Wednesday, January 13, 2021

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲဖြစ်ပါတယ်၊၁။ ကိုယ်ဖြင့်ပြုလုပ်သောစရိုက်ဆိုး(၃)ပါး၊၂။နှုတ်ဖြင့်ပြုလုပ်သောစရိုက်ဆိုး(၄)ပါး၊၃။စိတ်ဖြင့်ပြုလုပ်သောစရိုက်ဆိုး(၃)ပါးပါ ချဲ့ပြရရင် ၁။ကိုယ်ဖြင့်ပြုလုပ်တဲ့စရိုက်ဆိုး(၃)ပါးကတော့(က)သူတပါးအသက်ကိုသတ်ခြင်း၊(ခ)သူတပါးဥစ္စာကို ခိုးယူခြင်း၊(ဂ)ကာမမှုဖောက်ပြန်ခြင်းတို့ဖြစ်သည်။၂။နှုပ်ဖြင့်ပြုလုပ်သောစရိုက်ဆိုး(၄)ပါးကတော့(က)မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊(ခ)ခင်မင်နေသူအချင်းချင်းစိတ်ဝမ်းကွဲအောင်ကုန်းတိုက်စကားပြောဆိုခြင်း၊(ဂ)မိမိကော သူတပါးပါ အကျိုးမရှိသောစကားကိုပြောဆိုခြင်း၊(ဃ)ကြမ်းတမ်းသောစကားကိုပြောဆိုခြင်းတို့ဖြစ်သည်။၃။စိတ်ဖြင့်ပြုလုပ်သောစရိုက်ဆိုး(၃)ပါး၊(က)သူတပါး၏ပစ္စည်းကိုမိမိရယူနိုင်ရန်မတရားသောနည်း လမ်းဖြင့်ကြံစီခြင်း၊(ခ)သူတပါး၏ပစ္စည်းကိုဖျက်ဆီးရန်ကြံစည်ခြင်း၊(ဂ)အယူအမြင်မှားယွင်းခြင်းတို့ဖြစ်သည်။ အထက်မှဖော်ပြခဲ့သော စရိုက်ဆိုးတွေကိုမပြုလုပ်ဘဲရှောင်ကြည်နေသူကို စရိုက်ကောင်းရှိသူ၊စာရိတ္တကောင်းသူ ပညာရှိသူဟု ဗုဒ္ဓဒေသနာ၌ဟောပြောထားပါတယ်၊၃၈ဖြာမင်္ဂလာမှာက၊ပထမဆုံးဖော်ပြတဲ့စရိုက်ဆိုးကျင့်သူကိုရှောင်ကြဉ်ဘို့နဲ့၊ပညာရှိသူကိုသာပေါင်းဖော်ဘို့ဟောကြားထားတာရှိပါတယ်၊အဲဒီလိုပြုလုပ်ကြမှသာလူသားတွေဟာ၊ကြီးပွားချမ်းသာနိုင်မှာဖြစ်ပါတယ်၊လူရယ်လို့ဖြစ်လာရင်၊အဓိကကျသောလိုအင်များမလွဲမသွေဖြစ်ပေါ်လာရပါတယ်၊အရေးလေးပါးလို့လည်းခေါ်ပါတယ်၊အဲဒါတွေကတော့(၁)စားရေး၊(၂)ဝတ်ရေး၊(၃)နေထိုင်ရေး၊(၄)စိတ်ဖြေရေးတို့ပဲဖြစ်ပါတယ်၊သမိုင်းစဉ်ဆက်လူသားတွေဟာဒီအရေး(၄)ပါးပြည့်ဝရေးအတွက် လှုပ်ရှားခဲ့ကြတယ်၊ရုန်းကန်ခဲ့ကြတယ်၊နည်းအမျိုးမျိုးနဲ့လှုပ်ရှားနေကြရမှာသာဖြစ်တယ်၊လိုအင်ပြည့်ဝရေးအတွက်၊စည်းပွားဥစ္စာများတို့ကိုရှာဖွေကြရတယ်၊စီးပွားပြည့်ဝမှဒီအရေးလေးပါးကိုလွယ်ကူစွာဖြေရှင်းနိုင်မှာဖြစ်တယ်။ ဗုဒ္ဓကလဲလူမှုဖူလုံရေး၊စီးပွားရေးဖြစ်ထွန်းရေးအတွက်ဒေသနာတော်များဟောကြားထားတာတွေရှိပါတယ်၊ဗုဒ္ဓဘုရားရှင်ဟာ၊ပက္က ရ ပတ္တအမည်ရှိတဲ့နိဂုံးမှာသီတင်းသုံးနေစဉ်၊ဗျဂ္ဃဝ ပဇ္ဇခေါ်တဲ့၊ဒါယကာတယောက်ကလူဘဝဖူးလုံရေးအတွက်စီးပွားဖြစ်ကြောင်းတရားတို့ကိုမေးလျှောက်ခဲ့ပါတယ်၊ဘုရားရှင်က လောကချမ်းသာကြောင်းကို သမ္ပဒါတရားလေးပါးဟောပြတော်မူခဲ့ပါတယ်၊၁။ဥဋ္ဌာနသမ္ပဒါ၊မပျင်းမရိ ထကြွလုံးလ ဝိရိယရှိမှုနှင့်ပြည့်စုံခြင်း၊၂။အာရက္ခသမ္ပဒါ။ရရှိလာသည့် ပစ္စည်းဥစ္စာတို့ကိုလိမ္မာကျွမ်းကျင်စွာ စောင့်ရှောက်ထိန်းသိမ်းတတ်မှုနှင့်ပြည့်စုံခြင်း၊၃။ကလျှာဏမိတ္တသမ္ပဒါ။မှီခိုကိုးစားအားထားလောက်သည့်မိတ်ဆွေကောင်းရှိမှုနှင့်ပြည့်စုံခြင်း၊၄။သမဇီဝိတသမ္ပဒါ။စနစ်တကျမျှတစွာအသက်မွေးသုံးစွဲနေထိုင်တတ်မှုနှင့်ပြည့်စုံခြင်းတို့ဖြစ်ပါတယ်။ အဲဒါအပြင်၊ကြီးပွားချမ်းသားခြင်း၊အောင်မြင်ကျော်ကြားခြင်းစတဲ့၊အကျိုးကောင်းများရရှိရေးအတွက် သပ္ပတ္တိစက်ခေါ်တဲ့၊စက်လေးပါးနှင့်ပြည့်စုံဘို့လဲလိုအပ်ပါတယ်၊၁။ပဋိရှုပ ဒေသဝါသ။စီးပွားရေး၊ဘာသာရေးစသည့်အောင်မြင်တိုးတက်နိုင်သည်အရပ်၌နေထိုင်ခြင်း။၂။သပ္ပူရိသူပနိဿယ။သူတော်ကောင်းများနှင့်ပညာရှိမိတ်ဆွေကောင်း၊အပေါင်းအသင်းများရှိခြင်း။၃။အတ္တသမ္မာပဏိစိ။မိမိကိုယ်ကိုလူတော်လူကောင်းဖြစ်အောင်ပြုပြင်ပေးရခြင်း။၎။ပုဗ္ဗစ ကတပုညတာ။ရှေ့ပိုင်းကာလ၊ရှေးဘဝကဖြည့်ကျင့်ဆည်းပူးခဲ့သောကောင်းသောလုပ်ဆောင်မှုရှိခြင်း။လောကီ၊လောကုတ္တရာဘက်စုံဖွင့်ဖြိုးတိုးတက်ရေးကိုရယူလိုသော ပုဂ္ဂိုလ်သည်အထက်ပါဒေသနာတော်အတိုင်းလိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။လက်ငင်းဘဝအတွက်၊ဧကန်ကြီးပွားနိုင်သော လက်တွေ့ကျသောတရားဓမ္မများပဲဖြစ်ပါတယ်။ "ဥုံဖွမန်းလျှင်အရမ်းကြီးပွားမည်"ဟူသော မန္တရဒေသနာ၊စိတ်ကူးယဉ်ဂါထာမျိုးမဟုတ်ပါ၊"တကယ်လုပ်မှအဟုတ်ကြီးပွားမည်"ဟူသောလက်တွေ့ဒေသနာဆောင်ပုဒ်များပဲဖြစ်ပါတယ်၊လူတို့သည် သမ္ပဒါတရား(၄)ပါးနှင့်အညီကြိုးစား၊အားထုတ်သဖြင့်သာ ဘဝနှင့်ဘဝစည်းစိမ်များကိုရရှိနိုင်ကြပါမည်၊ထိုမှန်ကန်သောလုပ်ရပ်ဖြင့်ရရှိခဲ့သောဘဝအခြေနေကို မပျက်မယွင်းအောင်ထိမ်းသိမ်းတတ်ဖို့လဲလိုပါတယ်၊အကယ်၍ မိမိအနေအထိုင်မတတ်ခဲ့လျှင်သော်၎င်း၊မတရားသဖြင့်ရရှိလာသောပစ္စည်းဥစ္စာများဖြစ်နေလျှင်သော၎င်း၊ဘဝစည်းစိမ်များပျက်ယွင်းသွားစေတတ်ပါတယ်။ ဆုပ်ယုတ်ကြောင်းတရားများကိုလဲဤသို့ဖော်ပြထားပါတယ်၊၁။သေရည်အရက်နှင့်မူးယစ်ပစ္စည်းများကိုသုံးစွဲလေ့ရှိခြင်း။၂။အချိန်အခါမဲ့ခရီးသွားလာလေ့ရှိခြင်း။၃။ပျော်ပွဲသဘင်တို့၌၊သွားလာကြည့်ရှုလေ့ရှိခြင်း။၎။လောင်းကစားစသည်တို့၌ဝါသနာထုံခြင်း။၅။မကောင်းသောအဆွေ၊ခင်ပွန်းတို့နှင့်ပေါင်းသင်ခြင်း။၆။ပျင်းရိလေ့ရှိခြင်းဆိုပြီး ဗုဒ္ဓစာပေမှာ၊သိင်္ဂါလောဝါဒသုတ်သည်၊လူမှုဒုက္ခဖြေရှင်းရေး၊လူတန်းစားအချင်းချင်းပြေလည်စွာဆက်ဆံရေး၊စသောလူမှုရေးအထာ၊စည်းမျဉ်းအဖြာဖြာတို့ပဲဖြစ်ပါတယ်၊အရေး(၄)ပါးအတွက်လက်တွေ့ရရှိနိုင်သောဓမ္မဒေသနာများဖြစ်ပါတယ်။တိုအကျဉ်းနဲ့လိုရင်းကိုပြောပြထားသောဒေသနာ တပုဒ်ရှိပါတယ်၊အဲဒါကတော့၊၁။မကောင်းမှုကိုမပြုရ။၂။ကောင်းမှုကိုပြုရမည်။၃။စိတ်ကိုဖြူစင်စေရမည်ဟူ၍ဖြစ်ပါတယ်။ဒီသုံးချက်ဟာ၊ဗုဒ္ဓဘုရားရှင်၏ဓမ္မဒေသနာအနှစ်ချုပ်ပဲဖြစ်ပါတယ်။ ထိုသုံးပါးပြုလုပ်နိုင်ရန်၊လူမိုက်ကိုမပေါင်းဘဲပညာရှိကိုပေါင်းမှသာ၊ဖော်ပြပါအမှန်တရားတွေကိုသိရှိလိုက်နာနိုင်ကြမှာပါ၊လူမိုက်ရှောင်ပြီး၊ပညာရှိကိုပေါင်းဖက်ခြင်းအားဖြင့်မရှိစွဲ၊အတွေးစွဲ၊စိတ်ကူးယဉ်စွဲများလဲပြုတ်နိုင်မှာပါ၊လူကိုမှီပြီး၊စွဲပြီးဖြစ်နေတဲ့၊ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိဉာဏတရားများနဲ့၊သဘာဝကာယကြီးကိုအမှန်တကယ်သဘောပေါက်နားလည်မှုမရှိရင်၊မိစ္ဆာဒိဋ္ဌိပဲဖြစ်နေမှာပါ၊လူမှာ၊အစွဲနဲ့တကွဖြစ်လာတဲ့၊ခန္ဓာငါးပါးဟာလူမဟုတ်ပါဘူး၊လူပေါ်မှာမှီဖြစ်၊စွဲဖြစ်တတ်တဲ့၊တရားများဖြစ်ပါတယ်လူဆိုတာက၊ပထဝီ၊အာပေါ၊တေဇော၊ဝါယောဆိုတဲ့၊ဓါတ်လေးပါးနဲ့တည်ဆောက်ထားတဲ့၊ရုပ်သဘာဝပဲဖြစ်တယ်၊မိဖနှစ်ပါးကြောင့်ဖြစ်လာရတာပါ၊အစာ၊ရေ၊လေကြောင့်ရပ်တည်နေရတာပါ၊သွေး၊သည်းခြေ၊လေသလိပ်ဖောက်ပြန်ရင်ပျက်စီးသွားမှာပါ၊အသက်ရှိစဉ်မသေခင်မှာ၊ဖြစ်ပေါ်နေရတဲ့နာမ်တရားဟာ၊အတွင်းရုပ်၊အပြင်ရုပ်နှစ်ခုတိုက်ဆိုင်မိမှ မြင်စိတ်၊ကြားစိတ်၊နံစိတ်၊လျှက်စိတ်၊ထိစိတ်စတဲ့နာမ်တရားတွေဖြစ်ပေါ်လာကြရတာပါ၊ရုပ်နှစ်ခုတိုက်မှနံတရားဖြစ်ပေါ်လာရတာပါ၊ "ရှုပံဖဋိစ္ဓ၊နာမံပဝတ္တိ"ရုပ်ကိုမှီပြီးမှနာမ်တရားဟာဖြစ်ပေါ်လာရတာပါ၊အဲဒီလို၊ရုပ်ဖြစ်ကြောင်းနာမ်ဖြစ်ကြောင်းတွေကိုသေချာသိရှိအောင်၊ ဟောပြောနိုင်တာက၊ပညာရှိတွေသာဟောပြောနိုင်ပါတယ်။အဲဒီလို၊ရုပ်ရဲ့အဓိကဖြစ်ကြောင်းနဲ့နာမ်ရဲ့အစ၊စဖြစ်ကြောင်းတွေကို၊သေခြာ၊ရေရာအောင်သိရှိမှသာ၊မိစ္ဆာဒိဌိပြုတ်ပြီး၊သမ္မာဒိဋ္ဌိဖြစ်နိုင်ပါတယ်။ လူမှာမိစ္ဆာဒိဋ္ဌိကြီးရှိနေရင်၊ကျင့်ကြံပြုလုပ်သမျှတွေဟာ၊မှန်ကန်တယ်ဆိုသော်လည်းရည်ရွယ်ချက်မမှန်ပဲ၊အတိတ်၊အနာဂတ်တွေအတွက်အမျှော်တွေ အကြောက်တွေမကင်းနိုင်ဘဲ၊ပစ္စက္ခအတွက်အကျိုးမဖြစ်ထွန်းနိုင်ပါဘူး၊ကောင်းမှုဆောင်၊မကောင်းမှုရှောင်နေသော်လည်းရည်ရွယ်ချက်မမှန်ကန်ဘဲ၊မိစ္ဆာဒိဋ္ဌိကြီးတန်းလန်းနဲ့ပြုလုပ်နေရင်၊စိတ်ထားလဲမဖြူစင်နိုင်တော့ပဲညစ်နွမ်းနေမှာပဲဖြစ်ပါတယ်၊မကောင်းမှုရှောင်၊ကောင်းမှုဆောင်နေရင်စိတ်ဓါတ်လဲဖြူစင်ဘို့ မိစ္ဆာဒိဋ္ဌိမရှိဘို့အရေးကြီးပါတယ်၊အမျှော်လောဘ၊အကြောက်ဒေါသ၊ကြောင်းကျိုးအမှန်အသိဉာဏ်မရှိတဲ့မောဟတရားတွေနဲ့လုပ်နေရင် လုပ်သမျှဟာဒုက္ခသံသရာထဲမှာသာလည်ပတ်နေတော့မှာပါ။ အဲဒါကြောင့်လူမိုက်ဖြစ်စေတဲ့၊စိတ်ဓါတ်တွေနဲ့မပေါင်းမိစေဘဲ၊လူလိမ္မာပညာရှိဖြစ်ပေါ်စေနိုင်တဲ့၊စိတ်ဓါတ်တွေရှိလာဘို့ကအရေးတကြီးလိုအပ်ပါတယ်၊ လူမိုက်နဲ့လူလိမ္မာကိုအပြင်မှာကြည့်ရုံပေါင်းရုံနဲ့မပြည့်စုံပါဘူး၊ကိုယ်ကိုတိုင်အတွင်းစိတ်ဓါတ်လဲပြုပြင်ပြီး၊ကိုယ်ကိုတိုင်၊လူမိုက်မဖြစ်ဖို့၊လူလိမ္မာပညာရှိဖြစ်ဖို့ကိုရည်ရွယ်ပြီး၊လူမိုက်ဖြစ်စေနိုင်တဲ့ဒေါသတရားတွေမထားရှိဘဲ၊လူလိမ္မာပညာရှိဖြစ်နိုင်တဲ့မေတ္တာတရားတွေထားရှိပြုပြင်ကြရမှာပါ၊လူတိုင်ဟာကိုယ်ကိုယ်တိုင်ပညာရှိဖြစ်အောင်နဲ့လူမိုက်မဖြစ်စေဘို့၊ပြုပြင်ကြမှသာ လောကကြီးဟာ သာယာဝပြောတဲ့လောကသစ်ကြီးကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်းပါခင်ဗျာ၊ဒါကြောင့် စိတ်ထားပြောင်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ စာပေသစ္စာဖြင့်ဟင်္သာ(တောင်တွင်းကြီး)

