Monday, June 1, 2020

လိုရင်းကိုရှာ ကိုယ်ချင်းစာ ဒုက္ခဖြစ်နေသူကို ဂရုဏာထား အကြင်နာပွါးပါ

 
ဒုက္ခဆိုတာ
-------------------
၁။ သမုတိသစ္စာ ဒုက္ခ
၂။ ပရမတ္ထသစ္စာ ဒုက္ခ
၃။ အရိယာသစ္စာ ဒုက္ခ ဆိုပြီး သုံးမျိုးသုံးစားရှိပါတယ်။

၁။ သမုတိသစ္စာဒုက္ခ ဆိုတာက၊သမုတ်ထားတဲ့အမှန်တရား၊သပ်မှတ်ထားတဲ့အမှန်တရားပဲ ဖြစ်ပါတယ်
။မွေ၊အို၊နာ၊သေ၊ဆိုတာက လူတွေကသတ်မှတ်ထားတဲ့ အမှန်တရားပါ။ဖြစ်ပျက်နယ်ကမလွတ်လို့ 
သူ့ကိုဒုက္ခသစ္စာလို့သပ်မှတ်ရတာပါ။သူကလဲအမှန်တကယ်ဖြစ်နေတဲ့ ဖြစ်ပျက်နေတဲ့ဒါန်ချက်က
 မလွတ်တဲ့အတွက် ဒုက္ခသစ္စာလို့ အများသဘောတူသပ်မှတ်ထားတာဖြစ်တဲ့အတွက်ငြင်းပါယ်လို့
မရပါဘူး။

၂။ ပရမတ္ထသစ္စာ ဒုက္ခ ဆိုတာက၊ဥပါဒ်၊ထီ၊ဘင် ဆိုတဲ့၊ဖြစ်၊တည်၊ပျက်၊သဘောတရားကြီးဟာ၊သဘာဝနယ်မှာ အမှန်တကယ်ဖြစ်ပျက်နေတာမို့ သူ့ကိုသဘာဝ အမှန်တရားတခုအနေနဲ့ သပ်မှတ်ထားပါတယ်
။ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ၊သက်မဲ့ အားလုံးတို့ဟာ ဖြစ်၊တည်၊ပျက်၊ ဆိုတဲ့စက်ကွင်းက မလွတ်ကင်းနိုင်ကြ
တဲ့အတွက် ဒီသဘောတရားဟာလဲဒုက္ခသစ္စာပဲဖြစ်ပါတယ်။

၃။နောက်ဆုံးတခုကတော့၊အရိယာသစ္စာဒုက္ခပဲဖြစ်ပါတယ်။သူကတော့ ဗုဒ္ဓ ပါယ်လို့တဲ့ ဒုက္ခသစ္စာဖြစ်
ပါတယ်၊ကိုယ့်သမုဒယကြောင့် ကိုယ်မှာ ဒုက္ခသစ္စာဖြစ်လာရပုံနဲ့၊ကိုယ့်မှာသမုဒယမရှိရင် ကိုယ့်မှာဒုက
္ခဆိုတာဖြစ်မလာနိုင်တဲ့၊အပိုဒုက္ခတွေကိုဆိုလိုတာပါ။

အမှတ်(၁)နဲ့ အမှတ်(၂)တွေက လူသားကိုယ်တိုင်မရှောင်ရှားနိုင်တဲ့ဒုက္ခဖြစ်ပြီး၊အရိယာသစ္စာဒုက္ခဖြစ်တဲ့ အပိုဒုက္ခကတော့၊ဗုဒ္ဓနဲ့အရိယာလူသားများအနေနဲ့ မဂ္ဂသစ္စာကိုပွါးပြီးပါယ်သတ်ဖြစ်လို့ရနိုင်တဲ့ဒုက္ခဖြစ်တယ်။

