Sunday, August 2, 2020

မမုန်းနိုင် မဆုံးနိုင်သော လောကီနယ်သား လူအများ ဘုံစဉ်စံ ဝါဒ လမ်းစဉ်

မေး။ ဒုက္ကရစရိယာကျင့်မှဘုရားဖြစ်နိုင်တာလားဒုက္ကရစရိယာ မကျင့်ဘဲနဲ့ကော ဘုရားမဖြစ်နိုင်
ဘူးလား?

ဖြေ။ ဘုရားဖြစ်တာဟာ၊ဒုက္ကရစရိယကိုကျင့်သုံးလို့၊ဘုရားဖြစ်တာမဟုတ်ပါဘူး၊ခြောက်နှစ်ပါတ်လုံး
 ဒုက္ကရစရိယာကိုကျင့်သုံးခဲ့တဲ့အတွက်၊အမှန်တရားကိုထိုးထွင်းပြီးမသိခဲ့ခြင်းဖြစ်ပါသည်။

အဲ့ဒီအကျင့်ဟာ၊ကိုယ်ကိုညှင်းပန်းကိလေခန်း အောင်အရမ်းကျင့်ကြံ၊ကျင့်မမှန်တဲ့၊အတ္တ ကိ လမ
ထနူရောဂ၊ကျင့်စဉ်တွေသာဖြစ်တဲ့အတွက်၊အမှန်ကိုမသိခဲ့ရခြင်းဖြစ်ပါတယ်။

မျက်စိ၊နား၊နှာ၊လျှာ၊ကာယ၊ကိုပိတ်ပြီး အတ္တလေထွက်မကျက်စားမှသာ၊ငြိမ်းအေးမှုကိုရလိမ့်မယ်လို့
ထင်ပြီးကျင့်သုံးခဲ့တဲ့ တဖက်စွန်းလမ်းစဉ်ပဲဖြစ်ပါတယ်၊အဲ့ဒီလမ်းစဉ်ကို၊အတ္တ ကိလမထ နူရောဂလမ်းစဉ်လို့
ဆိုပြီးပါယ်ခဲ့ပါတယ်၊(အဲ့ဒါ ဒုက္ကရ စရိယာကျင့်စဉ်ပါပဲ)။

နောက်အစွန်းက၊ကာမေသု ကာမ သုခလ္လိကနူရောဂဆိုတဲ့လမ်းစဉ်ပဲဖြစ်ပါတယ်၊အဲဒါကတော့၊မျက်စိ
၊နား၊နှာ၊လျှာကာယရဲ့အလိုကိုလိုက်ပြီး၊အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အထိအပေါ်မှာ အလွန်အမင်းလိုက်စားခြင်းဖြင့်၊ကျင့်သုံးတဲ့လမ်းစဉ်ဖြစ်ပါတယ်၊အဲဒါကလဲတဖက်စွန်းပါဘဲ၊အဲဒါကို
လည်းပါယ်ရမှာပဲဖြစ်ပါတယ်။လက်ဝဲလမ်းစဉ်နဲ့လက်ျာယာလမ်းစဉ်လို့ခေါ်ပါတယ်။
အဲ့ဒီအစွန်းနှစ်စွန်းကို၊ပါယ်လိုက်ပြီးမှ၊မဂ္ဂင်ရှစ်ပါးအကျင့်တရားကိုလိုက်နာကျင့်သုံးခြင်းဖြင့်သာ၊
အရဟတ္တမက်၊အရဟတ္တဖိုလ်ကို၊ရရှိနိုင်ပါတယ်။

ဒုက္ကရ စရိယာအကျင့်က၊လူမှာ၊အတ္တကောင်၊ဝိဥာဉ်ကောင်လေးရှိတယ်လို့ယူဆပြီး၊အဲ့ဒီအတ္တဆိုတဲ့ဝိဥာဉ်
ကောင်ကလေးဟာ၊မျက်စိ၊နား၊နှာ၊လျှာ၊ကာယက၊နေပြီးအဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အ
ထိတွေပေါ်မှာထွက်ပြီး ကျက်စားတယ်ဆိုတဲ့ အယူပဲဖြစ်ပါတယ်။အဲ့ဒီလိုထွက်ပြီးကျက်စားရာက၊ကောင်းကံ၊
မကောင်းကံတွေကို၊အဲဒီ အတ္တကလေးကပဲ၊သယ်ဆောင်ပြီး တဘဝမှတဘဝသို့ကျင်လည်ကျက်စားနေရ
တာ၊ဖြစ်တဲ့အတွက်အဲဒီ အတ္တကလေးကို၊ထွက်ပြီးမကျက်စားနိုင်အောင်(ကိလမတ)ဆိုပြီး၊ချုပ်ချယ်ကျင့်ကြံ
တဲ့အလုပ်ကို အတ္တကိလမထ နူရောဂအကျင့်လို့ခေါ်တာပါ။တနည်းအားဖြင့်တော့အဲဒါဟာ၊
ဒုက္ကရစရိယာအကျင့်ပဲဖြစ်ပါတယ်။

