Friday, July 3, 2020

ကျောက်စိမ်း ကျိန်စာ ကင်းဝေးကြပါစေ

ကျောက်စိမ်း ကျိန်စာ ကင်းဝေးကြပါစေ
ဇူလိုင်-၃ရက်
စာပေသစ္စာဖြင့်
ဟင်္သာ (တောင်တွင်းကြီး)
၂၀၂၀ခုနှစ် ဇူလိုင် ၂ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်ဒေသ ဆိတ်မူကျေးရွာအုပ်စု၊ဝှေခါကျေးရွာအနီးရှိ ရာသီသိမ်းချိန်လုပ်ငန်းရပ်နားထားသည့် ဂျိတ်လင်း၊ကျောက်စိမ်း
သစ်ရွက်၊စိမ်းရွှေဝါ ကုမ္မဏီလုပ်ကွက်နေရာများတွင် အမြင့်ပေ၁၀၀၀ခန့်၊အလျား ပေ၇၀၀ခန့်ရှိမြေ
စာပြိုကျမှုကြောင့်အောက်ခြေရှိအလျား၅၀၀ပေ၊အကျယ် ၁၀၀၀ပေခန့်ရှိရေကန်အတွင်းရေလှိုင်းများဖြစ်ပေါ်
ပြီးရေလှိုင်းပုတ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၁၈၂)ဦးအားသေဆုံးလျှက်ရှာဖွေတွေ့ရှိပြီး
 ထိခိုက်ဒဏ်ရာရရှိသူ(၆၅)ဦးရှိကြောင်း ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။အလားတူ၂၀၁၈ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီ ခန့်ကမော်ဝမ်းရပ်ကွက်၊မော်မောင်ဘွမ်မှော်ရွာအောက်ဘက်ရှိဂျိတ်လင်းကုမ္မဏီ၏ ပုဂ္ဂလိကလုပ်ကွက်အမှတ် ၅၃ တွင်မြေစာပြိုကျမှုကြောင့် ရေးမဆေးကျောက်ရှာဖွေသူ(၆)ဦးသေဆုံးခဲ့
သည်။တဖန် ဇန်နဝါရီလ ၆ရက်နေ့ မနက်၃နာရီခန့်က ဆိန်မှုကျေးရွာအုပ်စု၊ဝှေခါကျေးရွာလုပ်ကွက်
အတွင်း ကျောက်စိမ်း ကမ်းပါးပြိုကျမှုကြောင့် (၅)ဦးသေဆုံးခဲ့ပြန်သည်။ယင်းဖော်ပြချက်များမှာ စာရေးသူ
လက်လှမ်းမှီသလောက်သာဖော်ပြထားခြင်းဖြစ်ပါသည်။ဖြစ်စဉ်များစွာ ကျန်ရှိနေနိုင်ပါသည်။ယခုကဲ့သို့ဖြစ်ပျက်မှုများအတွက်လုံခြုံမှုရှိအောင်ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုတင်ပြခဲ့ဘူးသည်။
သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ဒီလိုသေဆုံးမှုဖြစ်စဉ်တိုင်းမှာ လာပြီးကွင်းဆင်းစစ်ဆေးတာမျိုးတွေလုပ်တယ်။ပြီးရင်ပြန်သွားကြတယ်။ထပ်မဖြစ်အောင်မည်သို့ဆောင်ရွက်နေသည်ကိုဒေသခံများက
သိချင်ကြပါတယ်။ရေးမဆေးကျောက်ရှာဖွေသူများမှာ မိမိတို့ဒေသအလုပ်အကိုင်ရှားပါးမှုကြောင့်ယခုကဲ့သို
့လာရောက်ရှာဖွေကြခြင်းဖြစ်ပါတယ်။
မြေစာများ စွန့်ပစ်မှု၊ စနစ်တကျမရှိသောကြောင့် လုပ်ငန်းလုပ်ကိုင်နေကြသောကုမ္ပဏီများအနေဖြင့် လည်း သတ်မှတ်ထားသည့်အတိုင်း မြေစာများကိုစွန့်ပစ်သင့်ကြောင်းပြောကြသည်။ရေမဆေးကျောက် ရှာဖွေ သူတစ်သိန်းဝန်းကျင်ခန့်ရှိနေပြီး ယခုကဲ့သို့ လုပ်ငန်းများ၏ စွန့်ပစ်ပုံများတွင် ရေမဆေးကျောက်ရှာဖွေစဉ်
 မြေစာပြိုကျမှုကြောင့် နှစ်စဉ် လူ (၅၀)ခန့် သေဆုံးနေသည်။မြန်မာနိုင်ငံတွင် လက်ရှိ ပစ္စလက္ခကာလတွင် သံယံဇာတကျိန်စာကြောင့် ပြည်သူများမကြာခဏ အစုလိုက်အပြုံလိုက် သေဆုံးမှုများဖြစ်ပေါ်နေသည်။
ကျောက်စိမ်းသဘာဝသယံဇာတကျိန်စာကြောင့်များဖြစ်လေရော့သလားဟု ထင်မိသည်။