အရိယာသစ္စာ ဒုက္ခတွေကတော့
----------------------------------------
၁။ ဒုက္ခ အရိယာသစ္စာ
၂။ ဒုက္ခ သမုဒယ အရိယာသစ္စာ
၃။ ဒုက္ခ နိရောဓ အရိယာသစ္စာ
၎။ ဒုက္ခ နိရောဓ ဂါမိနိပဋိပဒါ အရိယာသစ္စာ
တို့ပဲဖစ်ပါတယ်။
ဗုဒ္ဓ ဟောထားတာက၊အရိယာသစ္စာဒုက္ခကိုသာ အဓိကထားပြီးပါယ်သတ်ခိုင်းထားတာဖြစ်ပါတယ်။
တခြားဒုက္ခတွေကတော့ သိရှိနားလည်းပြီး၊သဘာဝထဲမှာသဘာဝကျကျနေနိုင်အောင်နဲ့ လိုက်လျှော
ညီထွေဖြစ်အောင်နေသွားနိုင်ဘို့သာလိုပါတယ်။အဲဒီလိုသဘာဝဒုက္ခတွေကိုတော့ သီးခံခြင်းဖြင့်
ပါယ်နိုင်ပါတယ်။ပြုပြင်ခြင်းဖြင့်လဲပါယ်နိုင်ပါတယ်။

အဲ့ဒီလိုနဲ့ လူတွေဟာ ကံ၊စိတ်၊ဥတု၊အဟာရ၊တွေရဲ့အထောက်အပံ့တွေနဲ့ရပ်တည်နေကြရတာပါ။ကံ ဆိုတာကကာယကံ၊ဝစီကံ၊မနောကံတွေပါ၊ကာယကံ၊ဝစ္စကံ၊မနောကံတွေမှာ လွန်ကျူးမှုပါရင် ကံမြောက်
ပါတယ်။အဲဒီလွန်ကျူးမှုကံတွေကိုပြုလုပ်ရင်၊လူမှာဒုက္ခဆိုတဲ့ဆင်းရဲခြင်းသဘောတရားတွေဖြစ်ပေ
ါ်နိုင်ပါတယ်။အဲ့ဒီလိုဆင်းရဲတဲ့သူတွေပေါ်မှာ ဂရုဏာဆိုတဲ့ ကြင်နာခြင်းသဘောတရား၊ကိုယ်ချင်းစာနာ
မှုသဘောတရားတွေထားနိုင်ရင်တော့ အလွန်မတန်မှကောင်းမွန်လှပါတယ်။ဂရုဏာဆိုတဲ့ သဘောတရား
ဟာ လိုရင်းရှာတော့ ကိုယ်ချင်းစာရတဲ့ သဘောပဲဖြစ်ပါတယ်။လူလူချင်း ကိုယ်ချင်းစာတတ်ရင် ကိုယ်ချင်းစာ
သဘောထားတတ်ရင် ဂရုဏာဆိုတဲ့ကြင်နာချင်းသဘောတွေဟာ၊အလိုလိုဝင်လာတတ်တဲ့ သဘောပဲဖြစ်
ပါတယ်၊အဲဒီလိုဒုက္ခရောက်နေတဲ့သူကိုကိုယ်ချင်းစာ သဘောထားပြီး ၊ကြင်နာချင်းဆိုတဲ့ ဂရုဏာ
တွေထားပြီး ကူညီစောင်မပေးကြဘို့ လိုပါတယ်၊အဲဒါမှလဲ လောကကြီးဟာသာယာဝပြောနိုင်ပါတယ်။

