Saturday, October 3, 2020

သိပ္ပံနည်းကျဝါဒနှင့် ယုတ္တိဗေဒရှင်းချက်

ဗုဒ္ဓဝါဒသည် အိန္ဒိယမှဆင်းသက်လာသော ဝါဒဖြစ်သည်၊အိန္ဒိယ စာပေဟောင်းများတွင် အမျိုးလေးပါးဟုရည်ညွှန်းဖော်ပြခြင်းမှာ၊အဲဒီခေတ်ကလူနေမှုအဆင့်အတန်းစာလက္ခဏာကိုဖော်ပြခြင်းဖြစ်သည်၊အဲဒီလိုအမျိုးလေးပါးကွဲပြားသောကာလပိုင်းကို၊အုပ်စိုးသူခတ္တိယလူတန်းစားများနှင့်၎င်းတို့နဲ့အပေါင်းပါများဖြစ်ကြတဲ့ ဗြဟ္မဏ၊သာမဏများ၊ရသေ့ရဟန်းများ၊ထူထောင်ခဲ့ကြသောယဉ်ကျေးမှုကိုအစွဲပြု၍ အိန္ဒိယ ဗေဒသုတေသီများနဲ့၊အိန္ဒိယသမိုင်းပညာရှင်များကဝေဒခေတ်လို့ရည်ညွှန်းခဲ့ကြသည်။ထိုအစည်းအရုံးနှင့်တိုင်းပြည်များမှာ အာဓိကပ္ပ၊နတ်ဘုရားဗေဒ၊စကြာဝဠာဗေဒ၊နဲ့ မှော်အတတ်တွေကြွယ်ဝခဲ့ကြတယ်၊အဲဒီဝါဒကိုထူထောင်ခဲ့ကြသူတွေကတော့ ဝေဒခေတ် လူ့အစည်းအရုံး၏သုခမိန်တွေဖြစ်တဲ့ ဗြဟ္မဏနှင့်သမဏများပင်ဖြစ်၏၊သူတို့ရဲ့အာဏာတည်မြဲရေးနဲ့အစွန်ရှည်ရေးအတွက် ထူထောင်ခဲ့ကြတာဖြစ်တယ်။ ဇတ်နိမ့်များဖြစ်ကြတဲ့ ဆင်းရဲသားကျေးကျွန်များကိုစိတ်ဓာတ်ရေးရာအရ၊တုတ်တုတ်မျှမလှုပ်ဝံ့၊မလှုပ်နိုင်အောင်ဖိနှိပ်ရန် ဖန်တီးပေးခဲ့ကြတဲ့လက်နက်တွေပဲဖြစ်တယ်။ပိပြားနေအောင်တည်ထောင်ခဲ့တဲ့ဝါဒဖြစ်တယ်၊အိန္ဒိယမှာဆိုရင် ၃၁ ဘုံတောင်မကဘူး၊၄၃ ဘုံတောင်ရှိတယ်၊သူတို့ဖန်တီးခဲ့ကြတဲ့တန်ခိုးရှင်၊နတ်ဘုရားတွေရဲ့အမည်တွေဆိုမရေမတွက်နိုင်အောင်ရှိတယ်၊ကမ္ဘာလောကကြီးကို၊ဖန်ဆင်းတဲ့နတ်မင်းနဲ့စောင့်ရှောက်သောလောကပါလနတ်မင်းကြီးတွေနဲ့ ကိုယ်စောင့်နတ်များအထိ အမျိုးမျိုးရှိကြတယ်။ဗြဟ္မဏ သမဏေနှင့်ရသေ့များရွတ်ဖတ်သရဇ္ဈယ်ရသော၊ဂါထာမန္တာန်များ၊ပူဇော်ပသသောထုံးနည်းနှင့်စည်းကမ်း ၊ဥပဒေများ၊မှော်အတတ်ပညာရပ်ဆိုင်ရာဂါထာမန္တာန်များကိုအသေးစိတ်စီမံထားကြတယ်။ ဝေဒတော်ကြီးကိုအဆုံးသတ်သောဝေဒန္တခေတ်များလည်းရှိသေးသည်၊ကမ္ဘာလောကကြီးကိုဖန်ဆင်းတာတွင်မကပဲလူရဲ့ကြမ္မာကိုပါတိုးချဲ့ရှင်းလင်းခြင်းတွေပြုလာကြတယ်။အိန္ဒိယဗေဒပညာရှင်များရဲ့အဆိုအရ၊ဥပနိသျှကျမ်းပေါင်း(၁၀၀)ကျော်မျှမကရှိ၏၊ရှေးဦး ၁၃ကျမ်းမှာဓေါမယဉ်ကျေးမှုထက်ပင် ရှေးကျသည်ဟုဆိုကြ၏။ဝေဒခေတ်ကိုဆက်ခံတိုးချဲ့သောဂိုဏ်းကြီးခြောက်ဂိုဏ်းပေါ်လာ၏။ညာယ၊ဝိသေသိက၊သံခယ၊ယောဂ၊မိမံသ၊နဲ့ ဝေဒန္တ၊တို့ဖြစ်သည်၊ထိုဂိုဏ်းများထဲက၊ဝိမံသနဲ့ သံခယနှစ်ဂိုဏ်းကတော့ဖန်ဆင်းရှင်နတ်ဘုရားများကိုငြင်းဖျက်ရန်အားထုတ်ခဲ့ကြတယ်၊ကပ္ပိလ ရသေ့ကြီးက ကမ္ဘာလောကကြီးကိုဖန်ဆင်းရှင်နတ်ဘုရားများမလိုအပ်ဟုဆိုကြ၏။ကမ္ဘာလောကကြီးသည်ဘယ်သူမှတည်ဆောက်ထားသောအရာမဟုတ်၊အနာ ဒိ နှင့် အနန္တ ဓမ္မမျှသာဖြစ်တယ်၊တည်ဆောက်သူနတ်ဘုရားများကိုပါယ်ဖျက်သူမှာ ဇေမိဒိ ရသေ့ကြီးပင် ဖြစ်သည်၊ဒီလိုနဲ့ပဲ အဲဒီကစပြီး အုပ်စိုးသူတန်းစားများ၏အာဓိကပ္ပ၊နတ်ဘုရားဗေဒ၊စကြာဝဠာဗေဒ၊နဲ့ မှော်အတတ်ပညာရပ်များကို တော်လှန်မှုတဖြည်းဖြည်းအားကောင်းလာ၏၊ဝေဒကမ္ဘာအမြင်ကို ကြီးကြီးမားမားချောက်ခြားပစ်လိုက်သော၊အတွေအခေါ်အယူဝါဒရေးလှုပ်ရှားမှုနှစ်ခုပေါ်ထွက်လာခဲ့၏၊၎င်းတို့မှာ လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ သာသာခန့်လောက်က၊ဂင်္ဂါမြစ်ဝှမ်းတလျှောက်တွင်အရှိန်အဟုန်ကောင်းကောင်းနှင့် ပေါ်ထွက်လာခဲ့သော ဂေါတမဗုဒ္ဓနှင့်မဟာဝီရ ပင်ဖြစ်သည် ဝေဒတော်လှန်ရေးသမားများဖြစ်သည်။ ဂေါတမဗုဒ္ဓ၏ ဝေဒတော်လှန်ရေးလှုတ်ရှားမှုများကတော့ဝေဒနှင့်အနွယ်တူအယူဝါဒီများအားလုံးလုံးလှုပ်ခါယမ်းသွားစေတယ်၊ဗုဒ္ဓဓမ္မတွင်ဝေဒရဲ့ အရင်းအကျဆုံးဖြစ်တဲ့ဖန်ဆင်းရှင်နတ်ဘုရားကြီးနဲ့တကွ အတ္တဓမ္မများအားလုံးအတွက်နေရာမပေးသောကြောင့်ဖြစ်တယ်၊လွန်လေပြီးသောနှစ်ပေါင်း ၂၅၀၀ ခန့်အကြာသမိုင်းကာလများအတွင်း အိန္ဒိယလူအစည်းအရုံးမြို့ပြနိုင်ငံများတွင် အုပ်စိုးသူလူတန်းစားများဘက်မှရပ်တည်ခဲ့ကြသော၊အာဓိကပ္ပ၊နတ်ဘုရားဗေဒ၊စကြာဝဠာဗေဒ နှင့်မှော်အတတ်ပညာရပ်များကို ရဲရဲဝံ့ဝံပြတ်ပြတ်သားသားတော်လှန်ခဲ့ကြသည်၊သမဏ၊ဗြဟ္မဏများရသေ့ရဟန်းများနှင့်ပညာရှင် သုခမိန်များထူထောင်ခဲ့ကြသော၊ ရုပ်လွန်တရားများအစွဲအလန်းဟောင်းများနှင့်အယူသည်းမှုများကိုတော်လှန်ခဲ့ကြသည်။သို့သော် အိန္ဒိယ လူ့အစည်းအရုံးတွင်ခေတ်မှီသဘာဝ အဘိဓမ္မာနှင့်သဘာဝသိပ္ပံပညာရပ်များဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အဲဒီအချိန်က နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုရေးဆိုင်ရာရေခံမြေခံများပေါ်ထွန်းခွင့်မရခဲ့ပေ။ မဇ္ဈိမခေတ်မြေရှင်ပဒေသရာဇ်စနစ်ဟာ ရာစုနှစ်ပေါင်းများစွာဆက်လက်အားကောင်းခဲ့တာဖြစ်တယ်၊ဒါကြောင့်အသိအမြင်တိုးတက်သင့်သလောက်မတိုးတက်ခဲ့ဘူး။သူတို့အယူအဆ စကြာဝဋ္ဌာမှာ၊ကမ္ဘာကိုဗဟိုလ်ပြုပြီး၊နေလ၊နက္ခတ်တာရာတွေက လှည့်ပါတ်နေသောစနစ်ဖြစ်သည်၊ယ္ခုဆိုလျှင် နေကိုဗဟိုပြု၍လည်ပါတ်နေသောနဂါးငွေ့တန်း ဂလေစီအဖြစ်သိမြင်ခဲ့ကြပေပြီ၊မီးလကြီးဝေးဂလေစီဖြစ်သည်၊အဲလို ဂရေစီပေါင်းများစွာပါဝင်ဖွဲ့စည်းထားတဲ့ မီတာဂလေစီဖြစ်တဲ့၊မဟာစကြာဝဋ္ဌာကြီးဟာ၊သက်တမ်းအားဖြင့်အနည်းဆုံး နှစ်သန်းပေါင်း(၁၀၀၀၀)မှအများဆုံး နှစ်သန်းပေါင်း (၃၀၀၀၀)ခန့်ရှိလောက်ပြီဟု နောက်ဆုံးတိုင်းထွားချက်အရ ကြိယာတန်ဆာပလာများဖြင့်သိရှိရသည်၊နက္ခတ္တဗေဒ၊နှင့်စကြာဝဋ္ဌာဗေဒပညာရှင်များကခန့်မှန်းလျှက်ရှိကြသည်။နေစကြာဝဋ္ဌာ၏ဂြိုလ်ငယ်တလုံးမျှသာဖြစ်သော ကမ္ဘာမြေကြီး၏သက်တန်းကတော့ နှစ်သန်းပေါင်း (၄၀၀၀)ခန့်ရှိသေးကြောင်းအဆိုပြုကြသည်၊အဲဒီပညာရှင်များလိုပဲ၊ခေတ်မီကရိယာတန်ဆာပလာများနဲ့၊စစ်ဆေးနေသော၊ဘုမ္မိဗေဒ၊ရူပဗေဒ၊ဓါတုဗေဒဆရာတို့ကလဲ၊မဟာစကြာဝဋ္ဌာနှင့်ကမ္ဘာဂြိုလ်တို့်၏သက်တန်းများ၊နှိုင်းဆလိုက်သောအခါလူအနွယ်၏သက်ဇိုးမှာဘာမျှမပြောပလောက်ချေ၊ခဏငယ်တခဏလောက်မျှသာရှိဦးမည်ဖြစ်သည်။ မနူဿဗေဒနှင့်ပုရဗေဒပညာရှင်းများကလူဟူ၍ခေါ်ဆိုခြင်းပြုလောက်သော၊သတ္တဝါအမျိုးအစားများ၊ကမ္ဘာမြေပြင်တွင်ဖြစ်ထွန်းပေါ်ပေါက်လာသည်မှာ အနှစ်တစ်သန်းခန့်ပါတ်ဝန်းကျင်လောက်သာရှိလိမ့်ဦးမည်ဟုဆိုသည်၊အနှစ်သန်းပေါင်း ထောင်၊သောင်းမျှလောက်သာကိန်းဂဏန်းနှင့် နှိုင်းဆလိုက်သောအခါအနှစ်တသန်းဆိုသောကိန်းဂဏန်းသည်၊ပြောလောက်စရာမဟုတ်ပေ၊ထိုကြောင့်တခဏငယ်ဟုဆိုခဲ့ခြင်းဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်းတစ်သန်းခန့်ပတ်ဝန်းကျင်လောက်ကမှ ကိုယ့်ခြေနှစ်ချောင်းပေါ်မပြိုလဲဘဲမတ်မတ်သွားလာနိုင်သော၊လူသတ္တဝါသည်၊လွန်ခဲ့သောနှစ်ပေါင်း(၅၀၀၀၀၀)ပတ်ဝန်းကျင်လောက်ကမှ၊မွေးရာပါအသိအခြေအနေမှ စဉ်းစားကြံစီဉာဏ်အဆင့်သို့ စမ်းတဝါးဝါးစတင်လှည့်ပြောင်းလာခဲ့ရတာဖြစ်သည်။အဲဒီလိုနဲ့သဘာဝအရိုင်း၏မီးဓါတ်ကိုသုံးခဲ့ရသည်၊အလေ့ကျဘဝမှ စကားပြောတတ်စပြုလာခဲ့ရ၏၊ဘာသာစကားတရပ်ထူထောင်ခဲ့ပြီဖြစ်သော်လည်း ပီပီပြင်ပြင်ဖွံ့ဖြိုးမှုမရှိသေးပါ။ လူသတ္တဝါသည်အသင်းနှင့်အဖွဲ့အစည်းနှင့်နေထိုင်ကာစကားပြောဆိုဆက်ဆံကာ၊အသိချင်ဖလှယ်နိုင်သောသတ္တဝါ အမျိုးအစားဖြစ်၏၊လူဟာ သဘာဝအရိုင်းအစိုင်းကို တွန်းလှန်ကာ ကိုယ်စွမ်းကိုယ်စနှင့် ကိုယ်ဟာကိုထူထောင်နိုင်ခဲ့သည်မှာအလွန်ဆုံးရှိမှ နှစ်ပေါင်း(၇၀၀၀)ခန့်ပတ်ဝန်းကျင်လောက်ရှိအုံးမည်ဖြစ်သည်၊အတည်တကျမြို့ပြနိုင်ငံထူထောင်အခြေချနိုင်ခဲ့တာ နှစ်ပေါင်း(၅၀၀၀)နှင့်(၇၀၀၀)ကြားလောက်တွင်သာရှိဦးမည်၊လူ့အနွယ်ကြီးသမိုင်းတွင် ရှေးအကျဆုံးလက္ခံထားသည်မှာယူဖရေးတီး၊တိုင်းဂရစ်၊နိုင်းလ်နှင့်အိန္ဒုမြစ်ဝှမ်းများဖြစ်သည်၊ထို့ကြောင့်စာရေးစာဖတ်အတွက်အချက်၊အတိုင်းအထွာနက္ခတ္တဗေဒနှင့်ပိသုကာအစရှိသောအတတ်ပညာရပ်များကို လူ့အနွယ်ဝင်များတည်ထောင်နိုင်ခဲ့သည်မှာ နှစ်ပေါင်း(၅၀၀၀)သာသာခန့်သာရှိသေးသည်၊သိပ္ပံပညာရပ်များစတင်ထူထောင်နိုင်ခဲ့သည်မှာလူ့သမိုင်းမှတ်တိုင်နှင့်နှိုင်းဆလိုက်သောအခါ ညီပုလေးလောက်ပင်မရှိလောက်သေးပေ။ လီယိုနာ၊ဒါဒီဗင်စီ၊ဖရန့်စစ်ဘေကွန်၊ကိုပါးနီးကပ်၊းဂျိုဟဲနီးစ်ကက်ပလာ၊ဂယ်လီလီနှင့်နယူတန်စတဲ့သိပ္ပံပညာရှင်များပေါ်ပေါက်ခဲ့သည်ကိုတွက်ကြည့်လျှင်နှစ်ပေါင်း(၃၀၀)သာသာခန့်လောက်သာရှိအုံးမည်၊ကိရိယာတန်ဆာပလာများဖြင့်အကောင်အထည်ဖော်နိုင်ခဲ့သည်မှာလဲဘာမျှရှိဦးမည်မဟုတ်၊ဥရောပ၏စက်မှုတော်လှန်ရေးသမိုင်းကာလမှ၊စတင်တွက်ချက်ကြည့်ရင် နှစ်ပေါင်း(၂၀၀)ခန့်ပင် မရှိတတ်သေးပေ၊လူ့သမိုင်း၏တခနမျှလောက်သောအချိန်ကာ လပိုင်းလေးအတွင်းမှာပင်လူသည် မိမိရဲ့ကြမ္မာ၊ကမ္ဘာလောကကြီး၏ကြမ္မာ၊မိမိနှင့်ကမ္ဘာလောကဆက်စပ်မှုကြမ္မာကို၊အရှိန်အဟုန်ပြင်းပြင်းနှင့်စုံစမ်းခဲ့သည်၊ဘုရားလောင်းဆိုသူများကလည်းအကြောင်းယုတ္တိနှင့်ဖွင့်ဆိုလျှက်ရှိကြ၏။ ကမ္ဘာလောကကြီးအကြောင်းကို ဒဏ္ဍရီပုံပြင်နှင့်စိတ္တဇဆန်ဆန်ဖော်ပြတတ်ကြသည်၊ရှေးဟောင်းအာဓိကပ္ပ၊စကြာဝဋ္ဌာဗေဒနှင့်နက္ခတ္တဗေဒများကို၊ကိုပါးနီးက၊ကက်ပလာ၊ဂယ်လီလီနှင့်နယူတန်စသောခေတ်သစ်ပညာရှင်များက၊ရိုက်ချိုးကာအကြောင်းယုတ္တိများဖြင့်၊စကြာဝဋ္ဌာဗေဒနှင့်နက္ခတ္တဗေဒများကိုအခိုင်အခန့်ထူထောင်ခဲ့ကြ၏၊စိတ္တဇဆန်ဆန်ဖော်ပြခြင်း၊ပြုလေ့ရှိကြသောရှေးလူများ၏မနုဝင်နှင့်မနူဿဗေဒများကိုဂယောင်ချောက်ချားဖြစ်သွားရလောက်အောင် မှောက်လှန်ခါယမ်းပြစ်လိုက်သူမှာ ချား(လ်)(စ်)ဒါစင်ပင်ဖြစ်သည်။ဒါဝင်သည် လူနှင့်ဗီဇ၏ နိယာမစသည်များကိုရှေးအလောင်းတော်များကဲ့သို့မဟုတ်ပဲ သဘာဝနှင့်ကမ္ဘာလောကကြီးအတွင်း၌သာစူးစမ်းလေ့လာခဲ့၏၊လက်တွေ့မျက်တွေ့ပြခဲ့ကြ၏၊လူနဲ့ကမ္ဘာလောကကြီးအဆက်အစပ်နဲ့ဆက်ဆံရေးအကြောင်းများကို ဆရာစဉ်ဆက်တို့က၊တကျောင်းတဂါထာ တစ်ရွာတပုဒ်ဆန်း၊ရှင်းလင်းဖွင့်ဆိုခဲ့ကြသည်၊သဘာဝအပြင်မှာရှာခဲ့သည်။စိတ်ကူးယဉ်ဆန်ဆန်ပုံပြင်များကိုသမိုင်း၏ အမှိုက်ပုံကြီးထဲသို့ခတ်ထုတ်ဖယ်ရှားပစ်လိုက်သူမှာ ခေတ်သစ်သိပ္ပံပညာရှင်များဖြစ်ကြသော ကလ်မာက္ခစ်နှင့်အိန်းဂျဲလ်နှစ်ဦးတိုဖြစ်သည်။ အဘိဓမ္မာဆရာဆိုသူများသည်၊ကမ္ဘာလောကကြီး၏အကြောင်းကိုသာ၊အနည်းနည်းအဖုံဖုံနှင့်ရှင်းလင်းဖွင့်ဆိုခဲ့ကြသည်၊သဘာဝအပြင်မှရှာဖွေခဲ့သောစိတ္တဇများသာဖြစ်သည်၊မဟာစကြာဝဋ္ဌာဆိုင်ရာအကြောင်းကိုတိုးချဲ့ခဲ့သည်မှာ အိန်စတိုင်းနှင့်တပည့်တပန်းများဖြစ်ကြတဲ့သိပ္ပံပညာရှင်များဖြစ်တယ်၊အနူစကြာဝဋ္ဌာနှင့်ဆိုင်ရာတိုးချဲ့ခဲ့သူမှာ မက်(စ်)ပလန့်နှင့်နောက်လိုက်များဖြစ်သည့် ဒါဝင်၏နိယာမကို တိုးခဲ့သူမှာ ဟလ်စလေ၊ဟေကယ်လ်နှင့်မိချူရင်အစရှိသော သိပ္ပံပညာရှင်များဖြစ်သည်။မာ့က္ခစ်နှင့်အိန်းဂျဲတို့၏နိယာမများကိုဖြည့်တင်းခဲ့ကြသည်မှာ လီနင်နှင့်စတာလင်တို့ဖြစ်သည်၊အနူစကြာဝဋ္ဌာနှင့်မဟာစကြာဝဋ္ဌာတို့၏အကြောင်းများကိုသေခြာလေ့လာခြင်းအားဖြင့် ရှေးဟောင်းစိတ္တဇ ၊ပုံပြင်ဆန်ဆန်ဖွင့်ဆိုချက်များကို ပါယ်လှန်နိုင်ပြီး၊ခေတ်သစ်သိပ္ပံ၏ အကြောင်းယုတ္တိ ခိုင်ခိုင်လုံလုံ လက္ခံလာနိုင်မည်ဖြစ်ပါသည်။ စာပေသစ္စာဖြင့် ဟင်္သာ(တောင်တွင်းကြီး)
စာပေသစ္စာဖြင့် ဟင်္သာ (တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...