Tuesday, January 28, 2020

လူတိုင်းနှင့်သက်ဆိုင်သောတရားစီရင်ရေးအာဏာလူတိုင်းသိထားဖို့လို

ဒီမိုကရေစီစနစ်မှာတရားရေးမဏ္ဍိုင်ဟာအရေးအကြီးဆုံးဖြစ်သလိုလွတ်လပ်ပွင့်လင်းတဲ့တရားစီရင်ရေးကတန်းဖိုးကြီးလှပါတယ်။နိုင်ငံသားတိုင်းဟာအားကိုရာဆိုလို့တရားဥပဒေသာရှိပါတယ်။
အာဏာမဏ္ဍိုင်(၃)ရပ်ရဲ့တရားစီရင်ရေးအာဏာဆိုတာ လူတိုင်းနှင့်သက်ဆိုင်ပါတယ်။လူထုရဲ့
အကျိုးစီးပွား ထိခိုက်ပျက်စီးစေမယ့်အလုပ်၊လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားပျက်စီးစေမယ့်အလုပ်ကို
ဥပဒေကတားမြစ်ထားတယ်။လုပ်ရင်ဥပဒေချိုးဖောက်တာပဲ၊ပြစ်မှုကျူးလွန်တာပဲ။အဲဒီအတွက်သတ်မှတ်
တဲ့ဥပဒေအတိုင်းအပြစ်ဒဏ်ကျခံရမယ်။အပြစ်ပေးတာခံရမယ်။ဘယ်သူကအပြစ်ပေးမှာလဲ။ဘယ်သူက
ဆုံးဖြတ်မှာလဲ။သတ်မှတ်ချက်ဥပဒေအရလူထုက ပေးအပ်ထားတဲ့အာဏာကိုအသုံးပြုပြီး အပြစ်ပေးပိုင်
ခွင့်အာဏာရှိတဲ့တရားသူကြီးတွေကအပြစ်ပေးမှာဖြစ်တယ်။လူတစ်ယောက်ဟာဥပဒေကသတ်မှတ်
ထားတဲ့ ဥပဒေတရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်တယ်ဆိုရင်သူ.ကိုတရားသူကြီးကအပြစ်ပေးတယ်။
သူမှာအပြစ်ပေးပိုင်ခွင့်အာဏာကိုလူထုကပေးအပ်ထားတယ်။ဒါကြောင့်သူကအပြစ်ပေးတယ်။အပြစ်
လုပ်ထားသူကလည်းနာခံရတယ်။မနာခံလို့မရဘူး။ဥပဒေဆိုတာရှိတယ်။အဲဒီဥပဒေအတိုင်းစီရင်ဆောင်ရွက်သူဟာ စီရင်ဆောင်ရွက်ပိုင်ခွင့်အာဏာရှိတဲ့သူဖြစ်တယ်။တရားစီရင်ရေး
အာဏာဆိုတာဒါပါပဲ။

