Saturday, August 15, 2015

တောင်တွင်းကြီးမြို့၌ တရားမ၀င် သစ်ခွဲသားများနှင့် (၁.၀၀၂၈)တန်နှင့် မီးသွေး (၅.၅၅၀၀)တန်အား ဖမ်းဆီးရမိကြောင်းသိရ



သစ်တောဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ် နေပြည်တော်-ကံပြား လမ်းတစ်လျှောက် သစ်တော ကြိုးဝိုင်းအတွင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ သစ်တောကြိုးဝိုင်းအတွင်းမှ တရားမ၀င် သစ်ခွဲသားများ ဖမ်းဆီးရမိကြောင်း ဟင်္သာသတင်းအေဂျင်စီမှ စုံစမ်းသိရှိရသည်။ ဖြစ်ပုံက ဒီလိုပါ
          ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မွန်းတည့် ၁၂း၀၀ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်မှူး ဦးသန်းဦး နှင့် တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ် ဦးဆောင်သော အဖွဲ့သည် တောင်တွင်းကြီးမြို့နယ် နေပြည်တော်-ကံပြားလမ်းတစ်လျှောက်ရှိ ငမင် သစ်တော ကြိုးဝိုင်းအတွင်း စစ်ဆေးခြင်းများ ဆောင်ရွက်ရာ ငမင် သစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၆၁ နှင့် ငမင် ကြိုးဝိုင်း အကွက်အမှတ် ၃၇ အစပ်တွင် တရားမ၀င် သစ်ခွဲသား အခြားဆိုဒ်စုံ ၂၈ ချောင်း (၁.၀၀၂၈) တန် ခန့်မှန်းတန်ဖိုး (၁၅၀၄၂၀)နှင့် မီးသွေး (၃၀)ပေါင်ဝင်အိတ် (၅၀)အိတ် (၅.၅၅၀၀)တန် ခန့်မှန်းတန်ဖိုး (၉၀၀၀၀)တို့ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖမ်းဆီးရမိပစ္စည်းများအား ငမင်ဘိနယ်သစ်တောစခန်းတွင် သိမ်းဆည်းထားရှိကြောင်း စုံစမ်းသိရှိရပြီး အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဟင်္သာသတင်းအေဂျင်စီမှ စုံစမ်းသိရှိရသည်။
ကျားရိုင်း(တောင်တွင်းကြီး)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...