Friday, September 25, 2020

ပြည်သူအားလုံး ချစ်ခြင်းမေတ္တာဖြင့် Covide 19 ကို ကျော် လွှားကြပါစို့

ဟင်္သာ(တောင်တွင်းကြီး) ကမ္ဘာကူးစက်ရောဂါ ကိုဗစ်ဖြစ်ပွားနေချိန် မိမိကိုယ်မိမိကျန်းမာရေးအတွက် လုံခြုံစွာစောင့်ရှောက်နိုင်ခြင်းဟာအများပြည်သူပြည်သားတွေအတွက်လည်း လုံခြုံစိတ်ချရတဲ့အပိုင်းဖြစ်စေသောကြောင့် လူသားချင်း မေတ္တာသက်ဝင်ရာလည်းရောက်ပါတယ်၊အများအတွက်ကောင်းကျိုးကိုလိုလားသူတိုင်း မိမိကောင်းကျိုးအတွက်ကို ပထမသည်ပိုးကြရမှာပါ၊အဲဒါမှ ကိုယ့်မိသာစုနဲ့၊အများအတွက်ကောင်းကျိုးတွေကို ဖြစ်ထွန်းပေါ်ပေါက်နိုင်ပါတယ်။ လောကမှာအများအကျိုးဆောင်ကိုယ့်အကျိုးအောင်ဆိုတဲ့အစဉ်အလာစကားရှိပါတယ်၊တကယ်တန်းကျတော့အများအကျိုးဆောင်ရင်ကိုယ်အကျိုးမထိခိုက်စေနဲ့ဆိုမှပိုမှန်ပါတယ်၊ခုလိုကိုဗစ်ကာလမှာ ကိုယ့်ကိုယ်ကိုလုံခြုံအောင်စောင့်ရှောက်ခြင်းဟာ အဓိကကျနေတဲ့အတွက်လူသားတိုင်းဟာ၊ကိုယ်ကိုရောဂါမကူးစက်အောင် ပထမစောင့်ရှောက်ကြရပါမယ်၊ကိုယ့်ကိုရောဂါကူးစက်ခံရပြီဆိုရင် တရောက်ကစ တရာဆိုသလိုအများကိုလည်းကူးစက်ပြန့်နှံ့သွားနိုင်ပါတယ်၊လူတိုင်းတယောက်ချင်းစီက၊ရောဂါကူးစက်မှုမခံကြရလေအောင်၊စောင့်ရှောက်နိုင်ခြင်းသည် အများကိုလည်းစောင့်ရှောက်ရာမည်ပါတယ်၊အများအပေါ်ကို မေတ္တာထားရာလည်းရောက်ပါတယ်။ မေတ္တာဆိုတာအများအကျိုးကိုလိုလားခြင်းပါ၊အများအကျိုးရှိဘို့အတွက် လူနာများကိုစောင့်ရှောက်နေကြတဲ့ဆရာဝန်များ၊ဆေးအဖွဲ့သားများ၊စေတနာဝန်ထမ်းများဘော်လန်ဒီယာများ၊စသည့်အဖွဲ့စည်းအသီးသီးမှာပါဝင်လုပ်ကိုင်နေသူများအနေနဲ့လဲ၊ကိုယ့်ကိုရောဂါကူးစက်မခံကြရလေအောင် အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ကြရမှာပါ၊အများအကျိုးဆောင်လို့ကိုယ်အကျိုးကိုထိခိုက်မခံရအောင်၊အသိပညာနဲ့၊သတိဝိရိယထားပြီးစောင့်ရှောက်ကြရမှာပါ၊အများကိုစောင့်ရှောက်နေတဲ့ဆေးဝန်ထမ်းတဦးရောဂါကူးစက်ခံရပြီဆိုရင် ပြုစုသူအဖြစ်ကလဲရော့ပါးသွားမှာဖြစ်တဲ့အတွက်၊အတတ်နိုင်ဆုံး အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့စကားကို၊တမူပြောင်းပြီး၊အများအကျိုးဆောင် ကိုယ့်အကျိုးမထိခိုက်စေနဲ့ဆိုတဲ့စကားနဲ့ဖလှယ်ပြီး သိရှိကြဘို့လိုပါတယ်။ အများအကျိုးအတွက်မျှော်ကိုးပြီးအလုပ်လုပ်ပြီဆိုရင်၊စည်းပွားရေးလုပ်လုပ်၊ဘာသာရေးလုပ်လုပ်၊နိုင်ငံရေးလုပ်လုပ်၊လူမှုရေးလုပ်လုပ်၊ကျန်းမာရေးလုပ်လုပ်၊ဘယ်အလုပ်လုပ်လုပ်၊သူ့ကျိုးကိုယ့်အကျိုးဒီနှစ်မျိုးမှာဘယ်အကျိုးမှထိခိုက်မှုမရှိစေမှ၊အမှန်အကန်လုပ်တဲ့လုပ်ရပ်ဖြစ်မှာပါ။စကားလုံးတွေမှာကြင်နာမှုပါရင်ယုံကြည်မှုကိုဖြစ်စေသည်၊အတွေးခေါ်ထဲမှာကြင်နာမှုပါရင်၊လေးနက်သိမ်မွေ့မှုကိုဖြစ်စေသည်။ပေးဆပ်ရာမှာကြင်နာမှုပါရင် ချစ်ခြင်းမေတ္တာကိုဖြစ်စေသည် ဆိုတဲ့စကားအရ၊လူလူချင်း ကူညီမှုတွေနဲ့စောင့်ရှောက်ပြုစုရာမှာ ကြင်နာမှု၊စာနာမှုတွေနဲ့ ဆောင်ရွက်ပေးခြင်းဟာ ၊ချစ်ခြင်းမေတ္တာကိုဖြစ်စေပါတယ်။နှင်းဆီပန်းကိုပေးတဲ့လက်ဟာ နှင်းဆီပန်းမရှိတော့ပေမဲ့ ပန်းရနံ့တော့စွဲကျန်နေခဲ့မှာဖြစ်သလိုပဲ၊မေတ္တာနဲ့ဆောင်ရွက်ပေးခြင်းဟာ၊သူ့အကျိုးကောကိုယ့်အကျိုးပါပြီးမြောက်စေနိုင်ပါတယ်။ ကိုယ့်အကျိုးဆိုတာက မေတ္တာဆိုတဲ့ အဓိပ္ပာယ်ဟာ၊အဒေါသ စေတသိက်ကိုပြောတာဖြစ်တဲ့အတွက်၊ဒေါသတရားမရှိတာကိုပြောတာပါ၊လူတယောက်မှာ မေတ္တာတရားရှိနေရင်၊ဒေါသတရားတွေသေနေပါတယ်၊ဒေါသတွေမဖြစ်တော့တဲ့သူဟာ၊ အေးငြိမ်းမှုတွေနဲ့ဖြစ်နေပြီး၊ပူလောင်မှုဒါန်မခံရတော့ပါဘူး၊အဲဒါဟာ မေတ္တာနဲ့ကူညီပေးတဲ့သူရရှိတဲ့အကျိုးပါပဲ၊ကူညီမှုကိုခံယူရတဲ့သူအဖို့တော့၊မေတ္တာနဲ့ကူညီဆောင်ရွက်ပေးခံရတဲ့အတွက် အကျိုးတရားကိုခံစားရမှာသေခြာပါပဲ၊အဲဒါကြောင့် ကိုဗစ် ရောဂါဝေဒနာခံရတဲ့သူတွေကို တတ်နိုင်သလောက် လူအင်အားနဲ့သော်၎င်း၊နှုတ်ဝစီအားဖြင့်သော်၎င်း၊ငွေအားနဲ့သော်၎င်း၊ကူညီစောင့်ရှောက်ပေးကြပါလို့ တိုက်တွန်းခြင်ပါတယ်။ စစ်မှန်သောအလှူဒါနဆိုတာ၊အလှူရှင်ပိုင်ဆိုင်သောအရာအားလုံးကိုပေးကမ်းခြင်းမဟုတ်ပါဘူး။လက္ခံသူပိုင်ဆိုင်သင့်သော လိုအပ်သည့်အရာအားလုံးအတွက်ပေးကမ်းခြင်းသာဖြစ်ပါတယ်၊အဲဒါကြောင့် လိုအပ်သူများကို လိုအပ်သည့်ပစ္စည်းများအား လိုအပ်သည့်အချိန်တွင်ပေးလှူလိုက်ခြင်းဟာ၊အလွန်မွန်မြတ်သောဒါနဖြစ်သည့်အတွက်၊လှူတန်းပေးကမ်းနိုင်ကြဘို့တိုက်တွန်းလိုပါတယ်မေတ္တာစစ် မေတ္တာမှန်ဆိုတာ၊မပြည့်စုံတဲ့သူတွေကိုပြည့်ပြည့် ဝဝ ချစ်ပေးနိုင်တာကိုခေါ်တာဖြစ်တဲ့အတွက်၊ချစ်ခြင်းမေတ္တာအပြည့်အဝနဲ့ ကူညီဆောင်ရွက်ပေးကြပါ။ ဗုဒ္ဓ လိုလားတော်မူတဲ့ မူသုံးချက်ရှိပါတယ်။၁။ ဗဟုဇနဟိတာယ=လူများအကျိုးကိုဆောင်ရွက်ပေးဘို့၂။ ဗဟုဇနသုခါယ = လူအများချမ်းသာစွာနေနိုင်ဘို့။၃။ လောကနူကမ္ပာယ = လောကကြီးကို မေတ္တာဖြင့် တရားလမ်းကြောင်းကျစွာ ဆောင်ရွက်ပေးဘို့ ။အဲ့ဒီသုံးချက်ကို ဗုဒ္ဓဟာ၊ရဟန်းတွေကို တလမ်းမှာ နှစ်ယောက်မသွားဘဲ၊တရောက်စီခွဲလွှတ်ပြီး ဆောင်ရွက်ပေးကြဘို့မိန့်မှာခဲ့ပါတယ်၊အဲဒါ ဗုဒ္ဓ တရား အစစ်ပါဘဲ။မေတ္တာရှေ့ရှုဆောင်ရွက်မှုပြုဘို့တိုက်တွန်းထားတာပါ။ကိုဗစ် ဆိုတာ ထာဝရတည်မနေနိုင်ပါဘူး၊လောကမှာထာဝရတည်မြဲနေတဲ့အရာလို့ ဘယ်အရာမှမရှိပါဘူး။အခုဖြစ်ဆဲမှာမကူးစက်အောင်အတတ်နိုင်ဆုံး နိုင်ငံတော်ကသတ်မှတ်တဲ့ စီးကမ်းတွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ပေးကြဘို့အဓိကပါ။ အိမ်ပြင်ကိုအကြောင်းမရှိဘဲနဲ့မထွက်ခြင်ပါနဲ့၊အကြောင်းရှိလို့ထွက်ရင် နှစ်ခေါင်းစီးမတ်တတ်ပါ၊အတတ်နိုင်ဆုံးနာရီ ၊လက်စွတ်၊အိတ်၊စသည့်အပိုပစ္စည်းများကိုကိုင်ဆောင်မသွားပါနဲ့၊လူတစ်ဦးနဲ့တစ်ဦး အနည်းဆုံး(၆)ပေအကွာမှဆက်ဆံပါ၊လူလူချင်းထိကပ်မှုကိုအတတ်နိုင်ဆုံးရှောင်ကျဉ်ပါ၊မိမိနေထိုင်ရာသို့ပြန်ရောက်သည့်အခါဝတ်ဆင်ထားသည့် အဝတ်အထည်များကို လဲလှယ်ဖွတ်လျှော်ပါ၊လက်ကိုစက္ကန့်(၂၀)အနည်းဆုံးထား၍ဆေးပါ၊စသဖြင့်နိုင်ငံတော်ကချမှတ်ထားတဲ့စီးကမ်းတွေကိုလိုက်နာခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်ကြရမှာပါ။အဲဒါမှကိုယ့်မိသာစု၊ကိုယ်ပါတ်ဝန်းကျဉ်တွေကို ရောဂါကူးစက်မှုမရှိဘဲ အမြန်ဆုံးပပျောက်သွားနိုင်မှာပါ။ အဲ့ဒီအချက်တွေကို တကမ္ဘာလုံးက လူသားအားလုံးလိုက်နာဆောင်ရွက်နိုင်မှ၊ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုဗစ်ရောဂါဆိုးကြီးပပျောက်သွားနိုင်မှာပါ။ ဗုဒ္ဓ ဘာသာ အလိုအရပြောရရင် ဒီလောကမှာမြင်မြင်သမျှ၊ကြားကြားသမျှပြုပြုသမျှ ၊ဖြစ်ဖြစ်သမျှ၊တရားမှန်ရင် ဘယ်တရားမှ၊မြဲတယ်၊ခိုင်မာတယ်၊တည်တန့်တယ်လို့ဖြစ်ပါ့မလဲ ၊မဖြစ်နိုင်ပါဘူး၊အနှေးနဲ့အမြန် အစဉ်မပြတ် ဖောက်ပြန်ပျက်စီး ကွယ်ပျောက်ပြုံးတီးသွားတာတွေကသွားလို့၊အစဉ်မပြတ် အသစ်အသစ်သောသင်္ခါရ ဓမ္မတွေကပေါ်ထွန်းကြီးရင့်လာနေလို့၊ အဲ့တခါ အဲဒီဟာတွေ ကြီးရင့်ပြီးပြောင်းလဲပျက်စီးတော့မဲ့ဆဲဆဲမှာပဲ၊အဲဒီလိုဖောက်ပြန်ပြောင်းလဲပျက်စီး ပြောင်းလဲရအုံးမဲ့၊အသစ်အသစ်ကသာသင်္ခါရတရားစု အသစ်တွေကလဲအစဉ်မပြတ်လိုက်ပြီးဖြစ်နေကြလို့၊အဲဒီလို ဒီလောကကြီးထဲမှာ ဖြစ်ကြ၊ပျက်ကြ၊ဖြစ်ဆဲ၊ပျက်ဆဲ၊စသည်ဖြင့် အမျိုးမျိုးသောသင်္ခါရဓမ္မတို့ရဲ့ဇတ်ခုံကြီး၊စာဖြစ်တဲ့ ဒီလောကီသံသရာတခွင်ထဲမှာ ဘုရားရှင်ကိုယ်တော်တိုင်က၊ " အနိစ္စ ဓမ္မတွေပဲဟေ့" လို့ ဟောပြခဲ့ပါတယ်။ ဒါပေမဲ့လူတွေကပြောတော့ ဗုဒ္ဓဘာသာယုံကြည်တာကဗုဒ္ဓရဲ့အဆိုအမိန့်တွေနဲ့ဆန့်ကျင်တာတွေတပုံကြီးဖြစ်နေတယ်၊ဗုဒ္စရဲ့ အနိစ္စဓမ္မတွေထဲကိုနိစ္စတရားတွေသွင်းပြီးယုံကြည်နေကြတယ်၊အဲဒီတော့ အနိစ္စဆိုတဲ့အမြဲမရှိတဲ့တရားတွေလို.သဘောပေါက်ပြီး ကိုဗစ် ဆိုတာထာဝရမတည်နိုင်ပါဘူး၊အချိန်တန်ရင်တော့ကွယ်ပျောက်သွားမှာဖြစ်ပါတယ်၊အဲဒီလိုကွယ်ပျောက်သွားမယ်ဆိုပေမယ့်ကြိုတင်ကာကွယ်မှု၊ကုသမှုတွေဆိုတဲ့လူတွေရဲ့လုံးလဥဿဟတွေလဲရှိကြရမှာပါ၊အဲ့ဒီတော့ လူတွေရဲ့အသိဉာဏ်နဲ့ယှဉ်တဲ့ သတိတရား၊ဝိရိယတရားတွေနဲ့စိုက်ထုတ်ပြီးတွန်းလှန်ပါယ်ဖျက်နိုင်ကြမှသာစောစီးစွာ ပပျောက်သွားမှာဖြစ်ပါတယ်၊နိုင်ငံတော်ကချမှတ်ထားတဲ့စီကမ်းချက်တွေနဲ့ကိုယ်ကိုယ်တိုင် အသိဉာဏ်ရှိကြမှသာအချိန်စောပြီးပပျောက်သွားနိုင်မှာပါ၊အဲဒါကြောင့်လူသားတိုင်းရဲ့ အသိဉာဏ်ထဲမှာ မေတ္တာတရားတွေအစဉ်ထားပြီး၊ပညာပေးဆွေနွေးမှုတွေများများလုပ်ပြီး၊လူအင်အား၊ငွေအင်အားတွေနဲ့စောင့်ရှောက်ကူညီနိုင်ကြပါစေလို့အသိပေးတိုက်တွန်းလိုက်ရပါတယ်။ စာပေသစ္စာဖြင့် ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...