Friday, September 25, 2020

တောင်းဆု

တောင်းဆု ကိုရိုနာ ရောဂါဆိုးကြီး ပျံနှံခဲ့ပြီ ကမ္ဘာပေါ်ဝယ် ဝူဟန် ပေါက်ဖော်ကြီးက
စခဲ့တာ သေချာတယ်။ နိုင်ငံစုံ ရောဂါကူးလို့ အလူးလဲကာကွယ် သေတာများလွန်းလို့ အစိုးရတွေ ခြာခြာလည် ကျောင်းတွေ၊ရုံးတွေ၊အလုပ်တွေပိတ်နေပါတယ် အားလုံးပဲ အိမ်ထဲမှာနေကွယ်။ မြန်မာပြည် တံခါးကိုခေါက်လို့ ရောက်ခဲ့ပြီ ကိုရိုနာ ကြိုတင်ကာ ပိတ်ကာထားလို့ နောက်ကျကာ သူလာတယ် ပြည်တော်ပြန် မိန်ဆွေကြီးများ ကူးခဲ့ပြီ ကိုရိုနာ နေရာစုံ အမိန့်တွေထုတ်လို့ ပိတ်ဆို့ကာ ကာကွယ်တယ် သွားဖို့ စားဖို့လည်းမလွယ် အားလုံးပဲ အိမ်ထဲမှာနေကွယ်။ ရက်ပေါင်း ကြာညောင်းလာတော့ စုထားသမျှ ကုန်လာတယ် လူတိုင်းဘဝ အခက်ကြုံတယ် ပေါက်ဖော်ကြီး ကိုရိုနာရယ် ပြီးပါတော့ မြန်မြန်ကွယ် ဘဝတွေ ပျက်ကုန်ပြီကွယ် အားလုံးတွက် ဆုတောင်းနေပါတယ် ။ ။ စာပေသစ္စာဖြင့် ဟင်္သာ (တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...