Friday, December 25, 2020

ညီမလေး အေးသောင်းနဲ့ သဘာဝတရား

အချစ်စစ်ရောင်းတဲ့ဆိုင်ရှိရင်၊ကျွန်မအသဲနှစ်လုံးနဲ့လဲပြီးဝယ်ချင်ပါတယ်ရှင့်၊ချစ်တတ်တဲ့ အသဲနှစ်လုံးစစ်လေးပါ၊တသက်တာ၊အာမခံချက်လဲပါပါတယ်ရှင့်၊Aye Wutyi Taung. မအေးသောင်း၊ညီမလေး မအေးသောင်းက ၎င်း၏ Facebook စာမျက်နှာတွင်ဖော်ပြထားတာဖတ်ရပါတယ်။ ဒါကြောင့်စာချစ်သူအားလုံး သဘာဝတရားအမှန်ကိုနားလည်အောင်၊စာရေးသူအနေဖြင့် ဤဆောင်းပါးကိုရေးလိုက်ရခြင်းဖြစ်ပါတယ်၊ညီမလေး မအေးသောင်းအနေ နဲ့သဘာဝတရား၊လူ့စိတ်ထားတွေကို သိထားဘို့တော့လိုပါတယ်၊လက်လွှတ်လိုက်ရတာအားလုံးကို၊ဆုံးရှုံးခြင်းလို့လဲတွက်မထားသင့်လို့ပါ၊ကိုယ်ဟာသူနဲ့မထိုက်တန်လို့ ဖြစ်နိုင်သလို သူဟာလဲကိုယ်နဲ့ မထိုက်တာလို့လဲဖြစ်နိုင်တာတွေ ရှိတတ်ပါတယ်၊ပြီးပါပြီလို့ စာတန်းထိုးထားတဲ့အခါ၊လာရာလမ်းအတိုင်းလည်း ပြန်ရဲတဲ့သတ္တိကိုမွေး ထားဘို့လိုပါတယ်၊မရှိတော့တာတွေကို သတိရနေသေးသမျှ၊ဖြစ်ပေါ်ခဲ့တဲ့ဒါဏ်ရာတွေကကျက်သွားမှာမဟုတ်ဘူး။အချိန်ဟာအားလုံးကို ကုစားပေးနိုင်တယ်ဆိုတာဟာ၊ လူတွေကိုသက်သက်ညာပြောနေသလိုပါပဲ၊ကိုယ့်ကိုယ်ကိုမကုစားနိုင်သေးသ၍ ကိုယ်စိတ်ကို မဆုံးမနိုင်သေးသ၍၊ကိုယ့်ကိုယ်ကိုယ်မပြောင်းလဲနိုင်သေးသ၍ ဘဝဟာ၊ဘာမှ ထူးပြီးဖြစ်မလာနိုင်ပါဘူး၊အမှတ်တရတိုင်းဟာလဲ အမြဲတန်းအမှတ်ရနေဖို့၊မကောင်းပါဘူး၊ဘာကြောင့်လဲဆိုတော့တချို့အမှတ်တရတွေက၊အမှတ်ရနေသူကိုသေစေနိုင်လို့ပါ။ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးပါ၊"အတ္တသမားပေမဲ့နတ္ထိ"ဆိုတဲ့စကားလဲအရှိသားပါ၊ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တယ်ဆိုရင်၊ကိုယ့်ကိုယ်နာကျင်စေတဲ့အမှတ်တရတွေကို၊ ပြန်ပြန်မတွေးမိပါစေနဲ့၊လူတွေဟာ ကိုယ့်ကိုယ်ကိုပဲနားအလည်းဆုံးပါ၊ကိုယ့်ခံစားချက်ကို၊ကိုယ်လောက်ဘယ်သူမှနားမလည်နိုင်ပါဘူး၊ကိုယ့်ဘဝရဲ့ အကောင်းအဆိုးကို အတွင်းကျကျ၊ပိုင်ပိုင်နိုင်နိုင် သိထားတာကကိုယ်ပဲရှိပါတယ်၊အခြားသူတွေက မသိနိုင်ပါဘူး ပြန်ပြောလို့မကောင်းတဲ့အတိတ်တွေ၊လူတိုင်းမှာရှိကြပါတယ်၊တယောက်ယောက် ရဲ့ရှေ့မှာ ငိုချပြီး၊ ပြောပြလိုက်ရုံနဲ့လဲ၊တချို့အရာတွေက သက်သာမလာပါဘူး၊ဒါတွေကိုသိထားရင်၊တယောက်ယောက်အနားမှာ အမြဲရှိနေမှာဘဲဆိုတဲ့၊မျှော်လင့် ချက်တွေကိုမထားသင့်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့၊လူတချို့ဟာ၊ပြောင်းလဲမသွားဘူး၊ပြေးထွက်မသွားဘူးလို့လဲ၊ဘယ်တော့မှပုံသေတွက်မထားသင့်ပါဘူး၊မသေခင်ကထဲက၊စွန့်လွှတ်လိုက်ရတာတွေရှိသလို အသက်ရှင်နေပါလျှက်လဲ၊ပိုင်ဆိုင်ခွင့်မရတော့တာတွေရှိပါတယ်၊အချစ်စစ်နဲ့ ချစ်နေကြလဲဘဲ၊ရေစက်ရှိသလောက်သာချစ်နေရပြီး၊ဝဋ်ကြွေးရှိသလောက်တော့ပေးဆပ်ကြရ မှာပါ၊တခါတလေ ဆွဲထားရင်းနဲ့ပင်ပန်းရတာတွေရှိပါတယ်၊မျှော်လင့်ထားလို့၊နာကျင်ရတာတွေလဲရှိတယ်၊နားလည်ဘို့ကျိုးစားရင်းနဲ့ဝေးသွားရတာတွေလဲရှိတယ်၊ အရမ်း၊ကိုယ်ကသဲသဲလှုပ်ချစ်ပြလိုက်လို့၊အနားကပြေးထွက်သွားတာတွေလဲရှိပါတယ်၊ဘဝဆိုတာ ပုံသေတွက်ထားလို့မ မရတာမို့၊အချစ်စစ်ကို အသဲနှစ်လုံးနဲ့ဝယ်ယူ ထားပေမယ့်၊ပုံသေတွက်ထားလို့တော့ မရပါဘူး။ အဲဒါကြောင့်လောကဓံရဲ့ သဘောသဘာဝတွေကိုနားလည်းစွာနဲ့ ချစ်တတ်ကြရမှာပါ၊ထာဝရသဘောဆိုတာပုံသေတွက်ချက်လို့မရတာတွေကို သိရှိကြရမှာပါ၊ ဒါပေမယ့် ချစ်တဲ့စိတ်ဟာ၊ဘယ်လောက်ပဲ စစ်မှန်ပါတယ်လို့ဆိုဆို မေတ္တာစိတ်လောက်တော့ မမွန်မြတ်ပါဘူး၊မေတ္တာစိတ်ကအေးမြတယ်၊ချစ်တဲ့စိတ်ကပူလောင်စေ ပါတယ်၊ချစ်တာကပူလောင်တယ်၊မေတ္တာကအေးမြတယ်၊ချစ်တဲ့စိတ်မှာ၊မုန်းသွားမှာကြောက်တဲ့၊ပူပန်မှုသဘောတွေရှိနေတတ်ပါတယ်၊မေတ္တာမှာတော့ အေးမြတဲ့စိတ်ပဲရှိပါ တယ်၊ချစ်တဲ့စိတ်ဟာ၊မတည်မြဲမခိုင်ခန့်တတ်တဲ့သဘောမို့၊ဘယ်လောက်ပဲအချစ်စစ်နဲ့ချစ်ပါတယ်ဆိုပေမယ့်၊တနေ့နေ့တချိန်ချိန်၊အကြောင်းတခုခုကြောင့်၊အမုန်းဆိုတဲ့စိတ် ဓါတ်တွေဖြစ်ပေါ်လာနိုင်ပါတယ်၊မေတ္တာသဘောလောက်မခိုင်မာပါဘူး။ ချစ်တယ်ဆိုတဲ့စိတ်ဟာ၊ဘယ်လောက်စစ်မှန်တယ်ပြောပြော၊လူကိုချစ်တာလား၊ကိုယ်ခန္ဓာကိုချစ်တာလား၊ပညာအရေချင်းကိုချစ်တာလား၊ရုပ်လှတာကိုချစ်တာလား။ စိတ်လှတာကိုချစ်တာလားဆိုတာ၊သေချာအောင်မသိနိုင်ပါဘူး၊အရွယ်ငယ်တာကို ချစ်တာဆိုရင်၊ကြီးသွားရင်ပြောင်းလဲသွားနိုင်ပါတယ်၊နူပျိုတာကိုချစ်တယ်ဆိုရင်၊ ရင့်ရော်သွားတဲ့အချိန်ပြောင်းလဲသွားနိုင်ပါတယ်၊မေတ္တာဆိုတဲ့သဘောကျတော့၊သူရဲ့အလိုကို အတတ်နိုင်ဆုံးလိုက်လျှောတဲ့စိတ်ဖြစ်တယ်၊သူရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေ တဲ့စိတ်ဖြစ်တယ်၊သူ့ရဲ့အပြောမှား၊အဆိုမှားကိုခွင့်လွှတ်တဲ့စိတ်ဖြစ်တယ်၊သူဆီကဘာကိုမှရယူခံစားလိုတဲ့ဆန္ဒမရှိတဲ့စိတ်ဖြစ်တယ်၊သူရဲ့ဘယ်လိုတုံ့ပြန်မှုကြောင့်မှမတုန် လှုပ်တဲ့စိတ်ဖြစ်တယ်၊ပုဂ္ဂိုလ်ခွဲခြားမှုမရှိတဲ့စိတ်ဖြစ်တယ်၊မှန်ကန်ရိုးသားသန့်ရှင်းအေးချမ်းတည်ငြိမ်တဲ့စိတ်ဖြစ်တယ်။ အဲဒါကြောင့် မေတ္တာစိတ်ဟာ၊မှန်ကန်တဲ့စိတ်ဖြစ်တယ်၊ကောင်းမြတ်တဲ့စိတ်ဖြစ်တယ်၊အန္တရာယ်မရှိတဲ့စိတ်ဖြစ်တယ်၊အပြစ်ကင်းတဲ့စိတ်ဖြစ်တယ်၊အကျိုးပြုတဲ့စိတ် ဖြစ်တယ်၊ကိုယ်သက်သာမှုရစေတဲ့စိတ်ဖြစ်တယ်၊ကိုယ်သူနဲ့ပတ်သက်ပြီး၊သူ့အပေါ်ကိုယ့်ဖက်က မေတ္တာစိတ်တွေနဲ့ဆက်ဆံပြီး၊သူဆီက၊ဘာကိုမှ၊တုံ့ပြန်မျှော်လင့်တဲ့စိတ်၊ မျှော်မှန်းတဲ့စိတ်၊တောင်းတတဲ့ဆန္ဒလုံးဝမရှိတဲ့စိတ်နဲ့၊ဆက်ဆံတာတွေထားရှိတယ်ဆိုရင်၊အဲဒီဆက်ဆံမှုကြောင့်ကိုယ့်ရဲ့စေတနာကိုဖြစ်စေ၊ကိုယ့်ရဲ့သူ့အပေါ်၊အနစ်နာခံမှု ကိုဖြစ်စေ၊အထင်လွဲမှုကိုဖြစ်စေ၊အမြင်မှားမှု၊တန်ဖိုးမထားမှု၊လစ်လျူရှုမှု၊ရန်လိုမှုတွေ၊ပြုလုပ်ပြောဆို လုပ်ကိုင်လာတဲ့အခါ၊ပူလောင်တဲ့စိတ်၊ခက်ထန်တဲ့စိတ်၊လှုပ်ရှားတဲ့ စိတ်၊ပင်ပန်းတဲ့စိတ်၊ဆင်းရဲတဲ့စိတ်မျိုးတွေဖြစ်ပေါ်မလာနိုင်ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့၊သူ့အပေါ်ထားတဲ့ကိုယ့်ရဲ့ မေတ္တာစိတ်ဟာ ၊ထားရှိစမှာသာသူနဲ့ပတ်သက်ပြီး၊ ကိုယ့်မှာအနည်းငယ် အခံရခက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် မေတ္တာစိတ်ခိုင်မာလာတာနဲ့အမျှ သူ့အပေါ်သီးခံခွင့်လွှတ်တဲ့စိတ်တွေ၊တည်ငြိမ်လာတယ်၊ပူလောင်တဲ့အရှိန်တွေ အေးလာတယ်၊လျစ်လျူရှုတဲ့စိတ်တွေအား ကောင်းလာတယ်၊ခက်ထန်တဲ့စိတ်တွေ နူးညံ့လာတယ်၊ပြင်းထန်နေတဲ့စိတ်တွေပျော့ပြောင်းလာတယ်၊အဲဒါကြောင့် ညီမလေး မအေးသောင်း အနေနဲ့အချစ်စစ်ရောင်း တဲ့ဆိုင်ရှိရင် အသဲနှစ်လုံးနဲ့လဲပြီးဝယ်မဲ့အစား၊တသက်တာအာမခံချက်ပေးနိုင်မဲ့၊အချစ်စစ်တဲ့ပိုပြီးသာလွန်တဲ့၊မေတ္တာစစ်နဲ့ကိုယ့်အပေါ်မှာ နားလည်ခွင့်လွှတ်ပေးနိုင်မဲ့သူကို၊ စိတ်ကူးယဉ်ခံစားချက်တွေကိုဘေးဖယ်ပြီး၊ဦးနှောက်နဲ့သာဘဝကျကျဆုံးဖြတ်ပါ၊အဲဒါမှသာ ဘဝတသက်တာမှာတစ်ဦးနဲ့တဦးနားလည်ခွင့်လွှတ်မှုတွေအပြည့်အဝနဲ့၊တ သက်တာလက်တွဲဖော်အဖြစ်နဲ့၊နေထိုင်နိုင်သွားမှာဖြစ်ပါတယ်၊အချစ်စစ်ကို အသဲနှစ်လုံးနဲ့မဆုံးဖြတ်ဘဲ၊မေတ္တာစစ်ကိုဦးနှောက်နဲ့ရွေးချယ်နိုင်ပါစေလို့ ညီမလေး မအေး သောင်းအတွက် ဘဝတသက်တာ သာယာရေးအတွက်ရည်ရွယ်ပြီး၊ရွေးချယ်တတ်ပါစေလို့ ဆန္ဒပြုလိုက်ပါ တယ်။ ဓာတ်ပုံ ညီမလေး မအေးသောင်း၏ Facebook မှယူ၍ဖော်ပြခြင်းဖြစ်ပါသည်။ညီမလေး မအေးသောင်း ခွင့်ပြုမည်ဟုယူစမိပါသည်။ စာပေသစ္စာဖြင့် ဟင်္သာ(တောင်တွင်းကြီး)