နောက်တစ်ခုက ၊စိတ်၊စိတ်ကြောင့်လဲရုပ်တွေဟာဖောက်ပြန်တတ်ပါတယ်။စိတ်ဆင်းရဲလို့ ကိုယ်ဆင်းရဲ
ရပြီဆိုရင်ဒုက္ခ ရောက်ကြရတာလဲ သဘာဝတခုပါပဲ၊စိတ်ထောင်းတော့ကိုယ်ကျေဆိုတာလို စိတ်ဆင်းရဲ
ပီဆိုရင်ကိုယ်လဲဆင်းရဲဒုက္ခ ရောက်ကြရတာပါပဲ၊အဲ့ဒါကြောင့်လောကမှာစိတ်ဆင်းရဲမှုမဖြစ်အောင်လဲနေ
တတ်ထိုင်တတ်ဖို့အလွန်မှအရေးကြီးလှပါတယ်၊စိတ်ဆင်းရဲမှု ချုပ်ငြိမ်းအောင်ကလဲ ဗုဒ္ဓညွှန်ပြတော်မူခဲ့တဲ့
 မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရားကိုပွါးများနိုင်ရင်ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့အရိယာသာဝကတွေဟာ၊အဲဒီအကျင့်မြတ်တွေကိုကျင့်သုံးနေတဲ့အတွက်၊စိတ်ဆင်းရဲခြင်းဆိုတဲ့ဒုက
္ခတွေချုပ်ငြိမ်းနေကြရတာပါ၊တကယ်လို့ အ ရောနိသောမနသီကာယ၊ဖြစ်လို့ စိတ်ဒုက္ခရောက်ရသူတွေ
ကိုတွေ့ရှိရင်လဲဂရုဏာတရားရှေ့ထားပြီးကြင်နာခြင်းတွေနဲ့ကိုယ်ချင်းစာပြီး ကူညီဖေးမပေးကြဘို့လိုပါတယ်
၊လောကမှာနေတဲ့လူသားအချင်းချင်းဟာ အဲဒီလိုသာ ဂရုဏာစိတ်ထားပြီးကူညီသွားနိုင်ကြရင်ဖြင့်
 လောကကြီးဟာ သာယာဝပြောတဲ့ လောကကြီးဖြစ်ပေါ်လာနိုင်ပါပြီ။

နောက်တခုက၊ဥတု၊လူတိုင်ဟာ ဥတုရာသီမမှန်ကန်ရင်လဲရုပ်တွေဟာ ဖောက်ပြန်တတ်ပါတယ်၊အဲဒီလိုရုပ်ဖောက်ပြန်ရင်လဲ စိတ်ဓာတ်တွေပါကျပြီ ဆင်းရဲကြရပါတယ်၊"ရူပံပဋိစ္စ၊နာမံပဝတ္တိ "ရုပ်ကိုမှီပြီးမှနာမ်ဖြစ်ရတာ
ဆိုတော့ရုပ်ဖောက်ပြန်လို့ရုပ်မကောင်းရင်၊နာမ်သဘောတွေကလဲပုံမှန်မဖြစ်နိုင်တော့ပါဘူး၊ဦးနှောက်ဆို
တဲ့ရုပ်ကိုမှီပြီးမှနာမ်သဘောတွေဟာဖြစ်ပေါ်လာနိုင်တာပါ၊မျက်စေ့၊နား၊နှာ၊လျှာ၊ကာယ၊တွေဟာ၊အဆင်း
၊အသံ၊ အနံ့၊အရသာ၊အတွေ့အထိတွေနဲ့၊တိုက်ဆိုင်မိရင် ဦးနှောက်ကို အာရုံကြောတွေကနေပြီး၊တစက္ကန့်ကို
 (၄၅)လက်မ နှုံးနဲ့ပိုပြီးဦးနှောက် ကလာပ်စည်းတွေက၊ပရိုတင်း ဂွင်းဆက်တွေနဲ့ပရိုဂရမ်တွေဖွဲ့ပြီး မှတ်သား
ထားကြတာဟာ၊သဘာဝပါ၊အဲဒီလိုနဲ့နောက်တခါပို့တဲ့ အာရုံသစ်တွေဟာ၊အာရုံဟောင်းတွေနဲ့ပေါင်းဆုံ
ဖွဲ့စည်း နှီးနှောပြီးမှထုတ်လိုက်တဲ့ပုံသဏ္ဍန်တခုကို စိတ်လို့ခေါ်ပါတယ်၊နာမ်လို့ခေါ်ပါတယ်။
လူမှာဥတုရာသီတွေအပူအအေးမမျှတလို့ရုပ်ဖောက်ပြန်ပြီးနာမ်တွေပါ ဖောက်ပြန်ပျက်စီးလာရင်လဲ စိတ်ဒုက္ခ
ကိုယ်ဒုက္ခဟာ မလွဲမသွေကျရောက်လို့လာနိုင်ပါတယ်၊အဲ့ဒီလိုလူသားတွေတွေ့ရင်လဲ ကူညီဖေမတတ်ဖို့လိုပါ
တယ်၊ "လိုရင်းရှာတော့ ကိုယ်ချင်းစာ "တဲ့ အဲ့ဒီလိုလူတွေပေါ်မှာ ဂရုဏာထားပြီး ကြင်နာမှုတွေထားကြမှ လူ့လောကကြီးရဲ့ကောင်းကျိုးကို သယ်ပိုးရာရောက်နိုင်ပါတယ်။

နောက်တစ်ခုက ၊အဟာရ၊ အဟာရဆိုတဲ့အစားသောက်တွေကြောင့်လဲ လူရဲ့ရုပ်ခန္ဓာတွေဟာ ပျက်စီးပြီး ကိုယ်ဒုက္ခရောက်ကြရပါတယ်၊ရုပ်ကို အဟာရ စောင့်တယ်ဆိုတဲ့သဘောအရ၊အဟာရမှန်ရင် လူကိုအ
ကျိုးတရားတွေဖြစ်ထွန်းပေါ်ပေါက်လာနိုင်သလို၊အဟာရမှားယွင်းမှုကြောင့် အစာအဆိပ်သင့်ပြီးတော့လဲ၊ရုပ်
ခန္ဓာတွေဟာဖောက်ပြန်ပျက်စီးနိုင်ပါတယ်၊အရက်သောက်ခြင်းကြောင့်အယ်လ်ကိုဟောရဲ့ဒါဏ်ချက်ကိုခံကြရသလို၊ဆေးလိပ်သောက်ခြင်း၊ကွမ်းစားခြင်း၊မူယစ်ဆေးဝါးသုံးဆောင်ခြင်းဖြင့်လဲဆိုးကျိုးတွေကို ရုပ်မှာ
လာပြီးခံစာရစေနိုင်ပါတယ်၊ဆေးလိပ်မှာပါတဲ့ နီကိုတင်ဟာ လူကိုထိခိုက်နိုင်ပါတယ်၊အဲဒီလို ထိခိုက်ပြီး
ဒုက္ခရောက်နေတဲ့သူတွေကိုတွေ့ရင်စိတ်ဓါတ်တွေအသိမှန်စေဘို့ ပညာပေးဟောပြောမှုတွေလုပ်ပေးပြီး 
ဂရုဏာထားမေတ္တာပွားပေးနိုင်ဘို့လိုပါတယ်၊အစာလဲဆေး၊ဆေးလဲအစာဆိုသလိုဘေးဖြစ်မဲ့၊အစာ
အဟာရတွေကို၊ရှောင်ပြီး၊ဆေးဖြစ်မဲ့အစာအဟာရတွေကိုသုံးဆောင်နိုင်ဘို့ ပြုပြင်ထိမ်းသိမ်းစောင့်ရှောက်ပေးနိုင်ဘို့ကလဲ လူသားချင်း ကိုယ်ချင်းစာ တရားထားပြီးဂရုဏာတွေအကြင်နာတွေပွားနိုင်မှဖြစ်ပါတယ်၊အဲဒါ
ကြောင့်လူသားခြင်း ဂရုဏာစိတ်ထားတွေပွားပြီး ကူညီပေးကြစေလိုပါတယ်။

ဗုဒ္ဓ တကယ်လိုလားတော်မူတဲ့ ပါယ်လိုချင်းဒုက္ခကတော့သမုဒယ၊တဏှာသုံးရပ်ကြောင့်ဖြစ်လာမဲ့ ဒုက္ခသုံးမျိုးကိုသာ၊အဓိကထားပြီးပါယ်လိုတာဖြစ်ပါတယ်၊သမုဒယအရိယာသစ္စာဆိုတဲ့(၁)။ကာမတ
ဏှာ/မဟိဒ္ဓကိုတပ်မက်တာ၊(၂)။ဘဝတဏှာ/အဇ္ဇတ္တကိုတပ်မက်တာ၊(၃)။ဝိဘဝတဏှာ/အတွင်းအပြင်နှစ်
ပင်လိမ်ပြီးစိတ်ကူးနဲ့တပ်မက်တွယ်တာနေတာ -အဲဒီသမုဒယအရိယာသစ္စာကြောင့်၁။သဘာဝဒုက္ခ/မွေး၊အို၊
နာ၊သေပေါ်မှာဖြစ်တဲ့ဒုက္ခ၊၂။သရာဂ ဒုက္ခ /ချစ်ခြင်းမုန်းခြင်း အလိုကြီးခြင်းပေါ်မှာဖြစ်ရတဲ့ဒုက္ခ၊၃။အဘိဓမ္မာ
ဒုက္ခ/ဥပါဒါန်နဲ့ယှဉ်တဲ့ခန္ဓာငါးပါးဒုက္ခ၊အဲဒီဒုက္ခတွေဟာ သမုဒယကြောင့်ဖြစ်ရတဲ့ဒုက္ခတွေပါ၊အဲဒီဒုက္ခတွေ
ချုပ်ငြိမ်းစေဘို့၊နိရောဓဆိုတဲ့အေးငြိမ်းမှုသဘောဆိုက်အောင်ကတော့၊မဂ္ဂအရိယာသစ္စာခေါ်တဲ့၊မဂ္ဂင်ရှစ်ရပ်
အကျင့်မြတ် တရားကိုပွားများကြရမှာပါ။

