Sunday, June 7, 2020

တရားစီရင်ရေးနဲ.ဒီမိုကရေစီစနစ်

 
 စာရေးသူ၏-ပုံ
 
BBCသတင်းထောက်တစ်ဦးကိစ္စ၂၀၂၀ဇွန်(၆)ရက်နေ.နံနက်(၁၁)နာရီကအလုပ်ကြမ်းနဲ.ထောင်
ဒဏ်(၃)လအမိန်.ချမှတ်လိုက်ပါတယ်။အလားတူ သတင်းထောက်နှစ်ဦးကိစ္စ ၂၀၁၈စက်တင်ဘာ(၃)
ရက်နေ.က ထောင်ဒဏ်(၇)နှစ်စီအမိန်.ချမှတ်လိုက်ပါတယ်။တရားရုံးရဲ. အဆုံးအဖြတ်စီရင်ချက်ကိုဘာမှ
မပြောနိုင်သလို ဘယ်လိုမှလည်းမဝေဖန်ဝံ့ပါ။တကယ်တော့တရားရေးဆိုတာ တရားရေးဘဲဖြစ်ပါတယ်။

အချိန်တွေကြာခဲ့ နှစ်တွေကြာခဲ့တဲ့ မြန်မာ့တရားစီရင်ရေးသမိုင်းကိုပြန်ကြည့်ရင် ပြည်သူယုံကြည်
မှုနဲ.ဝေးနေခဲ့တာတွေ့ရသလို တစ်ချို.က တရားရုံးဆိုသည်မှာ မတရားရုံးသာဖြစ်သည်ဟု သရော်သည်
ထိဖြစ်လာသည်။အဲ့ဒီတခေတ်တခါက မြန်မာ့တရားစီရင်ရေးဟာ လာဘ်စားမယ်။မရလို.ပါ။မရလို.ပါဆိုစကားနဲ.ထိန်းထားကြတယ်။ဘာမရတာလဲမသိ။စကားကနှစ်ခွဖြစ်တယ်။အမှုတစ်ခုဖြစ်ရင်အချိန်တွေ
အကြာကြီးအမှုစစ်မယ်။အစိုးရက၀င်ပါလာမယ် (ဖိအားပေးမယ်)ဆိုရင်အမြန်စစ်မယ်။အမြန်စီရင်ချက်ချမယ်။အာမခံပေးချင်တဲ့သူဆို ချက်ခြင်းအာမခံပေးမယ်။အာမခံမပေးချင်ရင် ပြစရာအကြောင်းတွေ
အမျိုးမျိုးပြပြီး အာမခံပေးလို.မရလို.ပါနဲ. အဆုံးသတ်မယ်။ဘာမရလို.လဲတော့မသိဘူး။အာမခံ
မပေးနိုင်ကြောင်းငြင်းမယ်။အာဏာပိုင်တွေဘက်က ဘယ်သူ.ကိုမဆို ဖမ်းဆီးတရားစွဲခွင့်ရှိတယ်။
ပြည်သူလူထုဘက်ကျပြန်တော့ အစိုးရမပြောနဲ့ ဆယ်အိမ်မှူး၊ရာအိမ်မှူး၊ရဲတပ်သားလောက်တောင် တရားစွဲခွင့်မရှိဘူးတရားသူကြီးတို.၊ရဲအရာရှိတို.၊မြို.နယ်ထွေအုပ် အုပ်ချုပ်ရေးမှူးကို တရားစွဲဆိုခွင့်
မရှိဘူး။တိုင်းဒေသကြီးအစိုးရအဖွဲ.၀င် ထွေအုပ်မင်းကြီးကို ပြည်သူက တရားစွဲဖို.ကြိုးစားရင်း ထိုပြည်သူထောင်ထဲဝင်ခဲ့ရတယ်။

