Tuesday, October 13, 2020

"ပြည်သူ့ မေတ္တာ ကမ္ဘာကို လွှမ်းပြန်ပြီ"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်ပါတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာ Facebook တွင် သတင်းမှား၊သတင်းတုဖြန့်ဝေနေသူတွေကို သက်သေအထောက်ထားများနှင့်တကွစုံစမ်းဖော်ထုတ်လို့ရတယ်၊နေရပ်လိပ်စာလဲသိတယ်၊အဲဒီကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုတင်ပြတော့အရေးမယူဘိုနဲ့၊ပြည်သူတွေသိအောင်သာဖော်ပြပေးပါလို့ လမ်းညွှန်တယ်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ၁၀ / ၁၀ / ၂၀၂၀ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများအားပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချက်ကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရန်သူသဖွယ် တိုက်ခိုက်နေတဲ့ သူတွေအပေါ်မှာဒေါသမထွက် မေတ္တာ သက်သက်ဖြင့်သာ ဆက်ဆံကြောင်းသိရှိနိုင်ပါတယ်။နိုင်ငံရေးသဘောတရားအရ၊ရန်သူကိုမိတ်ဆွေဖွဲ့ရမယ်၊မိတ်ဆွေကို မိသားစုအလားသက်ဝင်အောင် ဆက်ဆံရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့လဲ ကိုက်ညီနေတာကိုတွေ့ရမှာဖြစ်ပါတယ်။တိုက်ခိုက်နေတဲ့ ရန်သူတွေကို တန်ပြန်တိုက်ခိုက်နေရင် ငြိမ်းချမ်းရေးဆိုတဲ့သဘောဟာ၊ဘယ်တော့မှဖြစ်ပေါ်မလာနိုင်တော့ပါဘူး၊တိုက်ခိုက်လာတဲ့ရန်ဘက်အပေါ်မှာ၊နာလည်မှုဖြင့်ခွင့်လွှတ်နိုင်မှသာဧငြိမ်းမှုရရှိနိုင်ကြောင်းကို၊အတိုင်ပင်ခံပုဂ္ဂိုလ် သိရှိနားလည်ထားပုံရပါတယ်။ ဤကိစ္စအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကရန်ဘက်လိုတိုက်ခိုက်နေတဲ့အပေါ်မှာ၊သီးခံခဲ့တာမဟုတ်ပါဘူး၊ခွင့်လွှတ်ခဲ့တာပါ၊သီးခံခြင်းသည်၊လက်စားချေခြင်း၏နိဒါဏ်း၊ခွင့်လွှတ်ခြင်းသည်လက်စားချေခြင်း၏နိဂုံးလို့ဆိုတဲ့စကားအရ၊နားလည်ခွင့်လွှတ်လိုက်ခြင်းဖြစ်ပါတယ်၊သီးခံတယ်ဆိုတာ၊စိတ်ထဲကတော့ မခံခြင်းပါဘူး၊မနိုင်လို့သာသီးခံလိုက်ရတာပါ၊တချိန်ချိန်ပြန်လည်လက်စားခြေဘို့ ပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်၊ခွင့်လွှတ်တယ်ဆိုတာက၊တဖက်လူရဲ့စိတ်ဓာတ် အခြေအနေကိုနားလည်ခြင်းအပြည့်အဝနဲ့ခွင့်လွှတ်လိုက်တာဖြစ်လို့၊နောင်တဖန်လက်စားခြေဖို့မရှိတဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။ သီးခံခြင်းဟာ သံသရာမပြတ်ဆက်နေရမဲ့ လောဘ၊ဒေါသမောဟ၊အခြေနေပဲဖြစ်ပါတယ်၊နားလည်ခွင့်လွှတ်လိုက်ခြင်းဟာ၊လောဘ၊ဒေါသ၊မောဟတွေချုပ်ဆုံးပြီး၊အလောဘ၊အဒေါသ၊အမောဟ၊ဆိုတဲ့လောဘမရှိ၊ဒေါသမရှိ၊မောဟမရှိတဲ့ အခြေနေမို့ မေတ္တာ သဘောသက်ဝင်နေပါတယ်မေတ္တာဆိုတာ၊အဒေါသဆိုတဲ့၊တဖက်လူအပေါ်မှာဒေါသမဖြစ်တာကိုခေါ်တာပါ၊မေတ္တာသဘောဟာ၊မိမိအတွက်၊ပထမဆုံးဧငြိမ်းမှုကိုရရှိပါတယ်၊မိမိရဲ့စိတ်အခြေအနေကြောင့်မိမိရဲ့မျက်နှာ အနေအထားလဲ ကြည်လင်ဝင်းပပြီးကြက် သရေရှိလှပါတယ်၊အဲဒါကြောင့်လဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မျက်နှာအနေအထားဟာ အမြဲကြည်လင်းပြီးနေတာပဲဖြစ်ပါတယ်၊တဖက်လူအပေါ်မှာရန်လိုမုန်းထားသူရဲ့ ဓိတ်ဓာတ်ဟာ၊မကြည်လင်တဲ့အတွက်၊မျက်နှာအနေအထားလဲကြည်လင်းခြင်းမရှိပါဘူး၊လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုသာ အားသွန်ခွန်စိုက်လုပ်ပြီး၊စိတ်ချမ်းသာ၊ကိုယ်ချမ်းသာအောင် နေတတ်သူအဖို့ကျန်းမာရေး အချေအနေလဲကောင်းနိုင်ပါတယ်၊စိတ်ဆိုးစိတ်ညစ်ကြောင့် ထွက်လာမဲ့အင်ဇိုင်းတွေ ထွက်မလာတော့တဲ့အတွက်၊စိတ်ထောင်းလို့ကိုယ်ကြေဆိုတဲ့အဖြစ်မျိုးကို မရောက်နိုင်တော့ပါဘူး၊စိတ်ဓာတ်အခြေအနေအရ၊တပါးသူအပေါ်မှာအဘိတ္ဇာ၊ဒေါမနဿတွေမထားတဲ့သူဟာ၊မထင်မှတ်တဲ့ ရောဂါတွေလဲကပ်ရောက်မှုနည်းပါတယ်။ မေတ္တာစည်းကမ်း မေတ္တာအခြေခံမူ(၆)ချက်ရှိတယ်၊အဲဒါတွေကတော့၊ ၁။ စိတ်ဆိုးစိတ်ပျက် အမျက်ဒေါသမထွက်ရတာ၊ ၂။ မထေမဲ့မြင် မထိလေးစား မသိကျိုးကျွန်မပြုရတာ။ ၃။ ဆင်းရဲကိုမလိုလားရတာ။ဆင်းရဲရောက်ရမဲ့အမှုကိုမလုပ်ရတာ။ ၄။ အနေမကြတ်တည်းမကျဉ်းမြောင်းစေတာ။ ၅။ ရန်ငြိုးရန်ထောင်မလုပ်ရတာ။၆။ ရန်သူ(ပြိုင်ဘက်)မလုပ်ရတာတွေပဲဖြစ်ပါတယ်။မေတ္တာစစ် မေတ္တာမှန်ဆိုတာ ရွတ်ဖတ်ပြီးပို့နေရတာထက်လွန်ပြီး။လောကအကျိုးဖြစ်ထွန်းအောင်၊မိမိရဲ့ လုပ်ဆောင်ချက်နဲ့အကောင်အထည်ဖော်ဆောင်ရွက်ရတာပဲဖြစ်ပါတယ်၊တပါးသူအပေါ်မှာ ဒေါသတရားမထားရှိဘဲ၊မေတ္တာတရားထားရှိသူတွေဟာ၊ချစ်ခြင်း မေတ္တာတရားကိုပွားများကြပြီး ဘဝခရီးကို လျှောက်လှမ်းလို့ မေတ္တာ ကမ္ဘာကိုတည်ဆောက်ကြသူတွေဖြစ်ပါတယ်။ မေတ္တာတရားထားရှိခြင်တဲ့သူဟာ လေးလေးစားစားရမယ့် အချက်သုံးချက်ရှိပါတယ်။ ၁။ ဘယ်လိုအကြောင်းကြောင်းကြောင့်မှ ဘယ်သူကိုမှ စိတ်ဆိုး၊စိတ်ပျက်၊အမျက်ဒေါသ မထွက်မိကြပါစေနဲ့။သူများတွေကိုလဲအဲဒီလို၊စိတ်ဆိုး၊စိတ်ပျက်၊အမျက်ဒေါသထွက်အောင်မလုပ်မိကြပါစေနဲ့။ ၂။ ဘယ်လိုအကြောင်းကြောင့်မှ၊ဘယ်သူကိုမှညှင်းဆဲ၊ချုပ်ချယ်၊တာမြစ်ဟန့်တား၊ပိတ်ပင်ရန်စထောင်လို၍ပဲဖြစ်ဖြစ်၊နှိမ့်ချပြီး မထေမဲ့မြင် မထီလေးစားမသိကျိုးကျွန် မလုပ်မိကြပါစေနဲ့၊လူတွေကိုအဆင့်အတန်း မခွဲခြားဘဲ ကိုယ်နဲ့တန်းတူထားပြီး လေးလေးစားစား ချစ်ခင်တဲ့အမူအရာ၊မျက်နှာနေ၊မျက်နှာထားနဲ့နေထိုင်ပြောဆိုပြုမှုဆက်ဆံပေးရပါမယ်၊အသိမှတ်ပြုပေးတာ ချီးကျူးဂုဏ်ပြုသင့်တာတွေကိုလဲ ပြုသင့်ပြုထိုက်တဲ့အတိုင်း ချီးကျူးဂုဏ်ပြုပေးကြရမှာဖြစ်တယ်။၃။ဘယ်လိုအကြောင်းနဲ့မှ လူတယောက်က ၊အခြားလူတယောက် ဆင်းရဲဒုက္ခ ရောက်မဲ့အမှုကို မလုပ်မိပါစေနဲ့၊အဲ့ဒီသုံးချက်ဟာ၊မေတ္တာတရားရဲ့ "စည်း"။မေတ္တာတရားရဲ့" ကမ်း"။မေတ္တာတရားရဲ့ "စည်းကမ်း " ။မေတ္တာတရားရဲ့ "ဥပဒေ "တွေပဲဖြစ်ပါတယ်။ အဲဒီလို စည်းကမ်းထားတဲ့သူတွေဟာ၊စည်းကမ်းဖောက်ဖျက်ဖို့ အခွင့်ကြုံလာရင်တောင် ကိုယ်ကျိုးပဲစွန့်လွှတ်အနစ်နာခံရမှာများပါတယ်၊လူ့အဖွဲ့အစည်း ဖျက်ဆီးသူဆိုတဲ့ သီလပျက်၊မေတ္တာပျက်ကြီးနဲ့၊အသက်တရာရှည်နေရင်တောင်၊ အချီးအနှီး အလကားယူအဖြစ်ပါပဲလို့သိထားရမှာပါ၊ဒါဟာ ရိုးသား ဖြူစင် ဖြောင့်မတ် ယဉ်ကျေးတဲ့လူအဖြစ်တွေပဲလို့ သိထားရမှာပါ၊လူတယောက်မေတ္တာပျက်ပြီဆိုရင်၊"စိတ်ဓာတ်မှား"ကြောင့်၊လုပ်ရပ်မှားတွေဖြစ်တယ်၊"လုပ်ရပ်မှား"ကြောင့်၊"ရလဒ်ဖြစ်ရပ်ဆိုး"တွေဖြစ်တယ်၊"ရလဒ်ဖြစ်ရပ်ဆိုး"ကြောင့် လူမှာအသိအမြင်"စိတ်ဓာတ်မှား"တွေထပ်ဖြစ်ရပြန်တယ်၊အဲဒီလိုနဲ့လူမှာ၊အဲဒီအမှားသံသရာကြီးက လည်နေတော့မှာဖြစ်ပါတယ်၊မေတ္တာပျက်သူ၊ဒေါသကိုရှေ့တန်းတင်သူတွေရဲ့မကောင်းကျိုးပါပဲ။ မေတ္တာဆိုတာ မြန်မာစကားမဟုတ်ဘူး၊ ပါဠိစကားပါ၊မူရင်းဓါတ်အထိ ဖော်စပ်ကြည့်ရရင်၊မေတ္တာမှာ မူရင်းဓါတ်"မိဒ" က = သိနေဟန(စေးကပ်ခြင်း)အနက်ဖြစ်ပါတယ်၊စေးကပ်တဲ့သဘောဟာ မေတ္တာ ပါပဲ။ဥပမာပြောရရင်၊အုပ်ခဲနှစ်ခဲဟာ၊ဘာအစေးဓာတ်မှမရှိဘူးဆိုတော့တခဲနဲ့တခဲ မတွဲစပ်ဘူး၊အဲဒါကို၊ဘိလပ်မြေ၊ထုံး၊သဲ၊ရေ၊အချိုးအစားကျနအောင်ဖျော်စပ်ပြီး၊အုပ်ခဲနှစ်ခုကြားပါညှပ်ပါ၊အဲဒီလိုတွဲစပ်ပေးလိုက်တဲ့အခါ၊အုပ်ခဲနှစ်လုံးဟာ တသားထဲတွဲစပ်သွားတယ်၊အဲဒီလိုအုပ်ခဲနှစ်ခဲကို၊တွဲစပ်သွားစေတာဟာ၊ဘိလပ်မြေ၊ထုံး၊သဲ၊ရေ၊အချိုးကျဖျော်စပ်ထားတဲ့၊မဆလာရှိတဲ့ စေးကပ်တတ်တဲ့၊အစေးဓါတ်ကြောင့်ပဲဖြစ်ပါတယ်၊ဒီလိုနဲ့ အိုးအိမ်တိုက်တာအဆောက်အဦးကြီးတွေဖြစ်လာပြီးတော့ လူသားတွေအတွက်၊အကျိုးစီးပွားများစွာဖြစ်လာသလိုပဲ၊လူတဦးနဲ့တဦး၊လူသားတစ်မျိုးနွယ်နဲ့တမျိုးနွယ်၊လူ့အဖွဲ့စည်း၊တဖွဲ့နဲ့တဖွဲ့၊တပါတီနဲ့တပါတီ၊တဘာသာနဲ့တဘာသာ၊တသားထဲအဖြစ် စည်းလုံးညီညွှတ်အောင်လုပ်နိုင်တာဟာ၊စေးကပ်တဲ့သဘောရှိတဲ့ "မေတ္တာ " သဘောပဲဖြစ်တယ်၊တခြားဘယ်အရာကမှ မလုပ်နိုင်ပါဘူး။ လူတဦးကအခြားတဦးစေးကပ်တယ်ဆိုတာ၊အကျိုးစီးပွားလိုလားတာပါပဲ၊ဒါကြောင့် မေတ္တာဆိုတာသူ့အကျိုးစီးပွားကို ကိုယ်ကလိုလားတာ၊လူသားအချင်းချင်းတဦးပေါ်တဦးသိမြင်နားလည်ခွင့်လွှတ်ပြီး ကိုယ့်အကျိုးစီးပွားကိုလဲသူကလိုလား၊သူ့အကျိုးစီးပွားကိုလဲကိုကလိုလား၊အဲဒီလိုသူ့အကျိုးစီးပွား၊ကိုယ့်အကျိုးစီးပွားတွေကိုအပြန်အလှန်လိုလားကြတဲ့သဘောတရားဟာ မေတ္တာ ပါပဲ။အဲ့ဒါကြောင့် မေတ္တာ ပျက်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့၊စိတ်ဆိုး၊စိတ်ပျက်၊အမျက်ဒေါသ၊မထွက်ရတာ၊ညှဉ်းဆဲချုပ်ချယ်၊တာမြစ်၊ပိတ်ပင်၊ဟန်တားလို၍ပဲဖြစ်ဖြစ်၊ရန်စထောင်လို၍ပဲဖြစ်ဖြစ်၊ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်၊လူတယောက်ကအခြားလူတယောက်ကိုဆင်းရဲဒုက္ခရောက်သွားအောင်မလုပ်ရတာတွေဟာလဲ မေတ္တာပါပဲ။ အဲဒီလို စိတ်ဓါတ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာအပြည့်အဝရှိပါတယ်၊အဲ့ဒါကြောင့် လူတွေကိုထိခိုက်မသွားစေဘို့အတွက်၊နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အပေါ် လူမှုကွန်ယက်စာမျက်နှာ Facebook တွင်သတင်းမှား၊ဖြန့်ဝေသူများမှ၊သတင်းမှားဖြန့်ဝေနေမှုကိုသက်သေနှင့်တကွ စုံစမ်းဖော်ထုတ်လို့ရပြီးနေရပ်လိပ်စာအတိအကျသိတဲ့အကြောင်းကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုတင်ပြတော့ အဲဒီလူတွေကို အရေးမယူဘဲ၊ပြည်သူတွေသိအောင်သာ ဖော်ပြပါလို့ညွှန်ပြခဲ့တယ်လို့သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောကြားခဲ့တာကိုကြည့်ခြင်းအားဖြင့်၊သတင်းတု၊သတင်းမှားများရေးသားဖြန့်ဝေတိုက်ခိုက်နေသူများအပေါ် ၊ရန်ဘက်သဘောမထားပဲ၊သူတို့အကျိုးကို မထိခိုက်စေတဲ့၊နားလည်ခွင့်လွတ်တဲ့မေတ္တာ သဘောပဲဖြစ်ပါတယ်၊အဲဒါဟာ ပြည်သူ့ခေါင်းဆောင်ရဲ့ မေတ္တာကို ကမ္ဘာကလွှမ်းခြုံဖော်ပြလိုက်ခြင်းဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။ စာပေသစ္စာဖြင့်ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...