အဲဒီတော့လောကမှာ အဲဒီဒုက္ခသုံးမျိုးနဲ့ရင်ဆိုင်နေရတဲ့ပုထုဇဉ်ဆိုတဲ့၊အရူး အကန်းလိုလူမျိုးတွေကများပြား
နေကြရပါတယ်၊အဲဒီလိုလူမျိုးတွေကို အမြင်မှန် သမ္မာဒိဋ္ဌိ ရာနှုန်းပြည့်ဖြစ်ပေါ်ပြီး၊အမြင်မှန်၊အတွေးမှန်၊
အပြောမှန်၊အလုပ်မှန်၊သက်ထိမ်းမှုမှန်၊ကျိုးစာမှုမှန်၊နိုးကြားမှုမှန်တည်ငြိမ်မှုတွေမှန်ကန်ပြီး လောကလူ
သားအဖြစ်မှ ၊ကမ္ဘာလူသားအဖြစ်သို့ တက်လှမ်းရောက်ရှိနိုင်အောင်၊ကိုယ်ချင်းစာတရား ဂရုဏာထားပြီး
 အတတ်နိုင်ဆုံးဖေးမခေါ်ဆောင်သွားနိုင်ဘို့က လူသားတိုင်းရဲ့ တာဝန်၊လူသားတိုင်းရဲ့ ဝတ္တရားပဲဖြစ်ပါ
တယ်၊အသိဉာဏ်ရင့်သန်တဲ့ ဗုဒ္ဓ ရဲ့သားတော်တွေဟာ၊အသိဉာဏ် မရင့်သန်သေးတဲ့၊နူနယ်သေးတဲ့ 
လူသားတွေကို ကြင်နာခြင်း ဂရုဏာ တရားတွေနဲ့ဖေးမပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

စကားလုံးတိုင်းမှာ ကြင်နာမှုပါရင် ယုံကြည်မှုကိုဖြစ်စေတယ်။ 
အတွေးအခေါ်ထဲမှာ ကြင်နာမှုပါရင် လေးနက်သိမ်မွေ့မှုကိုဖြစ်စေတယ်။
ပေးဆပ်ရာမှာ ကြင်နာမှုဆိုတဲ့ ဂရုဏာတရားပါရင် မေတ္တာကိုဖြစ်စေတယ်။

မင်းငါ့ကို မြှောက်ပင့်ပြောနေလည်း ယုံချင်မှယုံမယ်။
မင်းငါ့ကိုပြစ်တင်ဝေဖန်နေလဲ လက္ခံချင်မှ လက်ခံမယ်။
မင်းငါ့ကို ဥပေက္ခာပြုလဲ ခွင့်လွှတ်ချင်မှခွင့်လွှတ်မယ်။
ဒါပေမယ့် မင်းငါ့ကို ကြင်နာမှု၊စာနာမှု၊ဂရုဏာတရား
တွေနဲ့ အားပေးနေမယ်ဆိုရင်တော့ ငါ့တသက် မမေ့တော့
ပါဘူး။

စာပေသစ္စာဖြင့်
ဟင်္သာ (တောင်တွင်ကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...