ဒီမိုကရေစီစနစ်မှာ တရားရေးမဏ္ဍိာုင်က အရေးအကြီးဆုံးဖြစ်သလို. လွတ်လပ်ပွင့်လင်းတဲ့ တရားစီရင်ရေးက တန်ဖိုးကြီးလှပါတယ်။နိုင်ငံသားတိုင်ဟာ အားကိုရာဆိုလို. တရားဥပဒေသာ
ရှိပါတယ်။ငွေများတရားနိုင်၊ငွေနည်းရှုံး၊ တရားရုံးအပေါ်က ဘယ်သူကပြောလိုဘယ်သူနဲ.ပိုင်လို.လွတ်လိုက်တယ်။ဘယ်သူကဖိအားပေးလို.ထောင်ကျသွားတယ်။ဒီလိုမဖြစ်သင့်ဘူး။ဒါပေမယ့် တလျှောက်လုံးဖြစ်ခဲ့တယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတက်လာလို. စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီဆိုပြီ ၂၀၁၀ မှာရွေးကောက်ပွဲကျင်းပပေးလို. ဦးသိန်းစိန် အစိုးရတက်လာခဲ့ပါတယ်။ဒီမိုကရေစီ အစိုးရဆိုတာ ဘယ်လိုပါလိမ့်လို. စောင့်မျှော်ကြည့်ရှုနေကြပါတယ်။သမ္မတ ဦးသိန်းစိန်က တစ်လတစ်ခါထွက်လို.လာပြီး မိဘ ပြည်သူများခင်ဗျာ မိန်.ခွန်းပြောပါတယ်။အော် ဒီမိုကရေစီဆိုတာ တစ်လတစ်ခါစကားထွက်ပြော
တာလားလို. မေးရတဲ့အထိဖြစ်ပါတယ်။

တစ်လတစ်ကြိမ်မိန်.ခွန်းကဘာထူးလဲ ခွဲခြမ်းစိတ်ဖြာကြည့်ပြန်တော့ မစာရ၀ခမန်းဆိုတာတွေ့ရတယ်။
အရင်အစိုးရတခေတ်က ပိတိကိုစားအားရှိဆိုသလို အသွင်သဏ္ဍန်တူတဲ့ မစားရပေမယ့် ၀ခမန်းဆိုတဲ့
စကားလုံးပေါ်လာပါတယ်။အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊တရားစီရင်ရေးမဏ္ဍိာုင်ကြီးသုံးရပ် ပြော
တာပြောနေတာ အရင်လူလဲသူတို.ပဲ အခုလည်းသူတို.ပဲ အုပ်ချုပ်ရေးပိုင်းက ဘာထူးလည်းမေးရင် ထူးတော့ထူးပါတယ် ဦးသိန်းစိန်ကိုယ်တိုင် စစ်ယူနီဖောင်းကြီးချွတ်ပြီး တောင်ရှည်နဲ့ခေါင်းပေါင်းနဲ့ စလွယ်ကြီးသိုင်းလို. အုပ်ချုပ်ရေးပိုင်းက မထူးခြားလှပါဘူး။

အရင်အစိုးရလက်ထက် ဦးသိန်းစိန်အုပ်ချုပ်စဉ်က အမိန်.တွေက ဥပဒေကဲ့သို. အာဏာတည်
တယ်နဲ.လွမ်းမိုးခဲ့တယ်။ဦးသိန်စိန် ယူနီဖောင်းချွတ်ပြီး ၂၀၁၈ ခုနှစ် ဖွဲ.စည်းပုံအခြေခံဥပဒေအရ 
 အရင်ကဥပဒေပြုရေးမရှိပေမယ့် အခုတော့ လွှတ်တော်မှာ ဥပဒေပြုလွတ်တော်က ဆွေးနွေးကြ
၊ပြဌာန်းကြအဲ့ဒီစနစ်ဖြစ်လာတယ်။တို.တက်တယ်လို.ပြောပေမယ့် ဒီလူတွေ လွတ်တော်အကြောင်းပြ
 ပြဌာန်းတယ်နဲ.ပြီးခဲ့ကြရပါတယ်။တရားစီရင်ရေးကတော့ ပေါက်ဖော်ကြီးကို တရုပ်ကြီး၊မူတူးနဲ.ဆာမိသာ
နာမည်ပြောင်းခေါ်ကြတယ်။အရင်လိုပါဘဲ လာဘ်စားမြဲစားကြဆဲ၊အစိုးရကိုဖီလာ၊ကန်.လန်.တိုက်
နိုင်ငံရေးသမာဆိုရင် တရားစီရင်ရေးကမြန်တယ်။အချိန်ကြာကြီးဆွဲမနေဘူး ပြစ်ဒဏ်ချဖို.သာစောင့်ကြ
ပေတော့၊စစ်အစိုးရခေတ်က ကြမ်းခင်ဈေး(၃)နှစ်ဆိုတာမျိုး အစုလိုက်အပြုံလိုက် တရားစီရင်ရေးမရှိတော့
ပေမယ့်၊ချစ်သူ၊မုန်းသူ၊အာမခံပေးချင်သူ၊ချက်ခြင်းအာမခံပေးလို.ရတဲ့ ဥပဒေတွေက ရှိပြီးဖြစ်နေတယ်။
တချို.လည်း အာမခံပေးသင့်ပါလျှက်လုံခြုံရေး ဥပဒေအကြောင်းအမျိုးမျိုးပြပြီး ထိန်းထားခဲ့တယ်။

