Monday, February 3, 2020

အရွေးမမှားကြစေလို

 
၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးနီးလာသည်နှင့်အမျှ အတ္တအခြေခံနှင့်မေတ္တာအခြေခံ
သူများလှုပ်ရှားလာသည်ကိုတွေ့မြင်လာကြရမည်ဖြစ်သည်။မြန်မာပြည်မှာပါတီပေါင်း(၁၀၀)ကျော်လောက်
ရှိနေသည်အမေရိကန်လိုကမ္ဘာ့နိုင်ငံကြီးမှာတောင် သုံးလေးပါတီလောက်သာရှိသည်။
ပါတီတွေများသလောက်အတ္တတွေကလည်းများနေကြသည်၊ကိုယ့်အတ္တကိုရှေ့တန်းတင်ပြီလုပ်နေသမျှ
မည်သို့မျှမအောင်မြင်နိုင်ပေ၊မိမိအကျိုးအတွက်မျှော်လင့်ချက်တွေများပြီးဆောင်ရွက်နေတဲ့အလုပ်
ဟူသမျှဟာကျဆုံးဘို့သာမြင်သည်၊လူဆိုသည်မှာ အတ္တ ပရ မျှတအောင်ဆောင်ရွက်နိုင်ပါမှ အောင်မြင်မှုပန်း
တိုင်ကိုလှမ်းကိုင်နိုင်မှာဖြစ်ပေသည်၊အတ္တအလွန်အားကြီးသူတို့၏ဆောင်ရွက်ချက်သည် နောက်ဆုံး
ပန်းတိုင်မှာ ကျရှုံးခြင်းဖြင့်သာနိဂုံးချုပ်လေ့ရှိသည်။

ကိုယ်ကျိုးကိုကြည့်၍လုပ်သောလောဘတရားအားကြီးသူသည် ကိုယ်ကျိုးမဲ့မည့်အချေအနေတွင်ဒေါ
သတရားထွက်ပေါ်လာတတ်သည်၊ထိုဒေါသတရားမှာ မေတ္တာတရား၏ဆန့်ကျင်ဘက်ဖြစ်သည်။လောဘ
၊ဒေါသ တရားကိုရှေ့တန်းတင်လုပ်နေသ၍ မောဟတရားဖြစ်တဲ့အကြောင်းအကျိုးဆင်ခြင်နိုင်တဲ့ ဉာဏ်များ
ပိတ်ဖုံးပြီး အရှုံးနှင့်သာရင်ဆိုင်ရစမြဲဖြစ်သည်၊ကိုယ့်ကောင်းကျိုးတစ်ခုထဲကိုသာကြည့်ပြီးအများကောင်း
ကျိုးကိုထည့်မတွက်သူ၏ကျဆုံးခန်းမှာနောက်ဆုံးတော့ ရင်နင့်ဖွယ်ရာအဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ကြရတာတွေ
လဲ ရှေ့မှာတွေ့ဘူးခဲ့ကြပြီဖြစ်ပေသည်၊အများအကြိုးကိုမကြည့်နိုင်ရုံမကဘဲကိုယ့်ပြိုင်ဘက်အတွက်တောင်
 အကျိုးယုတ်အောင်မမှန်မကန်အပုတ်ချပြောဆိုနေရုံနဲ့ကိုယ့်လုပ်ငန်းစဉ်ကအောင်မြင်လာနိုင်ဖွယ်
မရှိသည်ကို ဆင်ခြင်စဉ်းစားသင့်ပေသည်။