Tuesday, December 22, 2020

Hinthar News Agency နာယကဆရာတော်ကြီးနှင့် မီဒီယာဝိုင်းတော်သားများက စတုတ္တအကြိမ်မြောက် အလှူငွေးများပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ရှမ်းစုတောင်ရပ်ကွက်ရှိထေရဝါဒ ဗုဒ္ဓဘာသာ တရုတ်နဂါးကျောင်း၊ကျောင်းထိုင်ဆရာတော် အရှင်ဘဒ္ဒန္တ(မဟာသဒ္ဓမ္မဇောတိကဓဇ)HNA၏နာယကဆရာတော်ဘုရား၏လမ်းညွန်လှူဒါန်းနှိုးဆော်တိုက်တွန်းချက်အရ၊HNA (CEO)၏လမ်းညွန်မှုဖြင့်ကချင်ပြည်နယ်သတင်းတာဝန်ခံ ဦးလှနိုင်ဦးနှင့်မီဒီယာဝိုင်းတော်သားများက ၂၀၂၀ခုနှစ်ဒီဇင်ဘာ၂၂ရက်နံနက်၁၀နာရီခွဲအချိန်က မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံးကြီးသို့ Covid 19 ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေ(၇)သိန်းနှင့် PPE(၅)စုံ၊Apron(၅)စုံအားပေးအပ်လှူဒါန်းရာ မြစ်ကြီးနားမြို့အထွေထွေရောဂါကု ဆေးရုံးအုပ်ကြီး ဒေါက်တာ ဦးတင်လှနှင့်ကျန်းမာရေးဝန်ထမ်းများကလက္ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။အလားတူHNA(CEO)ထံအလှူငွေ(၇)သိန်း(၅)သောင်းလွှဲပြောင်းပေး အပ်ရာ(CEO)မှလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်းပေအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ Hinthar News Agency မှပထမအကြိမ်ရခိုင်ပြည်နယ်တိုင်းရင်းသားရေးဘေးဒုက္ခသည်များအားဖေးမကူညီနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား လွှဲပြောင်းလှူဒါန်းပေးနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား အစိုးရအဖွဲ့ဝန်ကြီးများထံ ၂၀၁၇ စက်တင်ဘာ ၉ရက်နံနက်၁၁နာရီအချိန် အစိုးရအဖွဲ့ဝန်ကြီးရုံးတွင် ငွေကျပ်သိန်း(၂၀)အားပေးအပ်လှူဒါန်းခဲ့သည်။ အလားတူ ဒုတိယအကြိမ် ကချင်ပြည်နယ် ၊မြစ်ကြီးနားခရိုင်ဝိုင်းမော်မြို့နယ်၊စမ်းကားကျေးရွာအုပ်စု၊တာစန်းကျေးရွာတွင် ကိုဗစ်ကာလ စားဝတ်ခက်ခဲသောအိမ်ထောင်စု(၅၄)စုအား၊တာစန်းကျေးရွာ ဓမ္မသုခဓမ္မာရုံကြီးတွင် ၂၀၂၀ ဧပြီလ ၂၇ ရက်နေ့က ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်ဥ၊ခရမ်းချဉ်သီး၊ကြက်သွန်နီ၊စသည့်ရိက္ခာ(၇)မျိုးအားထောက်ပံ့လှူဒါန်းပြီး၊ဓမ္မသုခဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်နှင့်ကျောင်းရှိသံဃာများအားတစ်ပါးလျှင်ဝတ္ထူငွေကျပ်(၁၀၀၀၀)နှုန်းဖြင့်ငွေကျပ်(၆၀၀၀၀၀)အားလှူဒါန်းခဲ့သည်။ အလားတူတတိယအကြိမ်အဖြစ်၂၀၂၀ ဧပြီလ ၃၀ရက်နေ့တွင် ဝိုင်းမော်မြို့နယ် ဂျက်ကော်ကျေးရွာရှိ စားဝတ်ခက်ခဲနေသောအိမ်ထောင်စု(၃၅)စုအား ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်သွန်နီ၊ကြက်ဥ၊ခရမ်းချဉ်သီးစသည့်ရိက္ခာ(၇)မျိုးအားထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။ ကျွန်တော်တို့ ယ္ခုလှူဒါန်းမှုဟာ စတုတ္တအကြိမ်လှူဒါန်းခြင်းပါ။(၄)ကြိမ်လုံးလှူဒါန်းတာတာဆိုရင်အားလုံးစုစုပေါင်း သိန်း(၅၀)နီးပါးလောက်ရှိပါတယ်။အမှန်တကယ်လိုအပ်နေတဲ့ဒေသတွေကို အဓိကထားပြီးကျန်တော်တို့HNAမီဒီယာဝိုင်းတော်သားများက တတ်နိုင်သလောက်ထောက်ပံ့ကူညီတာပါ၊ဆက်လက်ပြီး တတ်နိုင်တဲ့ဘက်ကကူညီနိုင်အောင် ကျွန်တော်တို့ဝိုင်းတော်သားများကကြိုးစားဆောင်ရွက်သွားမှာပါဟု Hinthar News Agencyတာဝန်ရှိသူတစ်ဦးကပြောသည်။ ရေမြင်း(မြစ်ကြီးနား)

Sunday, December 20, 2020

လူတိုင်း လုံခြုံ ရေး သတိ အမြဲရှိစေခြင်

လုံခြုံရေးနှင့်ပတ်သက်၍ သတင်း၊ ဂျာနယ်အများအပြားတွင် မကြာခဏသတိပေးရေးသားဖော်ပြပေးနေတာကို ဖတ်ရှုရပါတယ်။ လုံခြုံရေးကိုကိုယ်တိုင်ထိန်းသိမ်းရမှန်း သတိမမှုမိ၍ အသက်သေဆုံးရှုံးရမှု၊ အဓမ္မပြုကျင့်ခံရမှု၊ရွှေ၊ငွေ၊ပစ္စည်းအလုခံရမှုနှင့် ခိုးယူခံရမှုများ မကြာခဏပေါ်ပေါက်နေသည်ကို သတင်းစာ၊ ဂျာနယ်များတွင်ဖော်ပြပေးနေတာတွေ့ရပါတယ်။ မကြာသေးမှီက ရှမ်းပြည်နယ်(မြောက်ပိုင်း၊သီပေါမြို.နယ်၊မန်နောင်ကျေးရွာတွင်အသက်(၆)နှစ်အရွယ်မိန်းကလေးတစ်ဦးဒီဇင်ဘာ၉ရက်ညနေ၅နာရီခန်.ကရွာအတွင်းသွားလာရာမှ ပျောက်ဆုံးသွား၍အတူနေရွာသားများကအလုပ်ရှိရာသို့မသွားဘဲစုပေါင်းအင်အားဖြင့်မိသားစုနှင့်အတူဝိုင်ဝန်းရှာဖွေးခဲ့ရာဒီဇင်ဘာ၁၁ရက်နေ.တွင်ရွာအနီးရှိရေမရှိသောမြောင်းတစ်ခု အတွင်းသေဆုံးလျှက်ရှိနေသည်ကိုတွေ.ခဲ့ရသည်၊အခင်းဖြစ်နေရာသည်သီပေါမြို့မရဲစခန်းနှင့်အလှမ်းအလှမ်းဝေးပြီး၊လုံခြုံရေးအခြေနေအရရဲတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးရန်အခင်း ဖြစ်နေရာဖြစ်သောကြောင့်ကျေးရါာလူကြီးများနှင့်ရွာသူရွာသားများကအလောင်းကိုစစ်ဆေးသောအခါမိန်းမအင်္ဂါမှာဒဏ်ရာရရှိလျက်လည်ပင်းညှစ်သတ်ခံရမှုကြောင့်လည်းပင်းတွင်ညိုမည်း ဒဏ်ရာရရှိထားသည်ကိုတွေ.ရသဖြင့်ကျေးရွာလုံခြုံရေးအဖွဲ့ဝင်များနှင့်ကျေးရွာသူကျေးရွာသားများကရွာအ၀င်/အထွက်မှအစထူးခြားလှုပ်ရှားမှုများကိုအခြေခံ၍စုံစမ်းခဲ့ကြရာအခင်းဖြစ်ပွားသည့် ကျေးရွာအနီးရှိဝမ်ရှိုကျေးရွာတွင်နေထိုင်သောအိုက်စော်(၃၀)နှစ်ကိုမသင်္ကာ၍ဖမ်းဆီးစစ်ဆေးခဲ့ရာမုဒိမ်းကျင့်ပြီးလူသတ်မှုကျူးလွန်လွန်မိကြောင်းဝန်ခံခဲ့သည်။ယ္ခုဖြစ်စဉ်တွင်ရွာသူရွာသားများ၏ စည်းလုံးညီညွတ်သောအားထုတ်မှုကြောင့်မုဒိမ်လူသတ်မှုကျူးလွန်သူကငြင်းဆန်မရ၍၀န်ခံသည်အထိရွာသားများဘက်ကကြိုးစားခဲ့ရကြောင်းသိရသည်။ကလေးမိဘများလုံခြုံးရေးသတိပြုသင့် သည်ဟုယူစမိပါသည်။ ဒုတိယဖြစ်စဉ်၊ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးတက္ကသိုလ်အတွင်းရှိQuarantine Center တွင်Quarantine၀င်နေသည့်အသက်(၃၃)နှစ်အရွယ်အမျိုးသ္မီးတစ်ဦးအခန်းအတွင်းဘုရားဝတ်ပြုနေ စဉ်နိုဝင်ဘာ၂၉ရက်ညတွင်အမည်မသိအမျိုးသား(၁)ဦးကအခန်းတွင်းဝင်ရောက်လာပြီးလည်ပင်းဓားထောက်၍အသက်အန္တရာယ်ခြိမ်းခြောက်ကာအလိုမတူဘဲသားမယားအဖြစ်အဓမ္မပြုကျင့်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။ယင်းအဓမ္မပြုကျင့်မှုတွင်သံသယရှိသည့်အမျိုးသားတရားခံအားတောင်ကြီးမြို.မရဲစခန်းတွင်၊ရာဇသတ်ကြီးပုဒ်မ၃၇၆ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြန်မာနိုင်ငံဒေသအသီးသီးမှအရပ်ဘက်အဇွဲ့စည်းများကလည်းကန့်ကွက်ရှုပ်ချကြောင်း၊နိုဝင်ဘာ ၃၀ရက်တွင်းသဘောထားထုတ်ပြန်ခဲ့သည်။အဆိုပါဖြစ်စဉ်မှာ လုံခြုံရေးကို ဂရုမပြုမိသည့် အမှားကိုလူတိုင်း သတိမူမိစေရန် အကြံပြုတင်ပြခြင်းဖြစ်ပါသည်။ တတိယဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို.နယ်တွင်၊ဒီဇင်ဘာ ၅ရက်ညနေပိုင်းက ရေချိုးအ၀တ်လှန်းနေသည့်၊အသက်၂၀အရွယ် အမျိုးသ္မီးကို အဓမ္မကြံစည်သည်ဆိုသော စွတ်စွဲချက် ချက်ဖြင့်၊ရဲအရာရှိကို၊ကာယိအိနြေ္ဒပျက်ပြားစေမှု အပါအ၀င်ပုဒ်မ(၄)ခုဖြင့်၊ဒီဇင်ဘာ(၈)ရက်နေ့တွင်အမှုဖွင့်တိုင်ကြားခံထားရခြင်းဖြစ်သည်။အဆိုပါ အဓမ္မကြံစည်သည်ဟုဆိုသော ရဲအရာရှိမှာ ၊ညောင်ဦးမြို.၊တောင်စဉ်ကျေးရွာအုပ်စု၊ရဲစခန်းမှနယ်ထိန်း၊ရဲအရာရှိဖြစ်ပြီး၎င်းအား ရာဇသတ်ကြီးပုဒ်မ ၄၄၈/၃၅၄/၂၉၄/၃၂၃တို.ဖြင့်အမှုဖွင့်ခံထားရသည်။အမျိုးသ္မီးများ လုံခြုံရေးကို သတိမူမိစေရန် အကြံပြုတင်ပြခြင်းဖြစ်ပါသည်။ ရှိပါသေးသည် လွန်ခဲ့သည့်နှစ်များကပဲခူး၊ တိုက်ကြီးနယ်မြေတွင် မိခင်ဖြစ်သူက(၁၄)နှစ်အရွယ် ပဉ္စမတန်းကျောင်းသူအား ညအချိန်မတော် ရွာဦးဘုန်းတော်ကြီးကျောင်းသို့ VCDခွေသွားရောက်ပို့ခိုင်းခဲ့ရာ ညအချိန် အမျိုးသားတစ်ဦးမှ ခြိမ်းခြောက်ခေါ်ဆောင်သွားပြီးသားမယားအဖြစ်အဓမ္မပြုကျင့်ခံလိုက်ရ၏။ အသက် အန္တရာယ်မပြု၍တော်သေးသည်ဟုဆိုရပေမည်။ အဓမ္မပြုကျင့်ခံရသူမိန်းကလေးမှာလုံလောက်သောအကာအကွယ်ပေးနိုင်သူမပါရှိဘဲမကောင်းမှုကိုပြုနိုင်စွမ်းရှိသည့် ညအချိန်တွင် အဖော်မဲ့သွားမိခဲ့၍ မဖြစ်သင့်ဘဲအဓမ္မပြုကျင့်ခံလိုက်ရမှုမှာ လုံခြုံရေးသတိပျက်ကွက်မှုဟု သုံးသပ်အဖြေထုတ်နိုင်ခဲ့ပါသည်။အဓမ္မပြုကျင့်ခံရသူကို အပြစ်ပြောခြင်းမဟုတ်ပါ။ လုံခြုံရေးကို ဂရုမပြုမိသည့် အမှားကိုလူတိုင်း သတိမူမိစေရန် အကြံပြုတင်ပြခြင်းဖြစ်ပါသည်။ ရှိပါသေးသည်- လွန်ခဲ့သည့်နှစ်များက တနင်္ဂနွေနေ့၊ နံနက်(၈)နာရီ အချိန်၌ကျောက်တံတားမြို့နယ်၊ လမ်း(၄၀)အလယ်လမ်း၊စုပေါင်းလူနေတိုက်၏အထပ်မြင့်(၇)လွှာတွင်နေထိုင်သော အမျိုးသမီးကြီးတစ်ဦးသည်ဈေးသို့သွားရန်လှေခါးမှအဆင်း လူငယ်တစ်ဦးက သံတုတ်ဖြင့်ရိုက်ပြီးရွှေဆွဲကြိုးလုယူမှုခံလိုက်ရကြောင်း အရိုက်ခံရသူမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ လုယက်မှု ကျူးလွန်သူ လူငယ်သည်အချင်းဖြစ် တိုက်ရှေ့တွင် မကြာခဏထိုင်နေသည်ကိုတွ့ခဲ့ဘူးကြောင်း၊ ပတ်ဝန်းကျင်၏ပြောပြချက်အရ သိရှိရ၏။ အရိုက်ခံရသူ အမျိုးသမီးမှာသဆုံးခြင်းမရှိ၍တော်သေးသည်ဟုဆိုရပေမည်။ ထိုဖြစ်စဉ်ကိုလ့လာသောအခါ လုံခြုံရေးအမြင် အားနည်းမှုရှိကြောင်းသတိထားမိခဲ့သည်။ လုံခြုံရေးဆိုင်ရာတွင်လူတစ်ဦး၏အမြဲအလုပ်အရ ပုံကျနေသော လှုပ်ရှားမှုကိုပြောင်းလဲကျင့်သုံးရန် သတိမပြုမိခြင်းသည် လုံခြုံရေးကို အားနည်းစေနိုင်ကြောင်းသတိပြုသင့်ပါသည်။ထိုနေ့ကပြစ်မှုကျူးလွန်သူသည်နံဘေးရှိနေအိမ်ခန်းများမှအကူအညီ မပေးနိုင်ရန်နေအိမ်ခန်းများ တွင် ပိတ်ထားသော တံခါးရွက်များ၏ အပြင်ပတ္တာကန့်လန့်ကိုကြိုတင်ထိုးထားပြီးမှ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထပ်မံသိရှိရသည်။သို့ဖြစ်ပါ၍ဒုစရိုက်မှုကျူးလွန်သူ များသည် ၄င်းတို့ကျူးလွန်မည့်ဒုစရိုက်လုပ်ငန်းများအားအောင်မြင်စွာကျူးလွန်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်းလ့လာသိရှိရ၏။လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခဲ့၍ ဒုစရိုက်သမား၏ကျူးလွန်မှုကိုခံလိုက်ရသည်ဟုပြောဆိုလျှင်နစ်နာသူဘက်က စိတ်မဆိုးသင့်ပါ။ ထိုအဖြစ်မျိုး မကြုံတွေ့နိုင်စေရန်နောင်အခါတွင်လုံခြုံရေးအမြင်ဖြင့် ကြိုတင်ကာကွယ်မှုပြုလုပ်မိစေရန် အကြံပြုခြင်းသာဖြစ်ပါသည်။ အခြားဖြစ်ရပ်တစ်ခုမှာအမှုဖွင့်တိုင်ကြားခြင်းမရှိသောပြစ်မှုကျူးလွန်ခံရမှုဖြစ်ပါသည်။ရွှေဘုံသာလမ်းတွင်ရွှေထည်ပစ္စည်းရောင်းဝယ်မှုပြုသော အမျိုးသမီးတစ်ဦးသည်ပုံမှန်အချိန်ဖြင့်နေ အိမ်သို့ပြန်နေကျအတိုင်း အဖော်မပါဘဲနေအိမ်ရှိရာသို့ပြန်ခဲ့သည် ဆို၏။ထိုအမျိုးသမီးသည် မြို့လယ်မြို့နယ်တစ်ခုတွင်နေထိုင်သူဖြစ်ပြီး ၄င်းနေထိုင်သည့်အိမ်မှာစုပေါင်းလူနေတိုက်ခန်း၏ ပထမထပ်ဟု ဆိုသည်။ ပုံမှန်အချိန်အတိုင်းနေအိမ်သို့ပြန်လာစဉ်လူလတ်ပိုင်းအရွယ်နှစ်ဦးကရွှေဆိုင်ပိုင်ရှင် အမျိုးသမီး၏နောက်မှကပ်၍လှေကားအတိုင်းတက်လိုက်ခဲ့သည်ဆို၏ ။ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကအိမ်ခန်းထဲသို့ဝင်ရန်အိမ်တံခါးသော့ဖွင့်နေစဉ်နောက်မှကပ်လိုက်လာသူက အမျိုးသမီး၏မျက်နှာကို ရိုက်နှက်၍ ပိုက်ဆံအိတ်ကိုလုယူခဲ့၏။ အမျိုးသမီးက အရိုက်ခံနေရသည့်ကြားမှ ရှိသမျှအင်အားဖြင့် ခုခံပြီး ပတ်ဝန်းကျင်သို့အော်ဟစ် အကူအညီတောင်းခံခဲ့၍ လုယူသော ပိုက်ဆံအိတ်ကိုပင် မယူနိုင်တော့ဘဲထွက်ပြေးသွားခဲ့ကြ၏။ အရိုက်ခံရသူ အမျိုးသမီး၏ မျက်နှာပြင်တစ်ခုလုံး ဖူးရောင်ဒဏ်ရာရရှိခဲ့သည်ဆို၏။ တစ်ခုကံကောင်းသည်မှာရွှေထည်ပစ္စည်းရာင်းဝယ်သူ အမျိုးသမီးက အိတ်ထဲတွင်ရွှေထည် ပစ္စည်းများကိုမထည့်ဘဲငါးဆင့်ချိုင့်ထဲတွင်ရွှေထည်များကို ထည့်သွင်းသိုဝှက်၍ပုံဖျက်ယူဆောင်ခဲ့သဖြင့်ဒုစရိုက်သမားနှစ်ဦးမှာသာမန်ထမင်းချိုင့်ဟုထင်ပြီး အမိအရ လုမပြေးခဲ့ဟု ဆိုပါသည်။ ထိုဖြစ်ရပ်ကို နစ်နာသူက အမှုဖွင့်တိုင်ကြားခြင်း မပြုခဲ့ဟု သိရ၏။ လုယက်ခံရသူ အမျိုးသမီးမှာပစ္စည်းလုံခြုံရေးကို ကြိုတင်ပြင်ဆင်သတိပြုဆောင်ရွက်ခဲ့၍ ပစ္စည်းများ ဆုံးရှုံးမှုမကြုံရခြင်းဖြစ်ပါသည်။ သို့သော် လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ဂရုတစိုက် မပြုမိဘဲ ပုံကျနေသော လှုပ်ရှားမှုအချိန်မှန်ဖြင့် အိမ်သို့ပြန်လာမိ၍ လုယက်မည့် ဒုစရိုက်သမား၏ ကြံစည်လုပ်ဆောင်မှုကို ကြုံလိုက်ရခြင်းဖြစ်သည်ဟုယူဆမိပါသည်။သို့ဖြစ်၍တန်ဖိုးရှိပစ္စည်းများနှင့်အတူခရီးသွားလာလျှင်ပစ္စည်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုပြုသင့်ပါသည်။အဖော်ခေါ်ယူခြင်း၊အစောင့်လိုက် ပါစေခြင်း၊အကြို/အပို့ပြုလုပ်စေခြင်းပြုသင့်ပါသည်။ ပစ္စည်းနှင့်အတူလှုပ်ရှားသွားလာရသည့်အခါ လူပုဂ္ဂိုလ်လုံခြုံရေးကိုပါ တစ်ပြိုင်နက်တည်း သတိပြုသင့်ပါသည်။ လုံခြုံရေးဟူသည် လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါသည်။ လူတစ်ဦးချင်းမှနိုင်ငံတော်အဆင့်အထိ ဦးစားပေးဆောင်ရွက်ရသော ကြိုတင်ကာကွယ်ရမှုဖြစ်ပါသည်။ လူသည်စားဝတ်နေရေးနှင့်လူမှုဆက်ဆံရေး အပူသောကများကြောင့်လုံခြုံရေးအမြင်လျော့နည်းပျက်ကွက်တတ်ပါသည်။ လုံခြုံရေးကို အထူးတလည် ဦးစားပေးနေရသော ဌာနများတွင်ပင် လုံခြုံရေးကျိုးပေါက်မှု မဖြစ်စေရန် လုံခြုံမှုကာကွယ်စစ်ဆေးခြင်းကိုမကြာခဏပြုလုပ်၍ သတိတရားကြွမှုရှိစေရန်ပြင်ဆင်ဆောင်ရွက်ကြရပါသည်။ လုံခြုံရေးဟူသည်နေ့စဉ်လှုပ်ရှားနေရသော လူမှု့သောကများကြောင့်ဖြစ်စေ၊နေ့စဉ်ပြုမြဲလုပ်ငန်းတွင် အန္တရာယ်မကြုံရ၍ဖြစ်စေ၊ပေါ့ပေါ့ဆဆ သဘောထား တတ်သည်မှာသဘာဝပင်ဖြစ်ပါသည်။ လုံခြုံရေးသည် လူတိုင်း၊ မိသားစုတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း၊နိုင်ငံဝန်ထမ်း တိုင်းအတွက် အထူးလိုအပ်ချက်ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ပြည်သူ့ဘ၀လုံခြုံရေးတာဝန်ကိုထမ်းဆောင်နေရသော ရဲတပ်ဖွဲ့သည်လူတိုင်း၊ကျေးရွာ၊ရပ်ကွက်တိုင်း၊မြို့နယ်တိုင်း၌နေရာအနှံ့ဖြန့်ကျက်၍ကွက် လပ်မရှိစောင့်ရှောက်ရန်မှာ အခက်အခဲရှိတတ်ပါသည်။ အချင်းဖြစ်ပွားရာသို့အလျင်အမြန်ရောက်ရှိစေရန်နှင့် လိုအပ်သည့်နေရာတွင် ကြိုတင်ကာကွယ်မှုကိုသာပြုလုပ်ပေးနိုင်ပါသည်။ သို့ဖြစ်၍ ညအချိန်ကာလမရွေး၊ မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် လှုပ်ရှားနေရသည့်ပြည်သူပြည်သားအားလုံး အနေဖြင့် မိမိ၏လုံခြုံရေးကို ပထမဦးစားပေး လုပ်ငန်းအဖြစ်လေ့လာ၍ပြင် ဆင်မှုပြုလုပ်ပေးသင့်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။ စာပေသစ္စာဖြင့် ဟင်္သာ(တောင်တွင်းကြီး)