တရားစီရင်ရေးကဏ္ဍဟာမပြောင်းလဲဘဲကျန်နေခဲ့တယ်။ဒီမိုကရေစီဆိုတာ လွတ်တော်တွေရှိလာတယ်
၊ရွေးကောက်ပွဲတွေလုပ်ပေးလာမယ်၊နိုင်ငံသားတွေမဲပေးနိုင်တယ်၊ဒါတင် ဒီမိုကရေစီရပြီလို.ဆိုရမှာလား။ဒီမိုကရေစီမှာ လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာ မရှိမဖြစ်ရှိနေရမယ် တရားရေးဌာနတွေမှာ နာမည်ဘယ်လောက်ပျက်ပျက် ဘယ်သူမှနှုတ်ထွက်သွားတာ မရှိသလို နှုတ်ထွက်လောက်အောင် 
မမှားဘူးလို.တထစ်ချခံယူထားကြတယ်။တာဝန်လည်းမယူဘူး၊တာဝန်လည်းမခံဘူး။ထောင်နေတဲ့ သတင်းထောက်တွေ၊အယ်ဒီတာတွေ၊ ထောင်ကျကုန်တာမျိုး၊ ကိုပါကြီးအသတ်ခံရတာမျိုးတွေ၊လက်ပံတောင်းတောင်မှာသံဃာတော်တွေ မီးလောင်လက်နက်နဲ. တိုက်ခိုက်ခံခဲ့ရတာ၊ကျောင်းသားသပိတ်မှာ ကျောင်းသားတွေကို ဥပဒေကျော်လွန်ပြီ အကြမ်းဖက်ရိုက်နက် နှိမ်နင်ခဲ့တာတွေ
၊ရဲဘက်က သူရိုက်လို. ကိုယ်ရိုက်တာပါလို. သမ္မတ ကိုယ်တိုင်က ဖာဖာထေးထေးဝင်ပြောခဲ့တဲ့ တရားရေးကို ဘယ်လိုယုံကြည်နိုင်ကြပါတော့မလဲ။

တစ်ခါတုန်းက လွှတ်တော်မှာ ဦးရွှေမန်းက တရားသူကြီးချုပ်ရဲ. သက်တမ်းကို အစိုးရသက်တမ်းလို
ပဲငါးနှစ်သတ်မှတ်ဖို.၊ပြင်ဆင်ဖို.၊ကြိုးစားခဲ့ဘူးတယ်။ဥပဒေပညာရှင်စစ်စစ်ပဲဖြစ်သင့်တယ်။တရား
သူကြီးချုပ်ခန်.ပိုင်ခွင့်၊ဖြုတ်ပိုင်ခွင့်ကို လွှတ်တော်မှာ ထားသင့်ပါလျက် သမ္မတ သူကြိုက်ရာသူခန်.ကြီး
ကလည်းခေတ်မမှီတော့ပါဘူး။

တကယ်ဆို ဒီမိုကရေစီစနစ်မှာ အရေးအကြီးဆုံးက လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်သင့်ပါလျက်အောင်ရဲထွေးအမှုမှာ တရားခံတွေကို သက်သေပြည့်စုံစွာမစစ် လူသတ်မှုကို တရားသေလွတ်၊သတ်ပါတယ်
ဝန်ခံပါလျှက် ကြေအေးခွင့်ပေးခဲ့တဲ့ တရားစီရင်ရေးကြောင့် ဒီမိုကရေစီမှာ အရေးကြီးတဲ့လွတ်လပ်တဲ့
တရားစီရင်ရေးဆိုတာ နောက်မှာကျန်နေဆဲလို.သာ ပြောချင်ပါတယ်။

စာပေသစ္စာဖြင့်
ဟင်္သာ (တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...