ယ္ခုလိုရွေးကောက်ပွဲကြီးနီးနေသည့်အချိန်တွင်မည်သူ့မကောင်းကြောင်းမျှမပြောဆိုဘဲ၊တိုင်းပြည်အကျိုး၊
လူသားတွေအကျိုးကိုဆောင်ရွက်ပေးဘို့သာပြောဆိုကာ၊အမှန်တကယ်လည်းဆောင်ရွက်ပေးနိုင်သည့် 
အခြေအနေဖြစ်နေစေရပါမည်၊အပြောတမျိုးအလုပ်တမျိုးဖြင့်ကိုယ်အောင်မြင်မှုရရှိသွားသည့်
အခါဆောင်ရွက်မပေးဘဲကိုယ်ထင်ရာကိုလုပ်ခဲ့ကြသည်မှာလဲရှေ့တွင်ကြုံခဲ့ရပေပြီ၊ထိုကဲ့သို့မဖြစ်ရန်၊အပြော
တမျိုးအလုပ်တမျိုးဖြင့်ဆောင်ရွက်မပေးနိုင်သည့်အကြောင်းအရာမျိုးကိုမပြောဆိုမိဘို့အလွန်
အရေးကြီးပေသည်။ပြောတဲ့အတိုင်းလုပ်ကာ၊လုပ်တဲ့အတိုင်းသာပြောသင့်ပေသည် မလုပ်နိုင်တာကို
မပြောမိဘို့နဲ့၊ပြောမိသည်တို့ကိုလည်းအမှန်တကယ်ဆောင်ရွက်ပေးနိုင်သူများလဲဖြစ်ရန်အရေးကြီးေ
သည်။ကိုယ်နိုင်ပြီးရောဆိုပြီးပြောချင်တာပြောမည်ဆိုလျှင်၊ကျရှုံးဘို့အလွန်နီးကပ်လျှက်ရှိသည်ကို
ဆင်ခြင်စဉ်းစားအပြောမမှားမိစေဘို့အလွန်အရေးကြီးပေသည်။အဲဒီတော့လိမ်ညာပြောဆိုသည့်အဖြစ်နှ
င့်လောဘ၊ဒေါသ၊မောဟတရားများမပါသောမေတ္တာသဘောကိုအခြေခံကြဘို့ အရေးကြီးပေသည်။

မေတ္တာစိတ်ဟာ၊ဒါနတရားထက်မြတ်ကြောင်းကို၊အင်္ဂုတ္တရ နိကာယ်၊တိကနိပါတ်၊သြပမ္မသုတ်မှာ ဗုဒ္ဓဟောထားတာရှိတယ်။ဒါနကောင်းမှုပြုလုပ်တာထက်မေတ္တာစိတ်ကမြတ်ကြောင်းကို က္ကုတိဝုတ်ပါဠိတော်
မှာပါတဲ့၊မေတ္တာဝဏသုတ်ထဲမှာ၊ဒါနအမှုစတဲ့၊ပု ည ကြိယာ(၁၀)ပါးမျိုးဟာ၊မေတ္တာကို ဈာန်အဆင့်သို့ပွား
များနေလို့ရရှိတဲ့ခံစားမှုနဲ့စာရင်(၁၆)စိတ်၊စိတ်တစိတ်ကိုမျှမမှီကြောင်းရေးထားပါတယ်၊သီလဆောက်တည်
မှုထက်လဲမြတ်ကြောင်းရေးထားပါတယ်၊အင်္ဂုတ္တရနိဏယ် နဝကနိပါတ် သီဟနာဒဝဂ်ရဲ့ဝေလာမသုတ်
မှာဟောထားတာရှိပါတယ်၊ဒါနပြုလုပ်မှုမှန်သမျှဟာ သရဏဂုဏ်တည်ပြီးသီလစောင့်ထိမ်းမှုမှန်သမျှထက်
 နွားနို့တညှစ်စာမျှအချိန် နံ့သာတရှုခန့်အချိန်ကြာအောင် ကိုယ့်မှာမေတ္တာပွားများခြင်းဟာမြတ်တယ်လို့
ဗုဒ္ဓဟောထားတာရှိပါတယ်။

ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုရခြင်ရင်အခြေအနေအရပ်ရပ်၊တိုးတက်ချင်ရင်၊အကျိုးစီးပွားတိုးတက်ချင်ရင်
၊အမှန်ကိုသာပြုလုပ်မိချင်ရင်၊အပြစ်ဒဏ်ကလွတ်မြောက်ချင်ရင်၊ဘေးအန္တရာယ်အပေါင်းကကင်းချင်ရင် 
၊ကောင်းတဲ့ဂုဏ်ကြီးချင်ရင်၊တင့်တယ်မှုအဆင့်မြင့်ချင်ရင်၊မှန်ကန်တဲ့မြင့်မြတ်တဲ့အကျင့်နဲ့ပြည့်စုံချင်တယ်
ဆိုရင်၊မေတ္တာထားရှိရမှာဖြစ်သလို၊တပါးသူတွေရဲ့၊မေတ္တာတွေကိုခံယူချင်တယ်ဆိုရင်၊မေတ္တာထားရှိရမှာဖြစ်ပါတယ်။အဲဒီလိုမေတ္တာတရားတွေရရှိအောင်၊မှန်ကန်ကောင်းမြတ်တဲ့အသိ၊သန့်ရှင်ထက်သန်း
တဲ့စေတနာ၊ရိုသေမြတ်နိုးတဲ့စိတ်၊သိမ်မွေ့တဲ့ဟန်အမူအရာ၊ယဉ်ကျေးတဲ့စကားအသုံးတွေနဲ့ စွန့်လွှတ်၊ပေး
ကမ်းထောက်ပံ့ကူညီကြောင်းပြောဆိုပြီးလှူဒါန်းပေးကမ်းကူညီရပါမယ်။စရိုက်(၆)ပါးရှိရာမှာ၊ဘယ်စ
ရိုက်မှအထိမ်းအချုပ်မပါဘဲ၊သူ့အလိုအတိုင်းလွှတ်ထားလိုက်ရင်၊ကောင်းကျိုးခံစားရနိုင်မှာမဟုတ်ပါဘူး။
အထိမ်းအချုပ်မပြုဘဲသတိလက်လွှတ်မထားသင့်ပါဘူး။ပြောင်းလဲနေတဲ့ကိုယ်နဲ့ကိုယ်ပါတ်ဝန်းကျင်
အခြေနေအရပ်ရပ်အပေါ်၊အချိန်ကာလနဲ့နေရာဒေသအလိုက်၊အခြေခံနေတဲ့အကြောင်းတရားအရ၊စိတ်စ
ရိုက်ကို သတ်မှတ်ထိမ်းချုပ်၊ထိမ်းကြောင်းပြီး၊ကိုယ်နဲ့ကိုယ့်ရဲ့ပါတ်ဝင်ကျင်၊အပြန်အလှန်အကျိုးရှိနိုင်
မဲ့ပုံစံအထောက်အပံ့ပြုနိုင်မှသာ ကိုယ်အတွက်ရော၊ပါတ်ဝန်းကျင်အတွက်ပါ၊အကျိုးရှိနိုင်ပါမယ်။

တပ်မက်တဲ့လောဘသတ္တိတွေ၊ခက်ထန်တဲ့ဒေါသသတ္တိတွေ၊တွေဝေတဲ့မောဟသတ္တိတွေ၊ကိန်းအောင်း
မနေအောင်၊စိတ်အာရုံနဲ့ပါတ်သက်ပြီး နှစ်သက်တဲ့၊ကျေနပ်တဲ့၊ကြည်နူးတဲ့၊အေးချမ်းတဲ့၊တည်ငြိမ်တဲ့၊မေတ္တာ
ဓါတ်တွေ၊ကိန်းအောင်းနေအောင်၊စိတ်ကိုမေတ္တာဓါတ်သတ္တိတွေလွှမ်းပြီးမွေးမြူထမ်းသိမ်းနိုင်ကြရပါမယ်
။မေတ္တာထားရှိသူဟာ၁။ကိုယ်ကသူအပေါ်ချစ်ခင်မှုအပြည့်အဝရှိရမယ်။၂။သူခွင့်ပြုတဲ့လိုအပ်မှုတွေကို 
အတတ်နိုင်ဆုံးဖြစ်စေရမယ်။၃။သူ့ကိုအတတ်နိုင်ဆုံးကူညီစောင့်ရှောက်ရမယ်။၎။သူတောင်းဆိုမှုကိုအ
တတ်နိုင်ဆုံးလိုက်လျှောပြုလုပ်ပေးရမယ်။၅။သူမှားယွင်ကြံစည်ပြောဆိုပြုလုပ်တာတွေကို၊သီးခံခွင့်လွှတ်
ရမယ်။၆။ကိုယ်ဘက်က၊သူနဲ့ပါတ်သက်ပြီးအနစ်နာခံနိုင်ရမယ်။၇။ကိုယ်ဟာ သူဘက်က ဘာကိုမှတုံ့
ပြန်ရယူခံစားလိုတဲ့စိတ်မရှိရဘူး၊ကိုယ်ကချစ်ခင်တဲ့သူ၊မုန်းတည်းတဲ့သူ၊အဲဒီလူအားလုံးအပေါ်
မှာမေတ္တာထားနိုင်ရမယ်။ဒါကြောင့်အတ္တကိုအခြေမခံဘဲမေတ္တာကိုအခြေခံရင်တော့အောင်မြင်
မှုတွေ အဆင့်ဆင့်ရရှိနိုင်မှာဖြစ်ကြောင်းပါ။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...