Thursday, March 23, 2017

နိုင်ဂျီးရီးယားတွင် ယာဉ်တစ်စီး မီးလောင်ခဲ့၍ လူ ၂၃ဦးသေဆုံး



                     နိုင်ဂျီးရီးယားတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကတ်ဘီပြည်နယ်တွင် မတ်လ ၂၂ ရက်က ဗင်ကားတစ်စီး လမ်းဘေးမြောင်းအတွင်း ပြုတ်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့၍ လူ ၂၃ဦးသေဆုံးပြီး အခြား ၈ဦးဒဏ်ရာ
ရရှိခဲ့ကြောင်း သိရသည်။

ဒေသခံတာဝန်ရှိသူတစ်ဦးဖြစ်သူ ဂါဘာ ဆာလီဟူ က ယာဉ်မတော်တဆမှုတွင် ကုန်သည်များလိုက်ပါ
လာသည့် ဗင်ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး တို့ ပါဝင်ခဲ့ကြောင်း ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

၎င်းက ဗင်ကားသည်  ရှန်ဂါဒေသ ရှိ ထွန်ဂါ ဂီဝါ-ရူဝါ လမ်းမပေါ်၌ ဆိုင်ကယ်မောင်းသူတစ်ဦး အား တိုက်မိပြီးနောက် လမ်းပေါ်ရှိ ချိုင့်ခွက်တစ်ခုအား ရှောင်တိမ်းလိုက်ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်
ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ကတ်ဘီပြည်နယ် အုပ်ချုပ်ရေးမှူး အတီကူဘာဂူဒူကဒဏ်ရာရရှိသူများအား နိုင်ငံပိုင် ဆေးကုသရေးဋ္ဌာနတွင်
 အခမဲ့ကုသပေးထားကြောင်း ပြောကြားခဲ့သည်။

(Xinhua)

No comments:

Post a Comment

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...