Wednesday, November 25, 2020

မိုင်းနှင့် စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကိုးလအတွင်း ကလေး ၁၃ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၄ မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၃ ဦးသေဆုံးပြီး ၅၆ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း UNICEFက နိုဝင်ဘာလ ၂၃ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နိုဝင်ဘာလ ၁၇ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ကလေး ငယ်တစ်ဦးနှင့် ၎င်း၏ မိဘနှစ်ပါး သေဆုံးကာ အခြားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ရပ်နှင့် ပတ်သက် သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ပဋိပက္ခအတွင်း ပိတ်မိနေခဲ့ကြသူ ကလေးငယ်များအားလုံးအတွက် စိတ်မကောင်းဖြစ်ရကြောင်း UNICEF က ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးငယ်သေဆုံး၊ ဒဏ်ရာရမှုများ ကြောက်ခမန်းလိလိ တိုးပွားလာသည့်အပေါ် အလွန်စိုးရိမ်ပူပန် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် UXO များပေါက်ကွဲမှုကြောင့် ကလေး ၅၆ ဦး အပြင်းအထန်ဒဏ်ရာရပြီး ကလေးငယ် ၁၃ ဦး သေဆုံးကြောင်း၊ တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ၏ ၃၅ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြကြောင်း UNICEF က ထုတ်ပြန်သည်။ တစ်နိုင်ငံလုံးတွင်ဆိုလျှင် ကလေးငယ်ငယ်များ အပါအဝင် လူ ၅၂ ဦးသေဆုံးပြီး ၁၄၈ ဦး ဒဏ်ရာရကြောင်း၊ ရခိုင်ပြည်နယ်သည် ကလေးသူငယ် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး စုစုပေါင်း ၄၇ ရာခိုင်နှုန်းရှိကြောင်း UNICEF ၏ စာရင်းများအရသိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက် ကြောင့် ကလေးငယ် ၄၃ ဦး သေဆုံးပြီး ၁၀၃ ဦး ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ကြောင်း၊ ယင်းအရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် တစ်နှစ်လုံးတွင် စုစုပေါင်း ထိခိုက်သေဆုံးမှုထက် များစွာပိုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်နှင့် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှု အခွင့် အရေးကို ထိန်းသိမ်းရန်အတွက် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ရပ်တန့်ကြရန်၊ လက်ရှိ ရှိနေသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းကြပါရန် ပဋိပက္ခဖြစ်ပွားမှု များတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးကို UNICEF က တိုက်တွန်းထားသည်။ #Zawgyi မိုင်းနှင့် စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကိုးလအတွင်း ကလေး ၁၃ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၂၄ မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၃ ဦးသေဆုံးပြီး ၅၆ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း UNICEFက နိုဝင်ဘာလ ၂၃ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နိုဝင်ဘာလ ၁၇ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် ကလေး ငယ်တစ်ဦးနှင့် ၎င်း၏ မိဘနှစ်ပါး သေဆုံးကာ အခြားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ရပ်နှင့် ပတ်သက် သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ပဋိပက္ခအတွင်း ပိတ်မိနေခဲ့ကြသူ ကလေးငယ်များအားလုံးအတွက် စိတ်မကောင်းဖြစ်ရကြောင်း UNICEF က ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးငယ်သေဆုံး၊ ဒဏ်ရာရမှုများ ကြောက်ခမန်းလိလိ တိုးပွားလာသည့်အပေါ် အလွန်စိုးရိမ်ပူပန် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် UXO များပေါက်ကွဲမှုကြောင့် ကလေး ၅၆ ဦး အပြင်းအထန်ဒဏ်ရာရပြီး ကလေးငယ် ၁၃ ဦး သေဆုံးကြောင်း၊ တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ၏ ၃၅ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြကြောင်း UNICEF က ထုတ်ပြန်သည်။ တစ်နိုင်ငံလုံးတွင်ဆိုလျှင် ကလေးငယ်ငယ်များ အပါအဝင် လူ ၅၂ ဦးသေဆုံးပြီး ၁၄၈ ဦး ဒဏ်ရာရကြောင်း၊ ရခိုင်ပြည်နယ်သည် ကလေးသူငယ် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး စုစုပေါင်း ၄၇ ရာခိုင်နှုန်းရှိကြောင်း UNICEF ၏ စာရင်းများအရသိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက် ကြောင့် ကလေးငယ် ၄၃ ဦး သေဆုံးပြီး ၁၀၃ ဦး ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ကြောင်း၊ ယင်းအရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် တစ်နှစ်လုံးတွင် စုစုပေါင်း ထိခိုက်သေဆုံးမှုထက် များစွာပိုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်နှင့် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှု အခွင့် အရေးကို ထိန်းသိမ်းရန်အတွက် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ရပ်တန့်ကြရန်၊ လက်ရှိ ရှိနေသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းကြပါရန် ပဋိပက္ခဖြစ်ပွားမှု များတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးကို UNICEF က တိုက်တွန်းထားသည်။

