Thursday, October 8, 2020

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းထိုက်နှင့် တွေ့ဆုံခြင်း

တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီးအမှတ်(၂)တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းထိုက်နှင့် တွေ့ဆုံခြင်း မေး ။ အန်ကယ်ရဲ့ကိုယ်ရေးအကျဉ်းသိပါရစေ။ ဖြေ ။ တောင်တွင်းကြီးမြို့၊အုန်းတော(၁)ရပ်ကွက်တွင်၁၉၄၄ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့တွင်(ဘ)ဦးသိန်းမောင်(မိ)ဒေါ်မြသန်းမှမွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို မောင်နှမ(၈)ဦးအနက် ဒုတိယသားဖြစ်သည်။တောင်တွင်းကြီးမြို့အ.ထ.က(၁)တွင် မူလတန်းမှအလယ်တန်းအောင်ထိတက်ရောက်ခဲ့ပြီး ၁၉၅၈ခုနှစ်မှ ၁၉၆၀ခုနှစ်ထိ ရန်ကုန်မြို့နတ်မောက်လမ်း Technical Hight School တွင်အဆောက်ဦးသင်တန်နှင့် Hight School Final အောင်မြင်ခဲ့တယ်။၁၉၆၄ခုနှစ် ဇန်နဝါရီလ (၅)ရက်တွင်တောင်တွင်းကြီးမြို့  မြူနီစံပယ်အဖွဲ့တွင် Overseer လမ်းဗိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၆၆ခုနှစ် သြဂုတ်လ(၃၀)ရက်တွင် နိုင်ငံရေးနှင့်အထိမ်းသိမ်းခံရ၊၁၉၆၇ခုနှစ်အောက်တိုဘာ(၁၀) နေ.တွင်လွှတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်၊၁၉၆၉ခုနှစ်တွင်မိတ္ထီလာမြို့ ဆည်မြောင်းတိုင်တာရေး(၁)တွင် အင်ဂျင်နီယာမြေတိုင်အဖြစ် စတင်ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအတွက်ထောက်ခံဆွေးနွေးခဲ့တယ်။၁၉၇၉ခုနှစ်တွင် S.A.E အဖြစ်ပျဉ်းမနားမြို့ ဆည်မြောင်းထိန်းသိမ်းရေးတွင်တာဝန်ထမ်းဆောင်ခဲ့။ ၁၉၈၈ခုနှစ်တွင် ပျဉ်းမနားမြို့ ဒီမိုကရေစီငြိမ်းချမ်းရေးအဖွဲ့နှင့်ပူပေါင်း၍ ဆန္ဒပြခေါင်းဆောင်လုပ်ခဲ့သည်။ယခုအချိန်တွင် ပရဟိတလုပ်ငန်းများကို ပြည်မြို့  ကြားတောရကျောင်းဆရာတော်ထံတွင် ဆောင်ရွက်လျှက်ရှိသည်။ မေး ။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံသိချင်ပါတယ်။ ဖြေ ။ ဒီမိုကရေစီအခြေခံပြီး ပါတီတွေကစည်းရုံးနေကြတယ်။ကိုယ်တိုင်ကတော့ တစ်သီးပုဂ္ဂလအနေနဲ့သွားလို့ရမယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ပါ။ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သွားမယ်။မိမိ၏ဇာတိမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတတ်သိသော ပညာအရည်ချင်းနှင့်အစွမ်းရှိသ၍ဆောင်ရွက်လိုပါတယ်။ဒါကြောင့် ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက်  ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ မေး ။  ဘယ်လောက်ထိမျော်မှန်းထားတာရှိသလဲ? ဖြေ။ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ ရွေးကောက်ပွဲတွေ၊နောက်ဖွဲ့စည်ပုံအခြေခံဥပဒေအရပြောရမယ်ဆိုရင်တော့ အာဏာဟာပြည်သူကဆင်းသက်တာဘဲဖြစ်တဲ့အတွက် ဒီကနေ့ပါတီတွေလွှတ်တော်ကိုယ်စားလှယ်တွေယှဉ်ပြိုင်အရွေးခံတဲ့အခါမှာ ပြည်သူ့ရဲ့အဆုံးအဖြတ်ပါဘဲ။ဘယ်လောက်ထိအောင်မျှော်မှန်းထားသလဲ ဆိုရင်တော့ပြည်သူတွေအပေါ်မှာမူတည်ပါတယ်။ပြည်သူတွေကယုံကြည်လို့အားကိုးလို့တာဝန်ပေးမယ်ဆိုရင် မြို့နယ်အကျိုးခရိုင်အကျိုး၊တိုင်းအကျိုးကိုစွမ်းစွမ်းတမန်ပြည် သူ့ရဲ့လိုအပ်ချက်တွေကိုဆောင်ရွက်ပေးဖို့ ကျန်တော်အဆင်သင့်ဖြစ်နေပါပြီ။ မေး။ သတင်းမီဒီယာ သမားတွေဘက်လိုက်မှုရှိနေတယ်လို့အသံတွေထွက်နေတယ် အဲဒီအပေါ်မှာ ဘက်လိုက်မှုလျှော့နည်းသွားအောင်ဘယ်လိုသုံးသပ်ပေးနိုင်မလဲ? ကျန်တော်အနေနဲ့ကတော့ စတုတ္ထမဏ္ဍိုင်လို့သတ်မှတ်ထားတာဖြစ်တယ်။သတင်းမီဒီယာသမားတွေဟာ စတုတ္ထမဏ္ဍိုင်သမားတွေဖြစ်ပါတယ်။ ဥပဒေပြုတယ်၊တရားစီရင်တယ်၊အုပ်ချုပ်တယ်၊အဲ့ဒီမဏ္ဍိုင်တွေအပြင်စတုတ္ထမဏ္ဍိုင်စာနယ်ဇင်းတွေသတင်းမီဒီယာသမားတွေကမှန်ကန်တိကျတဲ့၊ဘက်မလိုက်တဲ့ပြည်သူတွေကိုလမ်း ညွှန်ပေးနိုင်တဲ့သတင်း၊ဆောင်းပါးတွေရေးပေးနိုင်ရင်တော့ပိုကောင်းပါတယ်။ဒီမိုကရေစီခရီးသွားကျတဲ့အခါမှာကျန်တေိာတို့ကြည့်သွားလို့မရဘူး။အုပ်ချုပ်ရေးအဖွဲကအုပ်ချုပ်သွား လိမ့်မယ်၊တရားစီရင်ရေးက တရားရေးမဏ္ဍိုင်ခိုင်မြဲအောင်လုပ်သွားမယ်၊ဥပဒေသမားတွေကဥပဒေပြုကြတဲ့အခါမှာ၊ဥပဒေ၊အုပ်ချုပ်ရေး၊တရားစီရင်ရေးဆောင်ရွက်တဲ့အခါဆောင်ရွက် ချက်တွေဟာ ဒီလိုရှိတယ်ဆိုတာတွေကိုသတင်းမီဒီယာသမားတွေကဖော်ထုတ်ပေးမှ ပဉ္စမမဏ္ဍိုင်ပြည်သူတွေကလိုက်ပါလာနိုင်မှာ၊သတင်းလွတ်လပ်ခွင့်ပေးလိုက်တဲ့အခါသတင်း အမှားတွေကအများကြီးတက်လာတယ်။ကျန်တော်ပြောချင်တာကတော့ သတင်းမီဒီယာသမားတွေဟာ နိုင်ငံတစ်နိုင်ငံမှာ စတုတ္ထမဏ္ဍိုင်အဖြစ်တာဝန်ယူထားရတဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒီစတုတ္ထမဏ္ဍိုင်ဟာလည်း ပဉ္စမမဏ္ဍိုင် လို့ခေါ်တဲ့ပြည်သူတွေ၊အသိဉာဏ်တွေကိုအမှန်တရားပေါ်မှာရောက်ရှိသွားအောင်ကြိုးစားဆောင်ရွက်ကျရမဲ့အဖွဲ့စည်းဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကပြည်သူတွေကိုလမ်းညွှန်မှုပေးတဲ့နေရာမှာ၊မျှတတဲ့သာတူညီမျှဖြစ်တဲ့ ကိုယ်ချင်းစာတရားရှိတဲ့ မှန်ကန်တဲ့သတင်းတွေကို ထုတ်လွှင့်ရေးသားပေးစေချင်ပါတယ်။ ဒီလိုထုတ်လွှင့်ရေးသားပေးခြင်းအားဖြင့် ဒီမိုကရေစီခရီးလမ်းကြောင်းဟာ တိုတိုလေးနဲ့ရရှိနိုင်ပါတယ်။တရားမျှတမှန်ကန်တဲ့ ကျန်တော်တို့နိုင်ငံရေးကတော့၊ပြည်သူတွေကတော့ ဦးဆောင်မှုပေးနိုင်တဲ့ သတင်းမီဒီယာသမားတွေဖြစ်အောင် နိုင်ငံတော်အတွက်ကော၊ပြည်သူတွက်ကောကြိုးစားဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ မေး ။ အန်ကယ်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုရှိရင်ပြောပြပါ။ ဖြေ ။ အလယ်တန်းကျောင်းသားဘဝမှစ၍ သမဂ္ဂကျောင်းသားကြီးများနှင့်လက်တွဲ၍ ၁၉၅၇ ခုနှစ်(၇)တန်းစာမေးပွဲတန်းခွဲ၊တန်းချစနစ်အား ကန့်ကွက်ဆန္ဒပြခဲ့။၁၉၅၈ခုနှစ်ရန်ကုန်မြို့ နတ်မောက်လမ်း စက်မှု - လက်မှုအထက်တန်းကျောင်းတွင် ဆန္ဒပြတောင်းဆိုခဲ့၊ကျောင်းသားလှုပ်ရှားမူများအားထောက်ခံခဲ့၊၁၉၆၆ ခုနှစ်တွင် တောင်တွင်းကြီးထောင်တွင် အထိန်းသိမ်းခံခဲ့ ၊၁၉၈၈ ခုနှစ်အရေးခင်းတွင်ပျဉ်းမနားမြို့၌ ဆည်မြောင်းထိန်းသိမ်းရေးတွင် သပိတ်မှောက်ခေါင်းဆောင်လုပ်ခဲ့၊ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့အားအားပေးခဲ့၊ပြည်မြို့တွင်  ရွှေဝါရောင်တော်လှန်ရေးထောက်ခံခဲ့၊ပရဟိတလုပ်ငန်းများဆောင်ရွက်ပါတယ်။ ပြည်သူတွေကို ဘာများပြောချင်သလဲ။ ဖြေ ။ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်သူဟု ယုံကြည်သောသူများအားလုံးကို ပြည်သူများအနေဖြင့် အားပေးစေချင်ပါတယ်။ စာပေသစ္စာဖြင့် ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...