Friday, July 24, 2020

စမ်းဦးမလား

စမ်းဦးမလား

မကွေး - တောင်တွင်း ရထားပေါ်တွင်ဖြစ်သည်။ကိုဟင်္သာသည် အလန်းဇယားမလေးတစ်ယောက်နှင့်ဘေး
ချင်းကပ်လျက်ထိုင်ခုံတွင် နေရာရသည်။ခရီးသွားရင်း ပဋိသန္ဓာရစကားဖြင့် အလန်းဇယားမလေးအား
စတင်နှုတ်ဆက်လိုက်သည်။

``ဒီခရီးကို မင်းနဲ့အတူသွားခွင့်ရတာ အတိုင်းမသိ ဝမ်းသာမိပါတယ်"

သို့သော် အလန်းဇယားမလေးဆီက မထင်မှတ်သော တုံ့ပြန်မှုကို ရလိုက်လေသည်။

"ဘာ ------ ရှင်နဲ့အတူ ဟော်တယ်လိုက်ဖို့ခေါ်ရအောင်ကျမကို ဘယ်လိုအစားများမှတ်နေလဲ ***
ရထားပေါ်မှလူများက ကိုဟင်္သာကို အပျော်မယားလိုက်စားတတ်တဲ့နှာပူးဟူသောအကြည့်ဖြင့် ဝိုင်းကြည့်သဖြင့်ကိုဟင်္သာခင်ဗျာ အရှက်ရသွားလေသည်။

ခဏအကြာတွင် အလန်းဇယားမလေးမှ: :::::::တောင်းပန်ပါတယ်ရှင်-----ကျမက စိတ်ပညာ
ဘာသာရပ်ကိုလေ့လာနေတဲ့သူတစ်ယောက်ပါ----ရှင်ထင်မှတ်မထားတဲ့တုန့်ပြန်မှုမျိုးကို
 ကျမက ရုတ်တရက်လုပ်လိုက်ရင်ရှင် ဘယ်လိုဖြစ်သွားမလဲဆိုတာသိချင်လို့ စမ်းသပ်ကြည့်
လိုက်တာပါ"

ထိုအခါ ကိုဟင်္သာက လူအားလုံးကြားလောက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
"ဘာ - - - တစ်ညကို ငါးသိန်းပေးရမယ် ဟုတ်လား - - -ငါ့ကို အချဉ်များမှတ်နေလား
 ------ ငါ အဲ့လောက်မတုံးသေးဘူးကွ"
 
ရထားပေါ်မှ လူများက အလန်းဇယားမလေးကို ဘာညာလားဆိုသောအကြည့်ဖြင့် ဝိုင်းကြည့်ကြလေသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...