Sunday, August 30, 2020

လောကဓံတရား( ၈ )ပါးကိုစီစစ်ခြင်း

လောကဓံတရား( ၈ )ပါးကိုစီစစ်ခြင်း ဟင်္သာ (တောင်တွင်းကြီး) လာဘော၊အလာဘော၊ယသော၊အယသော၊နိနံ္တ၊ပ သ နံ္တ၊သုခံ ၊ဒုက္ခံ၊ဆိုတဲ့လောကဓံတရားကို သေခြာစီစစ်ကြည့် တဲ့အခါ ဉာဏ်ပညာခေါင်းပါးသူတွေမှာသာ မဆင်ခြင်မသုံးသပ်တတ်ကြတဲ့အတွက် ဒါန်ခံကြရပြီး အသိဉာဏ် ရင့်ကျက်သူတွေအဖို့တော့ဆင်ခြင်နိုင်၍လောကဒါန်ကိုမခံစားကြရပါ။ ဘာသာရေးဘက်ကကြည့်ရင် ဘုရား၊ရဟန္တာ၊စသည့်အရိယာပုဂ္ဂိုလ်များဖြစ်ပါသည်။ သာမန်လူတန်းစားများ အနေဖြင့်လဲ သဘောပေါက်နားလည်းအောင် ဆင်ခြင် သုံးနိုင်ရင် လောကဓံတရားရဲ့ဒါန်ကိုမခံစားရပါဘူး။ ဥပမာ ။ ။ လာဘော၊အလာဘောနဲ့ပါတ်သက်ပြီး သုံးသပ်ကြည့်မယ်ဆိုရင်၊လာဘောဆိုတာ၊လာဘ်ရခြင်း၊အလာ ဘောဆိုတာ၊လာဘ်မရခြင်းပါ။လူတယောက်ဟာ တနေ့ကိုအလုပ်လုပ်ရင်၊(၁၀၀၀)ကျပ်ရတယ်ပဲထားပါ၊တခြားလူတယောက်က တနေ့ကို (၁၀၀၀၀)ကျပ်ရတယ်ပဲထားပါ၊နောက်လူတယောက်ကတော့၊တနေ့ကို(၁၀၀၀၀၀)တသိန်းရတယ်ဆိုရင်၊တထောင်ရသူက၊ လာဘ်မရဘူး၊တသိန်းရတဲ့သူက ၊ လာဘ်ရတယ်လို့ဆိုကြမှာပါ၊တသောင်းရသူကျဘယ်လိုယူဆရမလဲဆိုတဲ့ ပြဿနာပေါ်လာပါတယ်၊အဲဒီမှာလဲ၊တသောင်းရသူက၊တထောင်ရသူနဲ့ နှိုင်းယှဉ်ကြည့်ရင်၊ လာဘ်ရတယ်ခေါ်ပြီး၊တသိန်းရတဲ့သူနဲ့နှိုင်ယှဉ်ရင်တော့လာဘ်မရဘူးလို့ခေါ်ရတော့မလိုဖြစ်နေပါတယ်၊အမှန်ကတော့၊ကိုယ်ရတာထက်နည်းသူနဲ့များသူအပေါ်မှာ သွားပြီးတိုင်းတာနေခြင်းသာဖြစ်ပါတယ်၊အမှန်က၊ကိုယ်ရှာဖွေနိုင်သလောက်သာရရှိတဲ့လုပ်အားခဘဲလို့တွက်တတ်ရင်၊လာဘ်ရခြင်း၊မရခြင်းဆိုတာမရှိပါဘူး။ နှိုင်းရတရားသာဖြစ်ပါတယ်၊တကယ်တန်းအဲဒီလိုတွက်တတ်သူဉာဏ်ကြီးရှင်တွေအဖို့တော့လာဘ်ရခြင်းမရခြင်းဆိုတာတွေမရှိတော့ပါဘူး၊ရရှိတဲ့အပေါ်မှာအနည်းများ တိုင်းတာတွက်ချက်နေသူတွေမှာသာ၊လာဘ်ရခြင်းမရခြင်းတွေဖြစ်ပေါ်နိုင်တာပါ၊တွက်ချက်တိုင်းတာနေသူများမှာသာဖြစ်ပေါ်နိုင်တဲ့ ဒီနှိုင်းရ တရားပေါ်မှာ အသိ ဉာဏ်ရင့်ကျက်သူတွေက၊မနှိုင်းယှဉ်တော့ဘဲရရှိတာနဲ့ရောင်ရဲတင်းတိမ်နေတတ်ပြီမို့ ဒီလောကဓံတရားကိုမတုန်လှုပ်တော့ဘဲ(မရှိတော့ဘဲ)မဖြစ်ပေါ်တော့ဘဲ၊ ဒီအတွက် ပူလောခံပြင်းမှုမဖြစ်တော့ဘဲ၊နဂိုလ်မူလအေးငြိမ်းမှုတရားမပျက်ပြားတော့ဘဲ၊နေနိုင်မှာပဲဖြစ်ပါတယ်၊အဲဒါက လာဘော၊အလာဘောနဲ့ပါတ်သက်ပြီး ရှင်းလင်းသုံးသပ်ချက်ပဲဖြစ်ပါတယ်။ နောက်တခုက ယသော၊ အယာသောပါ။အခြွေအရံပေါများခြင်း၊အခြွေအရံနည်းပါးခြင်းပေါ်မှာသုံးသပ်ကြည့်ရမှာပါ။ ကုမ္မဏီကြီးတွေမှာဖြစ်ဖြစ်၊တောင်သူလယ်သ မားတွေရဲ့အခြေနေမှာဖြစ်ဖြစ်၊သုံးသပ်ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်။ကိုယ့်လုပ်ငန်းအပေါ်မှာ လိုအပ်သလောက်ပဲလူဦးရေကိုကန့်သတ်ခေါ်ယူလေ့ရှိပါတယ်။ကုမ္မဏီတွေ ကြီးမားရင်ကြီးမားသလောက်ဝန်းထမ်းအင်းအားသပ်မှတ်ပြီးခန့်ထားရပါတယ်၊တောင်သူလယ်သမားတွေမှာလဲဒီအတိုင်းပါဘဲ၊လိုအပ်တဲ့လူဦးရေအလိုက်သာခန့် ထားအသုံးပြုကြရတာပါ။ အဲ့ဒီအပေါ်မှာသွားပြီးသူ့လုပ်ငန်းကတော့ လူအင်အားအခြွေအရံတွေများတယ်၊တခြားသူရဲ့လုပ်ငန်းကတော့အခြွေအရံ၊အသင်းအပင်းတွေနည်းတယ်လို့၊ နှိုင်းယှဉ်ပြီပြောဘို့မသင့်ပါဘူး၊အဲဒီလိုအခြွေအရံနည်းတယ်၊များတယ်ဆိုတဲ့ တွက်ချက်မှုတွေဟာ နှိုင်းယှဉ်လို့ဖြစ်ပေါ်လာရတဲ့နှိုင်းရတရားတွေသာဖြစ်ပါတယ်၊နှိုင်းယှဉ်မှုမပြုဘဲ၊အခြေအနေအရ လုပ်အားလိုသလောက်အ ကူအညီခန့်ထားတဲ့နေရာမှာ၊အခြွေအရံနည်းခြင်းများခြင်းတွေလုပ်နေစရာမလိုပါဘူး၊အခြွေအရံနည်းတာများတာကို၊အသိဉာဏ်၊ချင့်ချိန်ဉာဏ်၊သုံးသပ်ဉာဏ်၊ စိစစ်ဉာဏ်တွေရင့်သန်သူတွေက၊မတွက်ချက်တော့ဘဲလိုအပ်သလောက်အလုပ်သမားခန့်ထားရတာကိုသာဖြစ်တယ်လို့တွက်ချက်တတ်ရင်၊အခြွေအရံ နည်းခြင်း များခြင်းအပေါ်မှာမတွက်ချက်၊မခန့်မှန်းတော့ဘဲ၊ငြိမ်းအေးမှုနဲ့သာနေကြရပြီ၊ယသော ၊အယာသော၊ဆိုတဲ့အခြွေအရံနည်းခြင်းများခြင်းတွေအပေါ်မှာ မစဉ်စား တော့ဘဲ ငြိမ်းအေးနေမှာဘဲဖြစ်ပါတယ်။ နောက်တခုက နိနံ္တ၊ပသနံ္တ၊ဆိုတဲ့ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်းအပေါ်မှာသုံးသပ်ကြည့်ရမှာပါ။လူတစ်ယောက်ရဲ့ပြုမူဆက်ဆံပုံနဲ့ သူရဲ့လုပ်ရပ်တွေအပေါ်မှာ အခြားလူတ ယောက်က၊ကြည့်ပြီးတော့ချီးမွမ်းတာတွေ၊ကဲ့ရဲ့တာတွေစတဲ့အလုပ်တွေကိုပြောဆိုတတ်ကြတာရှိပါတယ်။အဲဒါကလဲ လူတယောက်ရဲ့ပြုမူဆက်ဆံပုံတွေဟာ၊တ ကယ်ချီးမွမ်းထိုက်လို့ ချီးမွမ်းတာတွေရှိသလို၊တကယ်ကဲ့ရဲ့ထိုက်လို့ကဲရဲ့တာတွေလဲ လောကမှာရှိနေကြပါတယ်။တချို့ကြတော့ တကယ်ချီးမွမ်းထိုက်တဲ့ တဖက် လူရဲ့လုပ်ငန်းကို မချီးမွမ်းဘဲ ကဲ့ရဲ့တာတို့၊တကယ်ကဲ့ရဲ့ထိုက်တဲ့သူအပေါ် မကဲရဲ့ဘဲ ချီးမွမ်းပြောဆိုနေတာတို့ဆိုတဲ့မှားယွင်းတဲ့လုပ်ရပ်တွေကိုပြုနေကြတာတွေရှိပါ တယ်။တကယ်တော့အဲဒီလုပ်ရပ်တွေဟာ၊ကိုကလိုရင်လိုသလို၊မလိုရင် မလိုသလိုလုပ်တဲ့လုပ်ရပ်မျိုးတွေသာဖြစ်ပါတယ်။ လူတယောက်က၊လုပ်သင့်လုပ်ထိုက်လို့ လုပ်နေရတဲ့လုပ်ရပ်အမှန်တခုမှာလဲ၊သူ့လုပ်ရပ်က မှန်ကန်တယ်သူလုပ်ရပ်ကမှားယွင်းတယ်လို့ ကိုလိုရာဆွဲပြီးဆုံးဖြတ် ကြတာတွေရှိပါတယ်။လူတယောက်ရဲ့လုပ်ရပ်တခုကိုကြည့်ပြီးဆုံးဖြတ်ကြတဲ့အခါလုပ်သင့်တဲ့အလုပ်ကိုလုပ်နေတာလား၊မလုက်သင့်တဲ့အလုပ်ကိုလုပ်နေတာလား ဆိုတဲ့အချက်ကိုဆုံးဖြတ်သူက၊ဆန္ဒာ၊ဒေါသ၊ဘယာ၊မောဟဆိုတဲ့အချက်တွေမပါဘဲဆုံးဖြတ်တတ်မှအမှန်ထွက်နိုင်ပါတယ်၊ဆန္ဒဆိုတာက၊လူတယောက်ကို၊ကိုယ် အလိုဆန္ဒနဲ့ဆုံးဖြတ်ဘို့မင့်ပါဘူး၊လူတယောက်ကို၊ကိုယ်ကလိုလို့ဆုံးဖြတ်တယ်ဆိုရင်၊ဆန္ဒ ရာဂနဲ့ဆုံးဖြတ်တယ်လို့ခေါ်ပါတယ်၊လိုရင်လိုသလိုဆုံဖြတ်တာထဲကိုဝင်းသွား လို့ သမ္မာဆန္ဒမဟုတ်တော့ဘဲ၊မိစ္ဆာဆန္ဒ၊ဆန္ဒရာဂတွေနဲ့သာဆုံးဖြတ်တာပါ၊လိုလို့ လိုသလိုဆုံးဖြတ်တယ်လို့ခေါ်ပါတယ်၊အဲ့ဒီလိုဆိုရင်၊ချီးမွမ်းတာဖြစ်ဖြစ်၊ကဲ့ရဲ့တာဖြစ် ဖြစ်အမှားသို့သာရောက်နိုင်ပါတယ်။နောက်တချက်ကဒေါသပါ၊ဒေါသဆိုတဲ့မလိုတဲ့သဘောနဲ့ဆုံးဖြတ်တာကလဲအမှားသို့ရောက်နိုင်ပါတယ်။ တဖက်သားကို ဒေါသဆိုတဲ့ခက်ထန်ကြမ်းတန်စွာ ၊မလိုရင် မလိုသလိုမျိုး၊မနှစ်သက်စွာဆုံဖြတ်မယ်ဆိုရင်လည်းချီးမွမ်းတာဖြစ်ဖြစ်၊ကဲ့ရဲ့တာဖြစ်ဖြစ် မှားယွင်းနိုင်ပါတယ် ချီမွမ်းခြင်း၊ကဲ့ရဲ့ခြင်းမှာ၊ဒေါသနဲ့ယှဉ်တဲ့ မလိုလို့ပြောလိုက်တာဆိုရဲ့မှားယွင်းစွာပြောဆိုခြင်းသာဖြစ်ပါတယ်။အမှားသဘောသာဖြစ်လို့ အမှန်သဘာဝသို့ မရောက်နိုင် ပါဘူး။နောက်တခုက၊ဘယာ၊ဘေးကြောက်လို့မှားယွင်းသွားတာရှိပါတယ်။ချီးမွမ်းမှု၊ကဲ့ရဲ့မှုမှာ၊လူတယောက်ကဘေးအန္တရာယ်ပေးမှာကြောက်လို့ ချီးမွမ်းပေးရတာတွေ ကဲ့ရဲ့ပေးရတာတွေဟာ၊မမှန်ကန်ပါဘူး၊ဘေးကြောက်လို့ချီးမွမ်းရတာတွေကဲ့ရဲ့ပေးရတာတွေဟာ၊တကယ့်အမှားလမ်းစဉ်ကြီးသာဖြစ်ပါတယ်။ဘေးအန္တရာယ်ကို၊မငဲ့ဘဲ ချီးမွမ်းသင့်လို့ချီးမွမ်းတာနဲ့၊ကဲ့ရဲ့ထိုက်လို့ကဲ့ရဲ့တာသာမှန်ပါတယ်၊ဘေးအန္တရာယ်ပြုမှာကြောက်လို့သာချီးမွမ်းရတာ၊ကဲ့ရဲ့ရတာမဖြစ်သင့်ပါဘူး၊အဲဒီလိုအပြုအမူ တွေကို ပညာဉာဏ်ရင့်သန်သူတွေက၊မပြုလုပ်ကြပါဘူး၊အသိဉာဏ်နူံ့နဲ့သူတွေသာဘေးကြောက်လို့ချီးမွမ်းတာတွေ၊ကဲ့ရဲ့တာတွေကိုလုပ်ကြတာပါ။အဲ့ဒါကြောင့်အသိ ဉာဏ်ရင့်သန်အောင်ကျိုးစားသင့်ပါတယ်။ နောက်တခုက၊မောဟ၊မောဟဆိုတာကိုမသိမှုပါ။ဘာမသိတာလဲဆိုတာက၊အကြောင်းအကျိုးနဲ့အကောင်းအဆိုးအမှန်တွေကိုမသိတာပါ။ပြဿနာတစ်ခုဖြစ်ပြီဆိုရင် အကြောင်းမှန်တရားကိုမဆင်ခြင်တတ်တာပါ၊လောကရဲ့ဖြစ်တည်မှုအမှန်ဖြစ်တဲ့ အကောင်း၊အဆိုးတရားတွေကိုလဲ မသိတော့ဘူးဆိုရင်၊အဲဒါ မောဟတရားပဲဖြစ်ပါ တယ်။မောဟဆိုတဲ့ အကြောင်းကျိုးအမှန်တွေကိုနားမလည်ဘဲနဲ့လုပ်ရပ်တခုကို ချီးမွမ်းနေမယ်၊ကဲ့ရဲ့နေမယ်ဆိုရင်မှားပါတယ်။အသိဉာဏ်ရင့်သန်သူတွေကတော့ ဒီလိုကြောင်းကျိုးအမှန်တွေကို မဆင်ခြင်မသုံးသပ်ဘဲမပြုလုပ်ကြပါဘူး၊ကဲ့ရဲ့ခြင်း၊ချီးမွမ်းခြင်းအလုပ်တွေကိုမလုပ်ကြပါဘူး၊တကယ်လို့အဲဒီလို ဆန္ဒ၊ဒေါသ၊ဘယာ၊ မောဟဆိုတဲ့အဂတိတရားကိုလိုက်စားနေတဲ့ လူတွေရဲ့ချီးမွမ်းခြင်း ၊ကဲ့ရဲ့ခြင်းတွေကို ဂရုမစိုက်ပါနဲ့၊ကိုယ်ကိုယ်တိုင်၊ကောင်းတဲ့ မှန်တဲ့အကျိုးရှိမဲ့အလုပ်တွေကိုချီးမွမ်း မှာကဲ့ရဲ့မှာတွေကိုမကြောက်ဘဲသတ္တိရှိရှိလုပ်ကြရမှာဖြစ်လို့၊လောကဓံတရားရှစ်ပါးကို အောင်နိုင်သူဖြစ်မှာပါ။ နောက်တခုက၊သုခံ၊ဒုက္ခံ ဆိုတဲ့ ဆင်းရဲခြင်း၊ချမ်းသာခြင်းလူတယောက်က ပစ္စည်းဥစ္စာဆင်းရဲတယ်၊တချို့က ချမ်းသာတယ်၊ဒါကလဲ ကိုယ့်အခြေအနေနဲ့ကို စီးပွား ဖြစ်ကြတာပါ၊ကိုယ့်ထက်ပိုရှိနိုင်သလို ကိုယ့်ထက်ပိုပြီးနည်းပါးသူတွေလဲရှိနိုင်ပါတယ်၊အဲဒါကလဲ စိတ်ဆင်းရဲနေစရာမလိုပါဘူး၊လောကမှာ သမ္ပဒါတရားလေးပါးနဲ့ အညီလုပ်နိုင်ရင်၊ဘယ်သူမဆို၊ပစ္စည်းဥစ္စာကြွယ်ဝလာနိုင်ပါတယ်။ပစ္စည်းဥစ္စာရှိလို့မာန်မတက်ဘို့နဲ့ မရှိလို့စိတ်ဆင်းရဲစရာမလိုဘဲ၊ကိုယ်ပြုတဲ့အကြောင်းနဲ့အညီအခြေ အနေအရဖြစ်တည်နေတာကို အသိဉာဏ်ရင့်ကျက်သူတွေသာသိနိုင်ပြီး အသိဉာဏ်နူံ့နည်းသူတွေမသိနိုင်တာမို့၊အသိဉာဏ်ရင့်သန်အောင်သာ ကျိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။ စာပေသစ္စာဖြင့် ဟင်္သာ (တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...