ယုတ်မာရက်စက် အသက်ထွက်လဲ အမည်က ထာဝစဉ် ရှင်သန်နေ

၂၀၂၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်ကျောက်မဲခရိုင်၊အမှတ်(၁)ကနေ အနိုင်ရရှိခဲ့တဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ဦးထိုက်ဇော်ဟာ နိုဝင်ဘာ(၂၁)ရက် ညနေ(၆)နာရီကျော်အချိန်ခန့်က ကျောက်မဲမြို့နယ်၊နောင်ပိန်ကျေးရွာအုပ်စု၊ပင်တိုင်ကျေးရွာရှိ၊မန္တလေးမူဆယ်လမ်းမကြီးအနီးရှိ လည်းကောင်း၏နေအိမ်မှာ၊သေနတ်နဲ့အပစ်ခံရတယ်လို့သိရပါတယ်။ပစ်ခံရတဲ့ဒဏ်ကြောင့် ဦးထိုက်ဇော်ကို ဆေးဝါးကုသမှုခံယူနိုင်ရန်ကျောက်မဲပြည်သူ့ဆေးရုံးသို့ ထိုနေ့ည၆နာရီ ၄၀မီနစ်အရောက်ပို့ဆောင်ခဲ့ပေမဲ့ ရရှိဒဏ်ရာနဲ့ ည၆နာရီ ၅၀ မီနစ်အချိန်ကွယ်လွန်သွားကြောင်းသတင်းဖော်ပြချက်များအရသိရပါတယ်။ ထိုကဲ့သို့ ယုတ်မာရက်စက်အကြမ်းဖက်မှုကြောင့်အသက်ကိုစွန့်လွှတ်ခဲ့ရသော်လည်း လူသေသွားပေမဲ့ အမည်ကတော့ဆက်လက်ရှင်သန်နေဦးမှာပါ၊အလားတူဖြစ်စဉ်များနိုင်ငံအဝှမ်းဒေသအချို့မှာယ္ခင်ကလည်းဖြစ်ခဲ့ပါတယ်။ထိုကဲ့သို့သော၊ဖြစ်ရပ်မျိုးမှာ မလုပ်သင့်၊မလုပ်ထိုက်သောလုပ်ရပ်မျိုးသာဖြစ်ပါတယ်၊လူတစ်ယောက်ရဲ့အသက်ကိုယုတ်မာရက်စက်စွာ သတ်ဖြတ်လိုက်ခြင်းဟာ၊သတ်သူတွေရဲ့အကျင့်ယုတ်ကိုဖော်ပြနေသလိုဖြစ်နေပါတယ်၊နိုင်ငံတော်ကို ပုန်ကန်မှုနဲ့အတူတူပါပဲ၊နိုင်ငံအကျိုးကိုသယ်ပိုးထမ်းဆောင်ဘို့ပြည်သူလူထုက၊ကြည်ဖြူစွာရွေးကောက်ပေးထားသူတစ်ဦးကို၊ရက်စက်စွာသတ်ဖြတ်ပြစ်လိုက်ခြင်းဟာ၊အလွန်မတန်ရက်စက်ရာကျပါတယ်၊ထိုကဲ့သို့သောလုပ်ရပ်မှာ၊ယုတ်မာလွန်းတဲ့အလုပ်တခုကိုကျူးလွန်လိုက်တာပဲဖြစ်ပါတယ်၊နိုင်ငံအကျိုးကိုကောင်းမွန်အောင်ဆောင်ရွက်တော့မဲ့ ကိုယ်စားလှယ်လောင်းကိုသတ်ဖြတ်လိုက်ခြင်းဟာ၊နိုင်ငံတော်အပေါ် သစ္စာ ဖောက်ခြင်းသာဖြစ်ပါတယ်။ မေတ္တာ ပျက်ပြီး၊ဒေါသအလျှောက်ပြုကျင့်လိုက်ခြင်းဟာယုတ်မာသူတွေရဲ့လုပ်ရပ်သာဖြစ်ပါတယ်၊ဒေါသတရားဆိုတာ၊လူမှာထားမိရင်၊အဲဒီထားသူမှာလဲပထမဆုံးအကျိုး ယုတ်နေစေပါတယ်၊သူကိုသတ်ဖို့ကြံစီလိုက်စဉ်ကထဲက၊မိမိရဲ့ကောင်းမွန်မြင့်မြတ်တဲ့၊စိတ်နေစိတ်ထားကိုဖျက်ဆီးပြီးသားဖြစ်သွားပါပြီ၊လူတယောက်ကိုသေသည်အထိသတ်ရပြီဆိုကထဲက၊အလွန်ဝင်လေးတဲ့လုပ်ရပ်ကိုလုပ်လိုက်ရတာဖြစ်တဲ့အတွက်၊စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရမှာပါ၊သတ်ပြီးတော့လဲ၊ကျန်ရှိနေတဲ့အချိန်တွေမှာ၊စိတ်ချမ်းသာမှုမရှိတော့ပဲ၊အချိန်ရှိသရွေ့၊ပူပန်မှုနဲ့ရင်ဆိုင်နေရတော့တာပါပဲ၊ဘယ်တော့၊ဒီလူသတ်မှုပေါ်သွားမလဲဆိုသလို၊လူမြင်တိုင်းကြောက်လန့်စိုးရိမ်နေရမှာဖြစ်ပါတယ်။ မကောင်းမှုဟူသည်၊ဆိတ်ကွယ်ရာမရှိဆိုသလို၊ဘယ်သူမှမသိသော်လဲ၊ကိုယ်ကိုယ်တိုင်ကတော့၊ကိုယ်လုပ်ထားတဲ့လုပ်ရပ်ကို၊သိရှိနေရမှာပဲဖြစ်ပါတယ်၊အဲဒီလိုမကောင်းမှုကိုပြုလုပ်လိုက်တဲ့၊လုပ်ရပ်အမှားအတွက်၊နောင်တရနေရပါတယ်ဆိုရင်တောင်မှပဲ၊မကောင်းတဲ့စိတ်ဓါတ်ကိုရင်ဝယ်ပိုက်ထားရတဲ့အတွက်ပျော်မွေ့နိုင်ဖွယ်ရာအကြောင်းမရှိနိုင်တော့ပါ၊အချိန်နဲ့အမျှပူလောင်နေရတဲ့စိတ်ဓာတ်ကြောင့်၊အေငြိမ်းမှုစိတ်အခြေအနေကိုမခံစားနိုင်တော့ပဲစိတ်ထောင်းတော့ကိုယ်ကျေဆိုသလိုမျိုးဖြစ်ပေါ်နေရမှာပါ၊အဲဒီလိုစိုရိမ်နေရတဲ့ စိတ်ဓာတ်အခြေအနေရဲ့နှိပ်စက်မှုကြောင့်၊ကိုယ်တွင်းအင်္ဂါတွေမှာလဲမကောင်းတဲ့အင်ဇိုင်းတွေ၊အထွက်များပြီး၊ရောဂါဘယတွေဖြစ်ပေါ်နေရမှာဖြစ်ပါတယ်၊အစာအိမ်ရောဂါ၊သွေးတိုးရောဂါ၊နှစ်လုံးရောဂါ၊စတာတွေဖြစ်ပြီး၊သက်ဆိုးမရှည်နိုင်ဘဲ၊သက်တမ်းမပြည့်မှီသေဆုံးရတဲ့အဖြစ်မျိုးနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ထိုသို့လူသတ်မိတဲ့သူဟာ၊ဒေါသဦးစီးနေတဲ့အတွက်၊ကိုယ်ကသူကိုပျက်စီးအောင်အားထုတ်ရတဲ့အတွက်၊စိတ်ပင်ပန်း၊ကိုယ်ပင်ပန်မှုကို၊တပါးသူမထိခိုက်မီထဲက ပထမကိုယ့်မှာခံစားနေရတာပါ၊မေတ္တာစိတ်နဲ့ဆက်ဆံတတ်မှသာအပြစ်မရှိတဲ့စိတ်ဖြစ်တယ်၊အကျိုးကြီးတဲ့စိတ်ဖြစ်တယ်၊ကောင်းမြတ်တဲ့စိတ်ဖြစ်တယ်၊ဒါတောင်မှ မှန်ကန်တဲ့မေတ္တာစိတ်မဟုတ်ရင်၊စစ်မှန်တဲ့ဧငြိမ်းမှုကိုမရရှိနိုင်ပါဘူး၊မှန်ကန်တဲ့ချစ်ခင်မှုမဟုတ်နိုင်ဘူး၊ကောင်းမြတ်တဲ့ချစ်ခင်မှုလဲမဟုတ်တော့ဘူး၊အပြစ်ကင်းတဲ့ချစ်ခင်မှုမျိုးလဲမဟုတ်တော့ဘူး၊ဘေးအန္တရာယ်ကင်းတဲ့ချစ်ခင်မှုမျိုးလဲမဟုတ်ဖူး၊ဆင်းရဲဒုက္ခရောက်စေတတ်တဲ့ချစ်ခင်မှုမျိုးသာဖြစ်တယ်။ အဲဒီလိုတပါးသူအပေါ်မှာ၊မနှစ်သက်တဲစိတ်၊မကျေနပ်တဲ့စိတ်၊မုန်းတီးတဲ့စိတ်၊စိတ်ဆိုးတဲ့စိတ်၊တွေဟာ၊အေးချမ်းတဲ့စိတ်တွေမဟုတ်ကြဘူး၊တည်ငြိမ်တဲ့စိတ်တွေမဟုတ်ကြဘူး၊ညစ်နွမ်းတဲ့စိတ်တွေဖြစ်တယ်၊ပူလောင်တဲ့စိတ်တွေဖြစ်တယ်၊ခက်ထန်တဲ့စိတ်တွေဖြစ်တယ်၊လှုပ်ရှားတဲ့စိတ်တွေဖြစ်တယ်၊ပင်ပန်းတဲ့စိတ်တွေဖြစ်တယ်၊အဲဒီလိုစိတ်ကိုပဲဒေါသစိတ်လို့ခေါ်တာဖြစ်တယ်၊အဲဒီလိုဒေါသစိတ်ဖြစ်လာရင်၊လူတယောက်ကိုသတ်ရမှာ၊ညှင်းပန်းနှိပ်စက်ရမှာကိုလုပ်ဖြစ်သွားတတ်ကြတယ်၊အဲဒါကြောင့်လူတယောက်ဖြစ်လာရင်၊တပါးသူအကျိုးကိုထိခိုက်နစ်နာအောင်၊မလုပ်သင့်ပါဘူး၊မေတ္တာစိတ်ထားပြီးသာဧငြိမ်းမှုကိုရယူသင့်ပါတယ်၊ကိုယ်မှာဒေါသတရားမဖြစ်ပေါ်လာအောင်၊မှန်ကန်တဲ့အသိဉာဏ်ကိုဆုပ်ကိုင်ထားတဲ့ သတိနဲ့ကိုယ်ရဲ့ဒေါသစိတ်ကိုချုပ်ထားတတ်ရပါမယ်၊ဘာလို့လဲဆိုရင်၊ဒေါသစိတ်ရဲ့အပြစ်တွေဟာ၊မရေမတွက်နိုင်အောင်နောက်ဆက်တွဲအကျိုးတွေကိုဖြစ်ပေါ်လာနိုင်လို့ပါပဲ၊ဒေါသစိတ်ကြောင့် နောက်ဆက်တွဲ ခံစားရမဲ့အပြစ်တွေဟာ၊အဆက်မပြတ်တော့ဘူး။ အဲဒါကြောင့်ကိုယ်ဟာအကျိုးစီးပွားဖြစ်ပွားမှုကိုလိုလားတယ်ဆိုရင်၊အကျိုးစီးပွားကိုထုတ်ဖော်ခြင်တယ်ဆိုရင်၊အမှားကိုမပြုလုပ်ချင်ဘူးဆိုရင်၊အပြစ်ဒါဏ်တွေမရရှိချင်းဘူးဆိုရင်၊ဘေး