အတ္တနဲ့ပါတ်သက်ပြီး ဗုဒ္ဓဟောထားတာရှိပါတယ်၊အတ္တကို(ပါဠိအဘိဓါန်)မှာပြဆိုထားတာရှိပါတယ်၊
"အတ္ထော စိတ္တေကာယေ သဘာဝေစ သောအတ္တာ ပရမတ္တနိ"ဆိုပြီးဖွင့်ဆိုထားတာရှိပါတယ်၊
အဓိပ္ပါယ်က၊"အတ္တ" ဆိုသည်မှာ၊စိတ်ကို၎င်း၊ကိုယ်ကို၎င်း၊သဘာဝေ - သဘာဝတရားကို၎င်း၊
ပရမတ္တနိ - မြဲသည်ဟူသောအယူကို၎င်း၊"အတ္တ"ဟူ၍ပရိယာယ်အနက်လေးမျိုးကောက်ယူပြဆိုထားပါတယ်။

သို့သော် ဗုဒ္ဓ အဘိဓမ္မာတွင် ဆိုလိုသော "အတ္တ"ဟူသည်၊သို့မဟုတ်၊ပါယ်လိုသော၊"အတ္တ"သည်၊စိတ်တည်း
ဟူသော "အတ္တ"၊ကိုပါယ်လိုခြင်းမဟုတ်၊ကိုယ်တည်းဟူသောအတ္တသဘောတရားတည်းဟူသော "အတ္တ"
ကိုလည်းပါယ်လိုခြင်းမဟုတ်ပါ။ဗုဒ္ဓ ပါယ်လိုသော "အတ္တ"သည်၊ပရမတ္တနိ- မြဲသည်ဟူသောအယူကိုသာ
 ပါယ်လိုခြင်းဖြစ်ပါတယ်။ပရမတ္တနိ = ပရိ ကပ္ပိတ အတ္တ၊ဗာ ဟီရပရိ ကပ္ပိတ၊မိစ္ဆာဒိဠိ ဝသေန
 ဟုမဟာဝါကျမ်းတွင်ဖွင့်ဆိုထားပါတယ်။

အဓိပ္ပါယ်မှာ။ပရိကပ္ပိတ - သာ သနာပက(ဝါ)ဗုဒ္ဓဘုရားရှင်မပွင့်မီက၊ရှေ့ ကမ္ဘာလေးဆယ်၊နောင် ကမ္ဘာလေးဆယ်၊ထိုးထွင်သိမြင်သည်ဟုကြွေးကြော်သပ်မှတ်ခံယူထားသော၊ရသေ့ထူး၊ရသေ့ရူး
များ၏လွဲမှားသော(မိ စ္ဆာ ဒိဠိ)အယူဟုဆိုသည်။

ယင်းပရမတ္တနိ - ပရိ ကပ္ပိတ ၊အတ္တနှင့်ပတ်သက်၍အကျယ်ဖွင့်ဆိုထားသည်မှာ၊အယံ အတ္တာ-နိစ္စော၊ဓုဝေါ၊
သဿတော၊အ ဝိပရိ နာမ ဓမ္မော။

အယံအတ္တာ - ထိုအတ္တဟုဆိုသော၊ဝိဥာဉ်ကလေးသည်၊နိစ္စော=မြဲ၏။ဓူဝေါ = ခိုင်ခန့်၏ ။သဿတော=တ
ဘဝပြီး၊တဘဝ၊ခန္ဓာအိမ်အသစ်၊လဲလှယ်ကာ၊ကျင်လည်ကျက်စား၏၊အ ဝိပရိနာမ ဓမ္မော = ဘယ်တော့မှ
မဖောက်ပြန်၊အမြဲတည်နေ၏ဟုဆိုသည်။

ထို့ပြင်၊အယံအတ္ထာ - ကာရကော၊ဝေဒကော၊သယံဝသီ၊အဝိနာသီ၊သဗ္ဗဗျာပီ။အယံအတ္တာ ထိုအတ္တဟု
ဆိုသော၊ဝိဥာဉ်ကလေးသည်၊ပြုသူလည်းသူပင်၊ခံစားသူလဲသူပင်၊သူအလိုလိုဖြစ်၍၊ပျက်စီးခြင်း
မရှိဆိုသည်။

ဤသို့လျှင် အတ္တနှင့်ပါတ်သက်၍၊အင်္ဂါလေးချက်စွမ်းရည်လေးမျိုး၊ပေါင်းရှစ်ချက်သော၊သဘောအဓိပ္ပါယ်
ရှိလေရာ၊တချက်အဓိပ္ပါယ်သက်ရောက်လျှင်လည်း "အတ္တ"၊နှစ်ချက်အဓိပ္ပါယ်သက်ရောက်လျှင်လည်း "အတ္တ" ရှစ်ချက်စလုံးနှင့် အစိပ္ပါယ်သက်ရောက်လျှင်လည်း"အတ္တ"၊ယင်းအဓိပ္ပါယ်ရှစ်ချက်လုံးနှင့်၊ကွင်းလုံးကျွတ်လွတ်သောအယူမှသာလျှင်၊(အတ္တ - မြဲသည်ဟူသောအယူသည်၊န-မဟုတ်) "အနတ္တ"ဖြစ်သည်။