တရားစီရင်ရေးအာဏာဟာသိပ်အရေးကြီးပါတယ်။တရားစီရင်တယ်ဆိုတာတရားကိုဆောင်ရွက်တာ။
အဆုံးအဖြတ်ပေးတာလို့အဓိပ္ပယ်ရတယ်။တရားကိုစီရင်တာ၊တရားအောင်စီရင်တာ၊မတရားစီရင်တာ
မဟုတ်ဘူး။မတရားဆောင်ရွက်တာမဟုတ်ဘူး။အထက်မှာဖော်ပြခဲ့တဲ့အတိုင်းလူထုအကျိုးစီးပွား
အတွက်ဥပဒေတွေ ပြဌာန်းအတည်ပြုထားတယ်။တစ်စုံတစ်ရာအမှုအခင်းအရေးကိစ္စပေါ်ရင်
ဥပဒေအရဆုံးဖြတ်ဆောင်ရွက်ကြရမယ်။အဲဒါတရားစီရင်တာပါပဲ။တရားအောင် တရားသဖြင့်ဖြစ်အောင်
စီရင်ဆောင်ရွက်တာလို့နားလည်ရပါမယ်။တရားစီရင်တဲ့အခါမှာတရားဥပဒေသတ်မှတ်ချက်များနှင့်
အညီလွတ်လပ်စွာတရားစီရင်ရမယ်။လွတ်လပ်စွာဆိုတဲ့စကားရပ်ဟာသိပ်အရေးကြီးပါတယ်။လူတွေရဲ့ရာထူးဂုဏ်သိမ်၊ဥစွာဓနကြွယ်ဝမှု၊တန်ခိုးသြဇာရှိမှုစတာတွေကြောင့်(ဝါ)အဲဒါတွေကိုအလွဲသုံးစား
လုပ်ပြီးတရားစီရင်ရာမှာ ဝင်ရောက်ခြယ်လှယ်တတ်တယ်။ငွေများတရားနိုင်ဆိုတဲ့စကားပုံလိုပေါ့။
အဲဒီလို တရားကိုမတရားဝင်ရောက်စွက်ဖက်ခြယ်လှယ်ခြင်းမရှိစေရဘူး။ဒါမှလွတ်လပ်တဲ့တရားစီ
ရင်ရေးဖြစ်မယ်။အထူးသဖြင့်အာဏာရှိတဲ့သူဝင်ရောက်စွက်ဖက်တာမျိုးလုံးဝမရှိစေရဘူး။နောက်တချက်ကလည်းတရားစီရင်တာကိုအများရှေ့မှောက်မှာလုပ်ရမယ်။သဘောကတိတ်တိတ်ကြိတ်ပြီး
လူမသိသူမသိတရားစီရင်ပြီးဒီလိုစီရင်ချက်ချမှတ်လိုက်သည်ဆိုတာမျိုးမဖြစ်စေရဘူး။လူအားလုံး
(ဝါ)အများရှေ့မှောက်မှာပေါ်ပေါ်ထင်ထင်တရားစီရင်တာမျိုးဖြစ်ရမယ်။ပုန်းလျှိုးကွယ်လျှိုးကြိတ်ချလိုက်တာ
မျိုးမဖြစ်စေရဘူး။နောက်တစ်ချက်ကဥပဒေနှင့်အညီတရားခံ(ဝါ)အပြစ်ပေးခံရသူမှာခုခံချေပပိုင်ခွင့်၊အယူခံ
ပိုင်ခွင့်ရှိရမယ်။ပြစ်ဒဏ်မချခင်တရားရုံးမှာရင်ဆိုင်ကတည်းကသူမှာခုခံချေပပိုင်ခွင့်၊ခုခံချေပပေးမယ့်ရှေ့နေ
ရှေ့ရပ်ကိုဌားရမ်းပိုင်ခွင့်ရှိရမယ်။ပြစ်ဒဏ်ချမှတ်ပြီးရင်လည်းဥပဒေအရအဆင့်ဆင့်အယူခံပိုင်ခွင့်ရှိရမယ်။ဒါလူ့အခွင့်ရေးပဲ။ပြစ်မှုထင်ရှားလို့ပြစ်ဒဏ်ကျသည့်တိုင်မကျခင်မှာခုခံချေပခွင့်၊အယူခံခွင့်ရှိရမယ်။နိုင်ငံမှာအမြင့်ဆုံးကပြည်ထောင်စုတရားလွှတ်ချုပ်ပဲ။အဆင့်ဆင့်အောက်ရုံးများအထိတရားစီရင်ရေး
အာဏာကိုခွဲဝေအပ်နှင်းထားတယ်။တရားရုံးအဆင့်ဆင့်မှာတရားသူကြီးတွေ၊ရှေ့နေတွေ၊
ရဲအရာရှိတွေ၊ရဲတွေသူ့နေရာနဲ့သူစနစ်တကျရှိရတယ်။တရားခံ၊တရားလို၊သက်သေ၊သက်သေခံပစ္စည်းစတဲ့အခင်းအကျင်းတွေဟာလည်းသူနေရာနဲ့သူရှိရတယ်။တရားစီရင်ရေးဟာယဉ်ကျေးတဲ့လူမျိုး
တစ်မျိုး၊ယဉ်ကျေးတဲ့တိုင်ပြည်တစ်ပြည်ရဲ့ပြယုဂ်တစ်ခုဖြစ်တယ်။နောက်တစ်ကဥပဒေရဲ့ရှေ့မှောက်မှာလူ
အားလုံးဟာတန်းတူရည်တူအတူတူပဲ။ဆိုချင်တာကသူကတော့အစိုးရအရာရှိကြီးပဲ။
သူကတော့အနှေးယာဉ်သမားပဲ။မတူကြဘူးဆိုတာဥပဒေရဲ့ရှေ့မှောက်(ဝါ)ဥပဒေရဲ့အောက်မှာမရှိ
ဘူး။အတူတူပဲ။ရထားပေါ်၊ကားပေါ်ခါးပိုက်နှိုက်လည်းအပြစ်ကျူးလွန်သူပဲ။ဟိုအမြင့်ဆုံးကနိုင်ငံ့ဘဏ္ဍနှိုက်နေတဲ့ပုဂ္ဂိုလ်ကြီးလည်းအပြစ်ကျူးလွန်တာပဲ။နှိုက်တာချင်းအတူတူပဲ။တစ်ယောက်ကို
အပြစ်ပေးပြီးတစ်ယောက်ကိုလျစ်လျူရှုတာမျိုးမရှိစေရဘူး။တရားစီရင်ရေးအာဏာဟာအားလုံး
ကိုလွှမ်းခြုံတယ်။အားလုံးရဲ့အပေါ်မှာရှိတယ်။