အန္တရာယ်နဲ့ရင်မဆိုင်မိချင်ဘူးဆိုရင်၊အပြစ်ဒါန်မရရှိချင်ဘူးဆိုရင်၊မခံစားရချင်ဘူးဆိုရင်၊ကိုယ်သက်သာမှု၊ကိုယ့်သာယာမှုကိုသာရရှိခံစားရချင်တယ်ဆိုရင်၊ကိုယ်မှာ၊ဒေါသစိတ်မဖြစ်ပေါ် ရအောင်၊ကိုယ်ဟာကိုမှန်ကန်တဲ့အသိဉာဏ်ကိုဆုပ်ကိုင်ပြီး၊ကိုယ်ရဲ့မကောင်းတဲ့ဆန္ဒကိုသတိနဲ့စောင့်ထိမ်းနေရမယ်၊မှန်ကန်တဲ့အသိဉာဏ်ဆိုတာ၊ဒေါသစိတ်ဟာ၊ကောင်းမြတ်တဲ့စိတ်မဟုတ်ဘူးဆိုတာသိရမယ်၊ဒေါသစိတ်ကြောင့်ခံစားရမယ့်အပြစ်တွေကို၊မခံစားခြင်တဲ့အတွက်၊ဒေါသစိတ်ကို၊ဖြေဖျောက်လိုက်ခြင်တယ်ဆိုရင်၊ကိုယ်ဒေါသဖြစ်တဲ့အာရုံကိုဒီအာရုံဟာ၊ငါ့ကိုဒုက္ခပေးမဲ့အာရုံပါလား၊သူကငါ့ကိုဒေါသဖြစ်စေချင်တိုင်း၊ငါကဖြစ်ရမှာလား၊ဒေါသစိတ်ဖြစ်ရင်၊အပြစ်ခံစားရလိမ့်မယ်ဆိုပြီး၊ကိုယ့်ဒေါသဖြစ်တဲ့အာရုံကိုလျစ်လျူရှုလိုက်ရမယ်၊အဲဒီနောက်၊အဲဒီလူပေါ်မှာ၊မေတ္တာစိတ်ကိုမွေးယူထားရှိပြီး၊မေတ္တာစိတ် သတ္တိ မှ၊မေတ္တာစိတ်အင်အားအဆင့်၊မေတ္တာတန်ခိုးအဆင့်အထိတိုးပွားအောင်ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။ မေတ္တာစိတ်ထားတတ်လာရင်၊ကိုယ့်ကိုသူကနစ်နာမှုကိုဖြစ်စေ၊အထင်လွှဲမှုကိုဖြစ်စေ၊အမြင်မှားမှု၊တန်ဖိုးမထားမှု၊မထေမဲ့မြင်မှု၊လစ်လျူရှုမှု၊ရန်လိုမှုတွေပြုလုပ်၊ပြောဆိုလုပ်ကိုင်လာတဲ့အခါမှာတောင်၊ကိုယ်ကသူရဲ့ပြုမှု၊ပြောဆိုလုပ်ကိုင်မှုကြောင့်၊ပူလောင်တဲ့စိတ်မဖြစ်ပေါ်နိုင်ပါဘူး၊ဘာဖြစ်လိုလဲဆိုတော့၊သူ့အပေါ်မှာထားတဲ့၊ကိုယ့်ရဲ့မေတ္တာစိတ်ဟာထားရှိစမှာသာ၊သူနဲ့ပါတ်သက်ပြီး၊ကိုယ့်မှာအနည်းငယ်၊အခံရခက်မှုရရှိလာနိုင်ပါတယ်၊ဒါပေမဲ့ကိုယ်ရဲ့မေတ္တာစိတ်ဟာ ခိုင်မာလာတဲ့အခါမှာ၊ကိုယ်ဟာသူ့အပေါ်မှာ၊သီးခံချင်တဲ့စိတ်တွေ တည်ငြိမ်လာတယ်၊ခွင့်မလွှတ်တဲ့စိတ်တွေမရှိတော့ပဲ၊ကြည်လင်လာတယ်၊သူရဲ့အပြစ်တွေကိုလစ်လျူရှုခြင်တဲ့စိတ်တွေ၊အားကောင်းလာတယ်၊ခက်ထန်တဲ့စိတ်တွေမရှိတော့ဘဲ၊နူးညံ့လာတယ်၊ပြင်းထန်တဲ့စိတ်တွေမရှိတော့ပဲပျော့ပြောင်းလာတယ်၊အဲဒါကြောင့်မေတ္တာစိတ်ဆိုတာ၊သီလလိုစောင့်ထိမ်းနေရတဲ့အလုပ်မျိုးမဟုတ်ဘဲ၊ပွားများနေရတဲ့စိတ်ဖြစ်ပါတယ်။ အဲဒီလို မေတ္တာတရားပွားများလာနိုင်ရင်၊ဒေါသတရားတွေမဖြစ်ပေါ်တော့ပဲ(အဒေါသ)စေတသိပ်တွေဖြစ်ပြီး၊ဒေါသတရားကြောင့်ဖြစ်ပေါ်လာမဲ့၊အကျိုးဆက်တွေဖြစ်ပေါ်မလာတော့ဘဲ၊အေးငြိမ်းမှုဖြစ်ပေါ်လာနိုင်ပါတယ်၊လောကမှာလူဖြစ်တုံးလေးခနတာအချိန်မှာ၊ဒေါသတရားတွေထားပြီး၊လူသတ်မှု၊ခိုးမှု၊လိမ်မှုတွေကိုဖြစ်ပေါ်နေရရင်၊လူဖြစ်ရကျိုးမနပ်ပါဘူး၊လူဖြစ်ရကျိုးနပ်အောင်နေထိုင်တတ်ဖို့အတွက်၊လူဖြစ်တုံးခနအချိန်တိုအတွင်းမှာ၊လောဘ၊ဒေါသမောဟတရားတွေမထားဘဲ၊မေတ္တာတရားတွေပွားများပြီးနေထိုင်တတ်ဖို့အရေးကြီးပါတယ်၊အဲဒီလိုလူလူချင်းမေတ္တာတရားတွေပွားများလာနိုင်ရင်၊လောကအကျိုးကိုမဖျက်ဆီးမိဘဲ၊အေးငြိမ်းချမ်းသာတဲ့လောကကြီးကိုတည်ဆောက်လာနိုင်မှာပါ၊လူဖြစ်လာရင်၊လူထုအကျိုး၊နိုင်ငံအကျိုး၊တိုင်းပြည်အကျိုးတွေကို၊ထိခိုက်နစ်နာဆုံးရှုံးမှုတွေကိုမပြုလုပ်မိအောင်၊ထိမ်းသိမ်းနိုင်ကြရမှာဟာ၊လူတာဝန်ပဲဖြစ်ပါတယ်၊အဲဒီတာဝန်ကိုထမ်းဆောင်နိုင်လာပြီဆိုရင်၊လူလောကမှာ၊လူပီသအောင်နေထိုင်နိုင်တဲ့သူဖြစ်ပါပြီ။ လူဖြစ်လာရင် ကောင်းတဲ့သူ၊မှန်တဲ့သူ၊မြင့်မြတ်တဲ့သူ၊ဆိုပြီးလူသုံးမျိုးရှိရာမှာ၊မြင့်မြတ်တဲ့သူဖြစ်အောင်ကျိုးစားကြပါ၊မဟာတ္တမဂန္ဓီအဆိုအရလူသုံးမျိုးကတော့၊၁။သူရဲဘောကြောင်သူ၊၂။သတ္တိရှိသူ၊၃။မြင့်မြတ်သူဆိုပြီးရှိရာမှာသူရဲဘောကြောင်သူဟာ၊အသားနာမှာစိုးသဖြင့်မတရားမှုအမှားများကိုဝင်၍ခံ၏။သတ္တိရှိသူဟာ မတရားမှုအမှားများကိုအပြင်အထန်တိုက်ခိုက်၍၊တရားမှုအမှန်တို့ကို၊ပြန်လည်ထွန်းကားလာရန်ဆောင်ရွက်သည်။မြင့်မြတ်သူမှာ၊အင်အားသတ္တိရှိပါလျှက်နှင့်၊မတရားသူအားခွင့်လွှတ်၍၊မတရားမှုမှကယ်တင်ပြီး၊တရားသဖြင့်ပြုမူသည့်နည်းများ၌၊သဘောသက်ရောက်အောင်ဆွဲဆောင်ပေးသည်၊အဲဒီတော့နံပါတ်(၃)ဖြစ်သည့်မြင့်မြတ်သူဖြစ်အောင်ကျိုးစားသင့်ပါတယ်။ လူ့ဘဝဆိုတာ မွေးဖွားခြင်းကစတယ်လို့မယူဆသင့်ပါဘူး၊ဘဝဆိုတာ၊မိမိဘဝကို မိမိကိုယ်တိုင်ဖန်တီးသည့်နေ့မှစတင်တာပါ၊အဲဒီတော့လူ့ဘဝရောက်လာရင်၊မကောင်းတဲ့ဘဝကိုစွန့်လွှတ်ပြီးကောင်းတဲ့ဘဝကိုတည်ဆောက်ယူကြရမှာပါ၊လိမ္မာသူရဲ့ပါးစပ်ဟာ၊သူရဲ့နှလုံးသားထဲမှာရှိပါတယ်၊လူမိုက်ရဲ့နှလုံးသားကတော့သူ့ရဲ့ပါးစပ်ထဲမှာရှိပါတယ်၊အဲဒီတော့၊အတွေးအကြံက၊အပြောအဆိုကိုဖြစ်စေတယ်၊အပြောအဆိုက၊အလုက်အကိုင်ကိုဖြစ်စေတယ်၊ဒီတော့အတွေးအကြံအပြောအဆိုအလုပ်အကိုင်တွေကိုမွန်မြတ်သူဖြစ်အောင်ဆောင်ရွက်ကြရပါမယ်။ လောကမှာသေခြင်းဆိုတာထက်၊သေခြင်းထက်မြန်တဲ့မကောင်းမှုကိုသာရှောင်သင့်ပါတယ်၊အသတ်ခံရတဲ့သူဟာ၊မကောင်းမှုလုပ်သူလောက်ဆိုးဝါးတဲ့အပြစ်ဒါဏ်ကိုခံရတာမဟုတ်ပါဘူး၊မကောင်းမှုလုပ်သူဟာ၊အသက်မသေမခြင်းစိတ်မချမ်းသာမှု၊ညစ်နွမ်းမှုတွေကိုခံစားနေကြရမှာသေခြာပါတယ်။ Seld is  first every cause.(ကိုယ်ကျိုးသည် အရာရာတိုင်း၏ ရှေ့ဆုံး၌အမြဲရှိသည်)အဲဒီတော့ ကိုယ်ကျိုးအတွက် အများအကျိုးက ထိခိုက်နစ်နာအောင် မလုပ်သင့်ပါဘူး၊လူဟာအမှန်တရားကိုမြတ်နိုးတတ်ကြရမှာပါ၊အမှန်တရားသည်သာ သေခြင်းကို၎င်း၊ရှင်ခြင်းကို၎င်းအားရှိစေနိုင်ပါတယ်၊သေတဲ့သူဟာမမှားနိုင်သလို၊ရှင်တဲ့သူကလဲမမှန်နိုင်ပါဘူး၊လောဘ၊ဒေါသ၊မောဟဆိုတဲ့တရားဆိုးတွေကိုလက်ကိုင်ထားပြီး လူသတ်မှုတခုကိုကျူးလွန်လိုက်တဲ့သူဟာ၊အမှားကိုကျူးလွန်သူဖြစ်လို့ မမှန်ကန်နိုင်ပါဘူး၊အသတ်ခံရတဲ့သူဟာ၊နိုင်ငံအကျိုး၊တိုင်ပြည်အကျိုး၊ပြည်သူလူထုရဲ့အကျိုးကိုထမ်းဆောင်ရမဲ့တာဝန်ရှိသူမို့နစ်နာလှပါတယ်၊ထိုလူမျိုးကိုသတ်လိုက်သူဟာ၊နိုင်ငံကိုစော်ကားရာ၊ရမ်းကာရာအလုပ်ကိုလုပ်လိုက်တဲ့အတွက်၊ယုတ်မာလှတဲ့အပြစ်ကိုကျူးလွန်လိုက်တာပါပဲ၊ဒါပေမဲ့အဲဒီလို လုပ်လိုက်လို့ယုတ်မာရက်စက် အသက်ထွက်သွားရလဲ၊ သေဆုံးသူကတော့ဆက်လက်ပြီး လူသာသေသော်လည်း အမည်မသေဘဲ ရှင်သန်နေအုံးမှာဖြစ်ပါတယ်။ စာပေသစ္စာဖြင့်ဟင်္သာ(တောင်တွင်းကြီး)

Monday, November 23, 2020

ပြေးလမ်း

ပြေးလမ်း ရာဇဝတ်ဘေး ပြေးကာမလွတ်ဆိုပါလဲ လွတ်ချင်လွတ်မည် ကျွတ်ချင် ကျွတ်မည် ရာဇဝင်ဘေး ပြေးကာပြေးလည်း လွတ်လမ်းမမြင် ကျွတ်တမ်းမဝင် စာပေသစ္စာဖြင့် ဟင်္သာ(တောင်တွင်းကြီး)

စိတ်ထားပြောင်းကြဘို့လိုပြီ

၃၈ဖြာမင်္ဂလာထဲက လူမိုက်ကိုမပေါင်းဖော်ရ ၊ပညာရှိကိုဆည်းကပ်ရမည်ဆိုတဲ့ ပထမဆုံးအပိုဒ်ကိုပြောကြားသွားမှာပါ၊လူမိုက်ဆိုတာက၊မကောင်းမှု ဒုစရိုက်(၁၀)ပါးပဲ...