ရာဇကုမာရကျောက်စာ (ခေါ်)မြစေတီကျောက်စာတွင် ကျန်စစ်မင်းကြီး အား သားတော်ရာဇကုမာရ
မင်းသား ၏ မွေးကျေးဇူးဆပ်သည့်အနေဖြင့် လှူဒါန်းသော အလှူကို ကျောက်စာအဖြစ်ရေးထိုး ထားကြောင်း သိရသည်။မြစေတီကျောက်စာတွင် နာမကျန်းဖြစ်နေသော ဖခင်ကျန်စစ်သားမင်းကြီးအား ရည်စူး၍ ရာဇကုမာရမင်းသားက ရွှေဘုရားတစ်ဆူ သွန်းလုပ်၍ရဟန်းသံဃာများရှေ့တွင် ရေစက်သွန်းချ အမျှဝေ ဆုတောင်းခဲ့သည်။ ဤသို့လှူဒါန်းရသောကြောင့် သဗ္ဗညုတဥာဏ်ရအံ့သော အကြောင်းဖြစ်စေ သတည်း။သူလှူဒါန်းခဲ့သော ဘုရားနှင့်ကျေးကျွန်တို့အား တစ်စုံတစ်ယောက်ကဖျက်ဆီးခဲ့ပါက ဘေးအန္တ
ရာယ်ကျရောက်စေရန် ကျိန်စာသဘောမျိုးရေးသားခဲ့သည်။

မြန်မာ့ပဒေသရာဇ်ခေတ်သမိုင်းတွင်“ပတ္တမြား”ရတနာသည် မြန်မာ့သမိုင်းဝင်တွင်းထွက်အဖိုးတန်
 ကျောက်မျက်ရတနာတစ်ပါးဖြစ်ခဲ့သည်။ ကုန်းဘောင်မင်းဆက်၏ဒုတိယနောက်ဆုံးမင်းတုန်းမင်း လက်ထက် တွင် တိုင်းပြည်ရတနာဖြစ်သော “ပတ္တမြားကြီးငမောက်”မှာ ယခုအခါ အစရှာမရအောင်
 ပျောက်ဆုံးခဲ့ပြီး သမိုင်း စဉ်အရ ဗြိတိသျှကိုလိုနီနယ်ချဲ့စစ်ဗိုလ်ကြီးများ ခိုးယူသွားသည်ဟု အဆိုရှိသည်။ မည်သို့ပင်ဖြစ်ပါစေ “ပတ္တမြားငမောက်”ကို အမွေဆက်ခံသူ သီပေါမင်းလက်ထက်တွင် မြန်မာနိုင်
ငံတော်ကြီးကျွန်ဘ၀ရောက်ခဲ့ရခြင်းကို “ပတ္တမြားကျိန်စာ”ခြင်းပင်ဖြစ်လေသလောဟုတွေးခေါ်ကြသည်။

