပါ၊ဒီအာရုံတွေထားမိရင် လစ်လျှူရှုပြစ်လိုက်ရမှာပါ။ အဲဒီလိုနဲ့အခုလိုအလုက်တခုကိုဆောင်ရွက်တော့မယ်ဆိုရင်၊တဖက်လူအကျိုးထိခိုက်အောင်လုပ်ရင်၊မကောင်းမှန်းသိပြီး၊တခြားပုဂ္ဂိုလ်တွေအပေါ်မှာ၊မေတ္တာစိတ်ကိုမွေးမြူထားရှိပြီး ဆောင်ရွက်ကြဘို့လိုပါတယ်၊မေတ္တာစိတ် သတ္တိမှ၊မေတ္တာစိတ်အင်အားအဆင့်သို၎င်း၊အဲဒီမှတဆင့် မေတ္တာစိတ်တံခိုးသို့၎င်း၊အဆင့်ဆင့်၊တိုးတက်ခိုင်မာလာအောင် တည်ဆောက်ပြီး လုပ်ကိုင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊မေတ္တာနဲ့အလုပ်လုပ်တာဟာ၊အလွန်မွန်မြတ်တဲ့အလုပ်မှန်း သိနေရမှာပါ။ မေတ္တာစိတ်ဟာ တဖက်လူကိုချစ်ခင်တဲ့စိတ်ဖြစ်တယ်၊အကျိုးစီးပွားကိုပြုပေးတဲ့စိတ်ဖြစ်တယ်၊တဖက်လူရဲ့အပြောမှား၊အဆိုမှားကိုခွင့်လွှတ်စိန်ဖြစ်တယ်၊ပုဂ္ဂိုလ်ခွဲခါးမှုမရှိတဲ့စိတ်ဖြစ်တယ်၊မှန်ကန်ရိုးသားဖြူစင်၊အေးချမ်းတည်ငြိမ်တဲ့စိတ်ဖြစ်တယ်၊မေတ္တာစိတ်ဟာမှန်ကန်တဲ့စိတ်ဖြစ်တယ်၊အန္တရာယ်မရှိတဲ့စိတ်ဖြစ်တယ်၊အကျိုးပြုခြင်တဲ့စိတ်ဖြစ်တယ်၊ပူပန်တဲ့စိတ်မျိုးမဟုတ်ဘူး၊အဲဒါကြောင့် ပူပန်တဲ့စိတ်မဖြစ်ပေါ်နိုင်အောင်၊အေးချမ်းတဲ့စိတ်မျိုးဖြစ်ပေါ်နိုင်အောင်၊လိမ်လယ်လှည့်ပြား၊ခိုးသတ်လုပ်ငန်းတွေကို မလုပ်ဖြစ်အောင်၊ကျိုးစားလုပ်ကိုင်ကြရမှာဖြစ်ပါတယ်။ Do the lest at present. "ပစ္စုပ္ပန်မှာ အကောင်းဆုံးပြုလုပ်ပါ" ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ပြုပြီး၊ဆောင်ရွက်မှသာ၊သူအကျိုး၊ကိုယ်အကျိုးနှစ်ကျိုးကို မထိခိုက်ပဲ၊အောင်မြင်မှန်ကန်စွာဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်၊အဲဒီတော့ အကုသိုလ် အလုပ်ကိုမလုပ်ဘဲ ကုသိုလ်အလုပ်ကိုသာ လုပ်ဘို့အရေးကြီးပါတယ်၊* အကုသလာဓမ္မာ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ။* ကုသလာ ဓမ္မာ အနဝဇ္ဇ သုခဝိပါက လက္ခဏာ။* အကုသိုလ်ဆိုတာ၊အပြစ်နှင့်တကွဖြစ်ခြင်း၊မကောင်းသောအကျိုးကိုပေးခြင်း၊လက္ခဏာရှိပါတယ်။ကုသိုလ်ဆိုတာ၊အပြစ်မရှိခြင်း၊ကောင်းသောအကျိုးကိုပေးခြင်း၊လက္ခဏာရှိပါတယ်။အကုသိုလ်ဆိုတာ(ပဟာတဗွ)အလိုမရှိအပ်၊ပ်ါယ်အပ်၊မရယူအပ်၊လက်မခံအပ်ပါဘူး။* ကုသိုလ်ဆိုတာ(ဘာဝေတဗ္ဗ)အလိုရှိအပ်တယ်၊ကောင်းသောအကျိုးကိုပေးတယ်၊ရယူအပ်တယ်၊ပွားများအပ်တယ်၊ကျင့်ကြံအားထုတ်အပ်ပါတယ်။အဲဒါကြောင့် မဲလိမ်၊မဲခိုး၊မဲမသာသူတို့ရဲ့အကုသိုလ်နောက်ဆုံးခရီးဟာ၊တရားဥပဒေအရ၊အရေးယူအပြစ်ပေးခြင်းခံကြရမှာမို့၊လောကကော၊သံသရာမှာပါ၊ခံစားရမှာမို့၊မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊စိတ်ကိုဖြူအောင်ထားနိုင်ကြဘို့ သတိပေးရေးသားဖော်ပြလိုက်ရပါတယ်။ စာပေသစ္စာဖြင့်ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...