ဓမ္မာတိ နိဗ္ဗာနံ အန္တော ဂတတ္တာ အဓိ ဗ္ဗေတာ၊ထိုအနတ္တ၏သဘာဝကိုမူ နိဗ္ဗန်တိုင်အောင်ကောက်ယူကြ
ရမည်သာဖြစ်သည်။

အနတ္တာာတ အတ္တာနာ ပုဂ္ဂလေန ဇီဝေန ရဟိတော၊ဧကဓမ္မေဝိ၊ပုဂ္ဂလော၊နတ္ထိ အတ္တော၊ အနတ္တဆိုသည်မှာ 
ပုဂ္ဂိုလ်ကိုလိုက်၍၎င်း၊အသက်ဝိဥာဉ်အားဖြင့်၎င်း၊တစုံတခုကိုထောက်တည်၍၎င်း၊ကောက်ယူရခြင်းမရှိ ဟူ
၍ပြဆိုထားသည်။

ဗုဒ္ဓ၏ အနတ္တဝါဒသည်၊အတ္တဝါဒနှင့်ဆန်ကျင်ဘက်၊ဖြစ်သည်။

"အနတ္တ"ဝါဒ၏ဆန်ကျင်ဘက်ဖြစ်သော "အတ္တ"ဝါဒသည်၊ကမ္ဘာပေါ်ရှိ ဘာသာရေးသမားအများစု၏၊အ
သည်းနှစ်လုံးပင်ဖြစ်သည်၊လောကီနယ်သားလူအများတို့၏အသည်းနှစ်လုံးပင်ဖြစ်သည်။လောကီ
နယ်သား လူအများတို့၊မမုန်းနိုင်သည့်အပြင်မဆုံးနိုင်အောင် နှစ်သက်မြတ်နိုးနေကြသော၊"ဘုံစဉ်စံ"ဝါဒ၊
လမ်းစဉ်တရပ်ဖြစ်သည်။

အတ္တဝါဒ၊အတ္တ အဘိဓမ္မာ၏ အထွဋ်အထိပ်ဖြစ်သောဟိန္ဒူဗြဟ္မဏတို့၏လမ်းစဉ်တွင်ယင်းအတ္တခေါ် ဝိဥာဉ်
ကလေး၏ ၊ အနာဓိ၊အနန္တ၊အဆုံးမမြင်၊အစဉ်မြဲသော၊စွမ်းဆောင်နိုင်သော အရည်းအချင်းကို၊စိတ်ကူး
ယဉ်ဖြင့်ကြီးကျယ်စွာအဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။

ထိုကဲ့သို့အထင် အတ္တကိုအရှိထား၍၊ကောင်းကံ၊မကောင်းကံကိုသယ်ဆောင်မသွားနိုင်အောင် ချုပ်ချယ်
ကျင့်ကြံသော အတ္တ ကိလမထ နူရောဂ အကျင့်ဖြစ်သည့် လက်ဝဲလမ်းကျင့်စဉ်သည်၊ဒုက္ကရစရိယာ အကျင့်
ပင်ဖြစ်ပါသည်၊ထိုလက်ဝဲလမ်းစဉ်ဖြစ်သည့် ဒုက္ကရ ကျင့်စဉ်ကို၊ပြစ်ပါယ်လိုက်မှသာ၊မကျင့်သုံးတော့မှသာ၊ဗုဒ္ဓစင်စစ်ဘုရားအဖြစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။အကြောင်းအကျိုးကိုနားလည်ရန် ပ ဋိ စ္စ သ မုပ္ပါဒ်ကို 
ဆင်ခြင်ခြင်းဖြင့်သာ၊ဗုဒ္ဓအဖြစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ ဗုဒ္ဓအဖြစ်သို့ရောက်ရှိမှသာ၊နည်းဗျူဟာအားဖြင့်၊ဓမ္မ စက္က ပ ဝတ္တန သုတ်ကိုဟောကြားပြီး၊မဟာ
ဗျူဟာအားဖြင့် အနတ္တ လက္ခဏာသုတ်ကိုဟောကြားခဲ့ပါသည်။ယုတ္တိဗေဒအရ၊အကြောင်းကြောင့်အကျိုးဖြစ်
ရပုံကိုသိရှိသဘောပေါက်စေရန်၊ပ ဋိ စ္စ သမုပ္ပါဒ်ကိုဟောကြားခဲ့ရခြင်းဖြစ်ပါသည်။ထို့ကြောင့် ဒုက္ကရစရိယာ
 အကျင့်ကိုလွန်မြောက်မှသာ ဗုဒ္ဓ အဖြစ်သို့ရောက်ရှိခဲ့ရခြင်းဖြစ်ပါသည်။

စာပေသစ္စာဖြင့်
ဟင်္သာ (တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...