ကျောက်စိမ်းတွင်းများမှ စွန့်ပစ်ပစ္စည်းရှာသူတို့အဖို့ မြေစာပုံများ ပြိုကျ၍သေဆုံးမှုများစွာကို ရက်ပိုင်း၊ လပိုင်းအတွင်း မကြာခဏ ကြုံတွေ့နေကြသည်။မြန်မာ့ကျောက်စိမ်းကို အဓိကတူးဖော်နေသော ဖားကန့် မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုနှင့်ဆိတ်ပူကျေးရွာကြားရှိ ကျောက်စိမ်းကုမ္ပဏီများမှ စွန့်ပစ်ထားသော
တစ်သုံးလုံးမြေစာပုံပြိုကျခဲ့ဘူးသည်။ပြိုကျသည့်နေ့က ၂၀၁၅ ခုနှစ်၊၀င်ဘာလ ၂၁ရက်နေ့ဖြစ်ပြီး အများသူ ငါ အိပ်မောကျချိန် နံနက် ၄ နာရီခန့်တွင် မြေစာပုံကြီး၏ အလျားပေ၅၀၀၀ ခန့်ပြိုကျကာ ယာယီတဲအလုံး (၈၀)ပေါ်သို့ မြေစာများ ဖုံးအုပ်သွားသည်။မြေစာပုံအောက် လူ(၂၀၀)ကျော်ရောက်သွားပြီး စတင်ပြိုပြီး (၄)ရက်မြောက်နေ့အထိအလောင်းပေါင်း (၁၄၄)လောင်းကို ဖော်ထုတ်ယူနိုင်ခဲ့သည်။မြန်မာ့ကျောက်
စိမ်းသမိုင်းတွင်သေဆုံးသူအရေအတွက် အများဆုံးဖြစ်သည်။ ဤသည်ကို ထိုဒေသနေသူအချို့က
 ကျောက်စိမ်းကျိန်စာဟုပြောကြသည်။

ထိုကျောက်စိမ်းထွက်ရှိရာဒေသမှာ ဖားကန့်ဒေသအဓိကဖြစ်သည်။ ထိုဖားကန့်ဒေသ ကျဉ်းကျဉ်းလေးကပင်
 ကျောက်စိမ်းပမာဏများစွာ ထွက်ရှိပြီးအမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ရရှိနေပြီဖြစ်သည်။ ထိုဒေသခံ ကချင်ပြည်သူတို့မှာဆင်းရဲမွဲတေလျက်ရှိယုံသာမက စစ်ဘေးဒဏ်ကို ခါးစည်းခံနေကြရသည်။ကျောက်စိမ်းကိုလက်နက်အားကိုးဖြင့် ကိုယ်ကျိုးရှာနေကြသည်။ လက်နက်အားကိုး စစ်ဝါဒီများသည် ဒေသခံ များကို
မူးယစ်နွံထဲနှစ်လို့ သူတို့ချမ်းသာမှုကို အရယူခဲ့ကြသည်။ ထိုဖြစ်စဉ်များကို ကြည့်ပြီး ဒေသခံကချင် အမျိုးသားတစ်ဦးက ဗိုလ်ကျစိုးမိုးလည်း ခဏပါပဲ။ ဒီစစ်ဝါဒီတွေလည်းကျောက်စိမ်းကျိန်စာသင့်ကြမှာ
ပါဟု ပြောခဲ့ဘူးသည်။

မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်မျိုးစေ့ကို ချခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်းကိုလည်းကျောက်စိမ်းမူးယစ်
ခြင်းဝေဒနာပေးနိုင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တ၀ှိက်က ကချင်ပြည်နယ်မှထွက်ရှိသော (၅၃)တန်လေး
လံသည့် ကျောက်စိမ်းတုံးကြီးကို သူရ ကိုယ်ရ လုခဲ့ကြသဖြင့်မြန်မာ့တပ်မတော်သားများစွာနှင့် KIA တပ်သားများစွာ အသက်စတေးခဲ့ကြရသည်။လက်နက်အင်အားကြီးမားသူသာ အနိုင်ရသည်
ဆိုသည့်အတိုင်း ဗိုလ်ချုပ်ကြီး နေ၀င်းသည် အထက်ပါကျောက်စိမ်းတုံးကြီးကို ကချင်ပြည်နယ်မှ ရန်ကုန်မြို့အထိ သယ်ဆောင်ယူခဲ့ပြီးကမ္ဘာအေးကုန်းမြေတွင် အစောင့်အကြပ် လုံခြုံစွာ ချထားပြီး
 ပြည်သူကိုပြသထားခဲ့သည်။ ထိုကျောက်စိမ်းတုံး ကြီး သတင်းက ယနေ့ထိ ပေါ်ထွက်မလာတော့။