စာရေးသူရဲ့လွယ်ကူရှင်းလင်းနေတဲ့စာသားများနှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်များထပ်မံဆားဖြူးရမည်ဆိုလျှင် - 
သက်ဆိုင်ရာ အာဏာပိုင်များသည်မိမိထင်ရာမြင်ရာကိုလုပ်ကိုင်ဆောင်ရွက်ခွင့်အာဏာမရှိဘဲ တရားဝင်အတည်ဖြစ်နေသောဥပဒေများနှင့်ဆီလျော်ကိုက်ညီသည့်အတိုင်းတာအရသာလုပ်ကိုင်ဆောင်
ရွက်စေခြင်းဖြစ်သည်။ဆိုလိုတာက မည်သည့်ကိစ္စရပ်ကိုမဆိုဥပဒေမဲ့၊တရားလက်လွတ်ပြုမှုဆောင်
ရွက်ခြင်းကို ခွင့်မပြုဘဲ ပြဌာန်းထားရှိပြီးဖြစ်သော ဥပဒေများနှင့်အညီသာလျှင်မည်သူမဆိုလိုက်နာ
ကျင့်ကြံပြုမူဆောင်ရွက်စေခြင်းဖြစ်ပေသည်။ဥပဒေကို ဥပဒေပြုလုပ်သူအပါအဝင်နိုင်ငံသားအား
လုံးက လေးစားလိုက်နာကြရမည်ဖြစ်သည်။အဆိုပါဥပဒေကိုချိုးဖောက်ပါက ဥပဒေကိုပြုသူပင်ဖြစ်စေ၊
ဥပဒေကိုကိုင်တွယ်ကျင့်သုံးသောအစိုးရပင်ဖြစ်စေကာမူ ဥပဒေအရသတ်မှတ်ထားသည့်ပြစ်ဒဏ်ကိုကျခံရမည်ဖြစ်ပေသည်။ဤသည်မှာတရားဥပဒေစိုးမိုးရေး၏အဓိကနှင့်အခြေခံအကျဆုံးသောမူ
တစ်ရပ်လည်းဖြစ်ပေသည်။

