Saturday, August 15, 2015

တောင်တွင်းကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံးကြောင်းသိရ



မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်း-ပြည် ကားလမ်းမကြီးပေါ် အာရှဓါတ်ပုံဆိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွာနေကြောင်း ဟင်္သာသတင်းအေဂျင်စီမှ စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ -
          ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၅ ရက် ည ၈း၃၀ အချိန်ခန့်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက် တောင်တွင်း-ပြည် ကားလမ်းမကြီး အာရှဓါတ်ပုံဆိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်လမ်းစည်းကမ်းထိန်းသိမ်းရေး ရဲတပ်ကြပ်ကြီး ရဲဝင်းနှင့် အဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ပြည်ဘက်မှ တောင်တွင်းကြီးဘက်သို့ ဦးခင်ဇော် (၆၉)နှစ် (ဘ) ဦးအောင်သိန်း အုန်းတော(၂)ရပ်ကွက်နေသူသည် ၁၀ယ/၈၅၂၃ နှင့် ကန်ဘို ၁၁၀ အနက်ရောင် ဆိုင်ကယ်အား လက်ယာဘက်ခြမ်းကပ်၍ မောင်းနှင်လာစဉ် ၄င်းလမ်းမကြီးအတိုင်း တောင်တွင်းကြီးဘက်မှ ပြည်ဘက်သို့ အမည်မသိ (နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာသော ၄၃ယ/၆၀၀၄၁ Dayang 125 အနက်ရောင်ဆိုင်ကယ်မှ တစ်ဖက်ယာဉ်ကြောသို့ မျက်နှာချင်းဆိုင် ၀င်တိုက်မိခဲ့သည်ဆို၏။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးခင်ဇော်တွင် ၀ဲလက်ဖျံပွန်းပဲ့ဒဏ်ရာ ၀ဲခြေခုံပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး အမည်မသိ လိပ်စာစုံစမ်းဆဲတွင် ဦးခေါင်းနောက်စေ့ ယာဘက်ခြမ်း ဖူးယောင်ဒဏ်ရာ၊ ၀ဲယာလက်ဖျံ ပွန်းပဲ့ဒဏ်ရာ ယာပုခုံး ပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ၊ အသီးသီးရရှိခဲ့သည်ဆို၏။ အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ အမည်မသိ (လိပ်စာစုံစမ်းဆဲ)အား ဥပဒေအရ အရေးယူပေးပါရန် ရဲတပ်ကြပ်ကြီး ရဲဝင်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းက ယာဉ် (ပ)၇၁/၂၀၁၅ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၅ ရက် ည ၁၁း၅၅ အချိန် အမှုဖွင့်အရေးယူထားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ယာဉ်တိုက်မှုမှ ဒဏ်ရာရရှိသူ ဦးခင်ဇော် အုန်းတော(၂)ရပ်ကွက် တောင်တွင်းကြီးမြို့ နေသူသည် တောင်တွင်းကြီး ပြည်သူ့ဆေးရုံကြီးမှ ထိုနေ့ည ၁၀း၄၅ အချိန် မကွေးဆေးရုံကြီးသို့ လွှဲပြောင်း ဆေးကုသခံယူခဲ့ရာ သြဂုတ်လ ၁၆ ရက် နံနက် ၁၀း၃၀ အချိန် မကွေးဆေးရုံကြီးတွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့် ယခင်ဖွင့်လှစ်ထားသော ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ မှ ၃၀၄-က/၃၃၈ သို့ ပြောင်းလဲဖွင့်လှစ်စစ်ဆေးလျှက်ရှိကြောင်း ဟင်္သာသတင်းအေဂျင်စီမှ စုံစမ်းသိရှိရသည်။
နှင်းဆီရိုင်း(တောင်တွင်း)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...