မြန်မာကျောက်စိမ်း၏ ၀ယ်လက်မှာ တရုတ်များသာ အဓိကဖြစ်သည်။မြန်မာနိုင်ငံရေးတွင် တရုတ်များ
ဝင်ရောက်ပတ်သက်နေခြင်းမှာလည်း ကျောက်စိမ်းကြောင့်ပင်ဖြစ်သည်။ တရုတ်တို့၏ ရိုးရာအ
ရကျောက်စိမ်း သည် “ရွှေ”ထက်ပို၍ကောင်းကျိုးချမ်းသာစေသည်။ ကံကောင်းကျောက်ဟုမှတ်ယူကြသည်။တရုတ်တို့ ဆိုစကားတွင် “ရွှေ ကတန်ဖိုးရှိတယ်။ကျောက်စိမ်း ကတန်ဖိုးမဖြတ်နိုင်”ဟုဆိုသည်။ သို့ပါ၍ မြန်မာနိုင်ငံ၏ ကျောက်စိမ်းတွင်းများကို တရုတ်တို့မျက်တောင်ပင်မခတ် စောင့်ကြည့်နေကြသည်။

ကချင်ပြည်နယ်၏ အဓိက သယံဇာတကျောက်စိမ်းမှ ရရှိသောငွကြေးပမာဏမှာများပြားလွန်း၍ ခန့်မှန်းရခက်နေသည်။ ကချင်ပြည်နယ်နှင့်ထိစပ်နေသော တရုတ်နိုင်ငံ၏ကျောက်စိမ်းနှင့်စပ်လျဉ်းသည့် စာရင်းဇယားများအရ ၂၀၁၄ တစ်နှစ်တည်းမှာပင် တရုတ်နိုင်ငံသို့တင်သွင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံရှိကြောင်း (GLOBAL WITHNESS)အစီရင်ခံစာတွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ကျောက်စိမ်းထုတ်လုပ်ရောင်းချခြင်းနှင့်စပ်လျဉ်း၍အဓိကကြိုးကိုင်ချယ်လှယ်နေကြ သူများမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ နှင့် မိသားစု၊မွေးမြူရေးနှင့်ရေလုပ်ငန်းကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီးဟောင်းဦးအုန်းမြင့်၊ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဟောင်း (ဗိုလ်ချုပ်ဟောင်း) ဦးမောင်မောင်သိမ်းလူ/ကယ်နှင့်ပြန်လည်နေရာချထားရေးဝန်ကြီး၊ ဒုဝန်ကြီး ဦးအုန်းဆွေ (ဗိုလ်မှူးချုပ်ဟောင်း)နှင့် ဆက်/သွယ် သတင်းအချက်အလက်နည်းပညာဌာန ၀န်ကြီး ဦးဝင်းသန်း (ဗိုလ်ချုပ်ဟောင်း)တို့ဖြစ်ကြသည် ဟု (GLOBAL WITHNESS) အဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းမှာ အစိုးရဟောင်းများ၊အရာရှိများဖြစ်ကြပြီး၊ ဘိန်းဘုရင်လော်စစ်ဟန်၏ သားကြီး စတီပင်လော၊ပတ္တမြား
နဂါးကုမ္ပဏီ ဥက္ကဋ္ဌ နေ၀င်းထွန်း၊ ပင်ယမြန်မာ အချိုရည်ကုမ္ပဏီ CEO ဒေါ်ရွှေခင်၊၀,တိုင်းရင်းသားခေါင်းဆောင်ပေါက်ယူချန်းနှင့် ဝေဆူးကျန်၊ စိုင်းဖီးလစ်ရဲ၊ လီမြင့်စသူတို့အပြင် KIA ၏ အကြီးအကဲအများ
စုလည်း ပါဝင်သည်။ကျောက်စိမ်းသည် မြန်မာနိုင်ငံအနာဂတ်ကို မည်သို့ ကျိန်စာသင့်စေဦးမည်ကို စိုးတထိတ်ထိတ်စောင့်ကြည့်နေရကြောင်းပါ။

စာပေသစ္စာဖြင့်
ဟင်္သာ (တောင်တွင်းကြီး)
photo-BBC

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...