ဥပဒေရေးရာဓလေ့ထုံးစံတွင်ဒေသဆိုင်ရာဓလေ့ထုံးစံနှင့်အရပ်ရပ်ဓလေ့ထုံးစံဟူ၍နှစ်မျိုးနှစ်စားရှိသည်
။ဒေသဆိုင်ရာဓလေ့ထုံးစံတစ်ခုကိုတရားရုံးများကဥပဒေအဖြစ်အသိအမှတ်ပြုရန်အတွက်ယင်းဓလေ့
ထုံးစံသည်ဥပဒေချမှတ်ထားသောလိုအပ်ချက်များနှင့်ပြည့်စုံရန်လိုပေသည်။အဓိကလိုအပ်ချက်မှာ(၁)
။လျော်ကန် သင့်မြတ်ခြင်း၊(၂)။ပြဌာန်းဥပဒေနှင့်ကိုက်ညီခြင်း။(၃)။အခွင့်အရေးအဖြစ်သိမှတ်လိုက်နာခြင်း
။(၄)မမှတ်မိနိုင်လောက်အောင်ရှေးကျခြင်းတို့ဖြစ်သည်။အရပ်ရပ်ဓလေ့ထုံးစံကိုတစ်နိုင်ငံလုံးကဥပဒေကဲ့သို့
လိုက်နာကြရသည်။နိုင်ငံ၏အရပ်ရပ်ဓလေ့ထုံးစံသည်ဒေသဆိုင်ရာဓလေ့ထုံးစံကဲ့သို့ပင်မမှတ်
မိနိုင်လောက်အောင်ရှေးကျမှသာဥပဒေရေးရာဓလေ့ထုံးစံဖြစ်၍ဥပဒေကဲ့သို့စွမ်းအင်အာဏာရှိပေသည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်ရေးဆိုင်ရာသဘောတူစာချုပ်၁၃၂၏အပိုဒ်(၇)၌မည်သူတစ်ဦတစ်ယောက်ကိုမျှညှဉ်းပန်းနှိပ်စက်ခြင်း(သို့်မဟုတ်)ရက်စက်ကြမ်းကြုတ်သော၊လူမ
ဆန်သော၊ဂုဏ်သရေပျက်စေသောဆက်ဆံမှုမျိုး(သို့မဟုတ်)အပြစ်ပေးမှုမျိုးမပြုလုပ်ရဟုပြဌာန်း
ထားပါသည်။

မြန်မာနိုင်ငံရှိအချို့သောတရားရုံးများတွင်စီရင်ချက်ချမှတ်ရာ၌ တရားမျှတမှုနှင့်သင့်မြတ်လျော်ကန်မှုမရှိသော
စီရင်ချက်များကိုတွေ့ရမည်ဖြစ်သည်။ဥပမာအားဖြင့်ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်တရားသူကြီး
များကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကတရားစွဲဆိုထားသည်ကိုတွေ့ရမည်ဖြစ်သည်။

တရားရေးမဏ္ဍိုင်ကြံ့ခိုင်တည့်မတ်စေရန်အတွက်လွတ်လပ်သောတရားစီရင်မှုရှိရမည်ဖြစ်သည်။
လွတ်လပ်သောတရားစီရင်မှုမရှိလျှင်တရားဥပဒေစိုးမိုရေးဆိုသည်မှာလည်းမရှိနိုင်ပေ။ထို့အတူပြည်သူတို့သည်လည်းတရားရုံးများအပေါ်၌ယုံကြည်ကိုးစားမှုပြုနိုင်လိမ့်မည်မဟုတ်ချေ။ထို့အပြင်လွတ်လပ်သော
တရားစီရင်ရေးသည်ဒီမိုကရေစီ၏အခြေခံအုတ်မြစ်များအနက်လိုအပ်ချက်တစ်ခုလည်းဖြစ်ပေသည်။
တရားဥပဒေစိုးမိုးမှုအခြေခံမရှိဘဲဒီမိုကရေစီကိုတည်ဆောက်နိုင်မည်မဟုတ်သကဲ့သို့လူ့အခွင့်အရေး
များလည်းထွန်းကားနိုင်မည်မဟုတ်ပေ။တရားစီရင်ရေး၏လွတ်လပ်မှုကိုလေးစားအသိမှတ်ပြု
၍ကာကွယ်စောင့်ရှောက်ရန်မှာနိုင်ငံတော်အစိုးရ၏တာဝန်ဖြစ်ပေသည်။တရားစစ်ဆေးစီရင်မှုလုပ်ငန်းစဉ်အတွင်းခြိမ်းခြောက်ခြင်း(သို့)ဝင်ရောက်စွက်ဖက်ခြင်းတို့မပြုရန်ဖြစ်သည်။ထို့အတူ
တရားသူကြီးများအနေဖြင့်လည်းစီရင်ချက်များချမှတ်ရာ၌ အဂတိတရားမလိုက်စားဘဲဥပဒေ၏မျက်နှာ
သာကိုသာကြည့်၍တည့်မတ်စွာဆုံးဖြတ်ရန်တာဝန်ရှိပေသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...