Saturday, September 19, 2020

ဒီမိုကရေစီစနစ် ထွန်းကားရေးတွက် ယှဉ်ပြိုင်ရခြင်းဖြစ်တယ်

ဒီမိုကရေစီစနစ် ထွန်းကားရေးတွက် ယှဉ်ပြိုင်ရခြင်းဖြစ်တယ် ဟင်္သာ (တောင်တွင်းကြီး)တွေ့ဆုံ တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီးအမှတ်(၂)တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းထိုက်နှင့် တွေ့ဆုံခြင်း မေး ။ အန်ကယ်ရဲ့ကိုယ်ရေးအကျဉ်းသိပါရစေ။ ဖြေ ။ တောင်တွင်းကြီးမြို့၊အုန်တော(၁)ရပ်ကွက်တွင်၁၉၄၄ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့တွင်(ဘ)ဦးသိန်းမောင်(မိ)ဒေါ်မြသန်းမှမွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို မောင်နှမ(၈)ဦးအနက် ဒုတိယသားဖြစ်သည်။တောင်တွင်းကြီးမြို့အ.ထ.က(၁)တွင် မူလတန်းမှအလယ်တန်းအောင်ထိတက်ရောက်ခဲ့ပြီး ၁၉၅၈ခုနှစ်မှ ၁၉၆၀ခုနှစ်ထိ ရန်ကုန်မြို့နတ်မောက်လမ်း Technical Hight School တွင်အဆောက်ဦးသင်တန်နှင့် Hight School Final အောင်မြင်ခဲ့တယ်။၁၉၆၄ခုနှစ် ဇန်နဝါရီလ (၅)ရက်တွင်တောင်တွင်းကြီးမြို့  မြူနီစံပယ်အဖွဲ့တွင် Overseer လမ်းဗိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၆၆ခုနှစ် သြဂုတ်လ(၃၀)ရက်တွင် နိုင်ငံရေးနှင့်အထိမ်းသိမ်းခံရ၊၁၉၆၇ခုနှစ်အောက်တိုဘာ(၁၀) နေ.တွင်လွှတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်၊၁၉၆၉ခုနှစ်တွင်မိတ္ထီလာမြို့ ဆည်မြောင်းတိုင်တာရေး(၁)တွင် အင်ဂျင်နီယာမြေတိုင်အဖြစ် စတင်ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအတွက်ထောက်ခံဆွေးနွေးခဲ့တယ်။၁၉၇၉ခုနှစ်တွင် S.A.E အဖြစ်ပျဉ်းမနားမြို့ ဆည်မြောင်းထိန်းသိမ်းရေးတွင်တာဝန်ထမ်းဆောင်ခဲ့။ ၁၉၈၈ခုနှစ်တွင် ပျဉ်းမနားမြို့ ဒီမိုကရေစီငြိမ်းချမ်းရေးအဖွဲ့နှင့်ပူပေါင်း၍ ဆန္ဒပြခေါင်းဆောင်လုပ်ခဲ့သည်။ယခုအချိန်တွင် ပရဟိတလုပ်ငန်းများကို ပြည်မြို့  ကြားတောရကျောင်းဆရာတော်ထံတွင် ဆောင်ရွက်လျှက်ရှိသည်။ မေး ။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံသိချင်ပါတယ်။ ဖြေ ။ ဒီမိုကရေစီအခြေခံပြီး ပါတီတွေကစည်းရုံးနေကြတယ်။ကိုယ်တိုင်ကတော့ တစ်သီးပုဂ္ဂလအနေနဲ့သွားလို့ရမယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ပါ။ဒီမိုကရေစီလမ်းကြောင်းပေါ်မှာသွားမယ်။မိမိ၏ဇာတိမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတတ်သိသော ပညာအရည်ချင်းနှင့်အစွမ်းရှိသ၍ဆောင်ရွက်လိုပါတယ်။ဒါကြောင့် ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ မေး ။ အန်ကယ်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုရှိရင်ပြောပြပါ။ ဖြေ ။ အလယ်တန်းကျောင်းသားဘဝမှစ၍ သမဂ္ဂကျောင်းသားကြီးများနှင့်လက်တွဲ၍ ၁၉၅၇ ခုနှစ်(၇)တန်းစာမေးပွဲတန်းခွဲ၊တန်းချစနစ်အား ကန့်ကွက်ဆန္ဒပြခဲ့။၁၉၅၈ခုနှစ်ရန်ကုန်မြို့ နတ်မောက်လမ်း စက်မှု - လက်မှုအထက်တန်းကျောင်းတွင် ဆန္ဒပြတောင်းဆိုခဲ့၊ကျောင်းသားလှုပ်ရှားမူများအားထောက်ခံခဲ့၊၁၉၆၆ ခုနှစ်တွင် တောင်တွင်းကြီးထောင်တွင် အထိန်းသိမ်းခံခဲ့၊၁၉၈၈ ခုနှစ်အရေးခင်းတွင်ပျဉ်းမနားမြို့၌ ဆည်မြောင်းထိန်းသိမ်းရေးတွင် သပိတ်မှောက်ခေါင်းဆောင်လုပ်ခဲ့၊ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့အားအားပေးခဲ့၊ပြည်မြို့တွင် ရွှေဝါရောင်တော်လှန်ရေးထောက်ခံခဲ့၊ပရဟိတလုပ်ငန်းများဆောင်ရွက်ပါတယ်။ မေး ။ ခိုင်မာတဲ့ ယုံကြည်ချက်ရှိရင်ပြောပြပေးပါ။ ဖြေ ။ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်၍ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ဖြစ်မည်ဟု ယုံကြည်ပါတယ်။ မေး ။ ကော်မရှင်အပေါ် ဘယ်လိုမြင်ပါသလဲ ။ ဖြေ ။ အားကိုယုံကြည်မှုအပြည့်ရှိပါတယ်။ မေး ။ နိုင်ငံရေးမျိုးဆက်သစ် လူငယ်စစ်စစ်တွေကို ဘယ်လိုမျှော်လင့်ထားသလဲ။ ဖြေ ။ လူငယ်လူလတ်တွေပါလာရင် ကျန်တဲ့လူငယ်မျိုးဆက်တွေကပါ နိုင်ငံရေးကို စိတ်ဝင်စားလာနိုင်တယ်။စိတ်လည်းဝင်စားစေချင်တယ်။ ဒါမှဒီမိုကရေစီခိုင်မြဲအောင်ကြိုးစားဆောင်ရွက်နိုင်ပါမယ်။ မေး ။ ဒီမိုကရေစီရာနှုန်းပြည့်ဖို့ ဘယ်လိုကြိုးပမ်းကြမလဲ။ ဖြေ ။ ပြည်သူများအားလုံး အသိဥာဏ်ဖွံ.ဖြိုးတိုးတက်ရန်အဓိက မီဒီယာများက ပညာပေးဆောင်ရွက်စေချင်ပါတယ်။ မေး ။ အကျဉ်ထောင်ထဲက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကိစ္စ ဘာပြောချင်လဲ။ ဖြေ ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်။ဒီပုဂ္ဂိုလ်တွေထဲမှာ နိုင်ငံတည်ဆောက်မှုမှာ ပါဝင်သင့်တဲ့သူတွေရှိပါတယ်။အားလုံးပါဝင်နေရင်သိပ်ကောင်းမှာပေါ့။အနည်းဆုံးတော့ ခံဝန်ချက်ဖြင့်လွှတ်ငြိမ်းခွင့်ပြုသင့်ပါတယ်။ မေး ။ အန်ကယ်အနေနဲ့ ပြည်သူတွေကို ဘာများပြောချင်သလဲ။ ဖြေ ။ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်သူဟု ယုံကြည်သောသူများအားလုံးကို ပြည်သူများအနေဖြင့် အားပေးစေချင်ပါတယ်။ စာပေသစ္စာဖြင့်ဟင်္သာ (တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...